1) Five Love Languages by Gary Chapman 5/5
1) Five Love Languages by Gary Chapman 5/5
Genre- Self-Help
၂၀၂၁ နှစ်စပိုင်းမှာ ဖတ်ဖြစ်ခဲ့ တဲ့ Relationship နဲ့ပတ်သက်တဲ့ စာအုပ်လေးပါ။ ကိုယ်တိုင်က single ဖြစ်ပင်မဲ့ (ကြော်ညာဝင်တာ) Relationship မှာ မိမိရဲ့partner ရဲ့expectation ကိုပြည့်အောင်၊ မိမိ partner ရဲ့ dominant ဖြစ်တဲ့ love language ကိုနားလည်အောင်၊ နားလည်ပြီးနောက် ဘယ်လိုညှိယူကြမလဲဆိုတာလေးကိုreal life scenario လေးတွေ နဲ့ရှင်းပြထားတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ Gary Chapman ရဲ့ဖော် ပြချက်အရ Relationship (သို့မဟုတ်) Marriage မှာ စိတ်အလိုပြည့်ဖို့ လူတစ်ဦးနဲ့ တစ်ဦး မှာ relationship partner ဆီက မျှော်လင့်တဲ့ အရာ မတူနိုင်ပါဘူး။ ထိုအရာတွေကို love language အနေနဲ့ အမျိုးအစား (၅) ခုခွဲထားပါတယ်။
Words of affirmation (စကားလုံးလေးတွ နဲ့ အားပေးတက်ခြင်း)
Quality time (အတူတူ ပျော်စရာအချိန်လေးတွေဖြတ်သန်းခြင်း)
Physical touch (အထိအတွေ့)
Act of service (ဝန်ဆောင်မှုပေးခြင်း (သို့)ပြုစုခြင်း)
Receiving gifts (လက်ဆောင် ပေးခြင်း)
မိမိ partner ကမည် သည့် အမျိုးအစားထဲပါမလဲအရင် သိထားတဲ့ အခါ သူ့ရဲ့ love language ကိုမိမိဘက်က ပြည့်ဝအောင် မှန်မှန်ကန်ကန် တုံ့ပြန်နိုင်တဲ့အခါ Relationship က healthy and growing ဖြစ်လာမှာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ သူတိုင်း ဖတ်သင့်တဲ့ စာအုပ်ဖြစ်ပါတယ်။
2) The 4 Hour work week by Timothy Ferriss 4/5
Genre - Self-Help
မဆုဘဝကိုအေးအေးချမ်းချမ်းနဲ့အကျိုးရှိရှိဖြတ်သန်းစေအောင် နှိုးဆော်ပေးတဲ့ အရာထဲမှာ ပါဝင်တဲ့ စာအုပ်တစ်အုပ်လို့ပြောလို့ရပါတယ်။ ဒီစာအုပ်ထဲမှာ New rich နဲ့Location-independence ဆိုတဲ့ keywords လေးနှစ်လုံးကို စဉ်းစားရင်းနဲ့သဘောပေါက်နားလည်ပြီး မဆုဘဝကို မိမိ အဆင်ပြေတဲ့ အရပ်ဒေသမှာ အသစ်တဖန် ပြန်စဖို့နဲ့ ဝန်ထမ်းဘဝကိုအဆုံးသတ်ဖို့ဖြစ်လာတာပါပဲ။
3) Atomic Habits 5/5
Genre - Self-Help
ကျွန်မတို့လူတွေ ဆိုတာ အလေ့ အကျင့် လေးတွေကနေ တဖြည်းဖြည်း identity ဖြစ်လာတာဖြစ်တာကြောင့် မိမိ ဘယ်လိုလူဆိုတဲ့ သတ်မှတ်ချက်ဟာ နေ့စဉ်လုပ်ဆောင်နေတဲ့ အလေ့အထလေးတွေ ရဲ့ အပိုင်းကဏ္ဏက အများကြီးအရေးပါပါတယ်။ ဒီစာအုပ်မှာ အလေ့ အကျင့် ဆိုးလေးတွေကိုဘယ်လိုဖျောက်ဖျက်ပြီး အလေ့ အကျင့် ကောင်းလေးတွေ နဲ့ အစားထိုးဖို့ နဲ့ အလေ့ အကျင့် ကောင်းတွေကိုရည်ရှည်တည်မြဲ ဖို့ဘယ်လိုစတင်ရမလဲ ဆိုတာ ပြောပြထားပါတယ်။ ဒီစာအုပ် ဟာ မဆုရဲ့အဆိပ်အတောက်ဖြစ်စေတဲ့ အမူအကျင့်တွေနဲ့ အတွေးအခေါ်တွေ ကိုပြောင်းလဲ မှုတွေလုပ်ဖို့ကြိုးစားနေတဲ့ အချိန် ဖတ်ခဲ့တာ မို့အရမ်းအသုံးဝင်ခဲ့ပါတယ်။ အလေ့အကျင့်လေးတွေ ရဲ့ သဘောသဘာဝ ဖြစ်ပျက်မှုကို နားလည်သဘောပေါက်ရင် မိမိ ရဲ့ identity ကြီး တစ်ခုလုံးကိုတောင် ပြောင်းလဲပစ်လို့ရပါတယ်။
4) Secrets of the Millionaire mind by T.Harv Fker 4/5
Self-Help
ကျွန်မတို့ရဲ့ပိုက်ဆံနဲ့ပတ်သက်တဲ့ ရလဒ်ဟာ ဘဝတစ်လျှောက်လုံး တွေးအခေါ်မှု နဲ့ပြုမူနေထိုင်မှုတွေ ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ လူတစ်ဦးဟာ မည်မျှဝင်ငွေ ကောင်းနေပါစေ မိမိရဲ့ ငယ်စဉ်က ရှိလာတဲ့ ငွေနဲ့ပတ်သက်ပြီး မတိုးတက်စေတဲ့ စနစ် နဲ့ အယူအဆတစ်ခုကိုပဲ လက်ကိုင်ဆွဲထားသေးတယ်ဆိုရင် သူ ဟာ ဘယ်တော့ မှ စုမိဆောင်းမိမှာမဟုတ်သလို ရလိုက်သုံး လိုက်ကုန်လိုက်ဆိုတဲ့ သံသယာစက်ကွင်းမှာပဲတဝဲလည်လည်ဖြစ်နေမှာပါ။ ဒီစာအုပ်ထဲမှာ FFI (For future investment) လို့ခေါ်တဲ့တစ်ဘဝတာ ရင်းနှီးမြှုပ်နှံဖို့ အတွက် ငွေနိုင်ဖို့ မိမိရဲ့ခဏတာ လိုချင်မှုကိုဘယိလိုချင့်ချိန်မလဲဆိုတာပြောပြထားပါတယ်။ အထူးသဖြင့် မဆုလိုspender တွေ အတွက် အသုံးဝင် ပါတယ်။
5) Emotional Intelligence by Daniel Goldman 4/5
Self-Help
ဒီစာအုပ်ဟာ လူတွေ နဲ့ဆက်ဆံလုပ်ကိုင်ရတဲ့ လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေ နဲ့ဝန်ထမ်းတွေ အတွက် မရှိမဖြစ် နားလည်သဘောပေါက်ပြီး မိမိကိုယ်မိမိ အမြဲ သုံးသပ် ရမဲ့ soft skills တွေကိုလက်တွေ့ ကျတဲ့ ဥပမာတွေနဲ့ပြောပြထားတာဖြစ်ပါတယ်။ Daniel Goldman ရဲ့ ပြောကြားချက်အရ EI နဲ့ပတ်သက်ပြီး အချက် ၅ ချက်ရှိပါတယ်။ ထိုအရာတွေကတော့
Self-awareness
Self-regulation
Motivation
Social skills
Empathy တို့ပဲဖြစ်ပါတယ်။
ကျွန်မတို့လူသားတွေဟာ toxic ဖြစ်ပြီး အပျက်သဘောဆောင်တဲ့ ခံစားချက်စားချက်တွေ ရှိတက်ကြတာသဘာဝဖြစ်ပါတယ်။ သို့ပင်မဲ့ ခံစားချက်တိုင်း ရဲ့အလိုကိုလိုက်ပြီး ပြသနာတွေကိုပြန်လည်တုန့်ပြန် ဖို့အဆင်မပြေပါဘူး။ အဲ့ဒါကြောင့် ဒီ လို negative emotions တွေ ကိုself-regulate လုပ်နိုင် ခြင်းကလဲ EI ရဲ့ကျွမ်းကျင်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် မိမိဟာ ခေါင်းဆောင်တစ်ယောက်ဆိုရင် မိမိဝန်ထမ်းတွေကိုနားလည်မှုပေးတက်ပြီး စာနာတက်ခြင်းဟာလဲ အရေးကြီးတဲ့ human skill တစ်ခုဖြစ်ပါတယ်။ မိမိ အလုပ်ဟာ တဖြည်းဖြည်း မြင့်မားလာလေလေ technical skills ထက် human skills နဲ့Emotional Intelligence skills တွေဟာ ပိုမိုအရေးကြီးလာပါတယ်။ ဒါမှသာ inclusive ဖြစ်ပြီး supportive ဖြစ်တဲ့ work culture တစ်ခု ကိုခေါင်းဆောင်တစ်ယောက်အနေနဲ့တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
6) Limitless by Jim Kwik 4/5
Self-Help
မိမိ ကို ပိုမိုကြီးထွားသန် မာဖို့အတွက် ပိတ်စို့နေတဲ့ ကန့်သတ်ချက်တွေ ကိုဘယ်လိုတွန်းထုတ်မလဲ။ Bradley Cooper ရဲ့ Limitless ဇာတ်လမ်းထဲက လို ဆေးလုံးလေးသောက်ပြီး မိမိရဲ့အတွင်းမှာ ကိန်းအောင်းနေတဲ့ စွမ်းအင်တွေ ထွက်လာအောင် လုပ်ပြီးနေ့စဉ်ဘဝကိုဘယ်လိုဖြတ်သန်းမလဲ။ မှတ်မိသလောက်ကတော့ မိမိရဲ့လက်ရှိရှိနေတဲ့ အခြေအနေ ကနေ တဖြည်းဖြည်း ကန့်သတ်ချက်နည်းလာအောင်လုပ်ဖို့ကတော့ စာဖတ်ခြင်းအလေ့အကျင့်၊ Speed reading skills၊ ကောင်းသော အလေ့အကျင့်တွေ၊ Learning how to learn (လေ့လာတက်အောင် လေ့လာမှု)၊ အစရှိတဲ့အချက်တွေဖြစ်ပါတယ်။ ဒီထဲမှာ ပါတဲ့ tips လေးတွေ ကြောင့် မဆု ရဲ့စာဖတ်နှုန်း ကိုသိသိသာသာ မြှင့်တင်နိုင်ခဲ့တယ်။
7) How to win Friends and Influence People by Dale Carnegie 3.5/5
Self-Help
ဒါကတော့ ၁၀ စုနှစ်ပေါင်းများစွာထဲက အခုအချိန်ထိ ကမ္ဘာကျော်စာအုပ်တစ်အုပ်ဖြစ်တယ်။ ဘဝမှာ အောင်မြင်ချင်ရင် လူတွေနဲ့ ဘယ်လို ပေါင်းသင်းဆက်ဆံရမလဲ၊ မိမိအတ္တကိုရှေ့တန်းတင်ပြီး လူတက်ကြီးလုပ်ရဖို့ထက် ထက် တန်ဖိုးရှိတဲ့လူတွေနဲ့ Relationship တည်မြဲဖို့နဲ့ တဖက်သားရဲ့ စိတ်လုံခြုံမှုပေးနိုင်ဖို့က ပိုမို အရေးကြီးတယ်။ လူတစ်ဖက်သားကိုမိမိ အစီအစဉ်အတိုင်း လိုက်လာအောင် လွှမ်းမိုးနိုင်ဖို့က ထိုလူကိုသြဇာအာဏာပေးတာထက် ထိုလူကိုမိမိဖြစ်စေချင်တဲ့ ဂုဏ်ပုဒ် တစ်ခု အတိုင်းယုံကြည်မှုပေးပြီးဆက်ဆံသွားခြင်းက ရေရှည်အတွက် တည်မြဲတဲ့ ဆက်ဆံရေးတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ (ဥပမာ အလုပ်ခွင်မှာ ပျင်းရိတဲ့ ဝန်ထမ်းကို သူ့ကို ပျင်းရိသူလို့ အမည်မတက်ပဲ အလုပ်ကြိုးစားတဲ့ ဝန်ထမ်းဆိုပြီး စစ်မှန်စွာ ယုံကြည်ပေးခြင်း၊ ဆက်ဆံ ပေးခြင်း၊ တန်ဖိုး ထားပေးခြင်း ကြောင့် ဒီဝန်ထမ်းဟာ သူ့အသိစိတ်နဲ့သူ ဒီ ဂုဏ်ပုဒ်ကို ထိမ်းသိမ်းတဲ့အနေနဲ့ ပျင်းရိမှုနဲလာမှာဖြစ်ပါတယ်။)
ဒီစာအုပ်က အထူးသဖြင့် Sales and Marketing နှင့် မန် နေဂျာတွေအတွက် အထူး ဖတ်ရှုသင့်တဲ့စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ မြန်မာဘာသာပြန်စာအုပ်တွေလဲရှိပါတယ်။
8) Mindset by Carol Dweck 4.5/5
Self-Help
ဒီစာအုပ်ကတော့ fixed-mindset နဲ့ Growth-mindset ရှိနေတဲ့ ကလေးတွေရဲ့ အတွေးအခေါ်ကွာခြားပုံကိုလက်တွေ့ဥပမာတွေနဲ့ ရှင်းပြထားပါတယ်။ မိဘတွေနဲ့ဆရာဆရာမတွေအနေနဲ့လဲ ကလေးတွေကိုပြုစုပျိုးထောင်တဲ့အခါမှာ ကလေးတွေကိုအပေါ်ယံ တံဆိပ်တွေထက် စိတ်နေစိတ်ထားနဲ့ အတွေးအခေါ်ကို ဦးစားပေးသင့်ပါတယ်။ ဒါ့အပြင် ကလေးတွေမိတက်တဲ့ ထောင်ခြောက်တစ်ခုက မိဘတွေက ကလေးရဲ့ ကြိုးစားအားထုတ်မှု (effort) ထက် ကလေးရဲ့မွေးရာပါ Talent တွေကိုအသိအမှတ်ပြုတက်ကြပါတယ်။ ဥပမာ ကလေးက ဉာဏ်ကောင်းလိုက်တာ၊ စာကျက်စရာမလိုပဲ ခဏလေးစာရတယ် အစရှိသည်ဖြင့်ပေါ့။ ကလေးကိုဒီလိုယုံကြည်စေခြင်းဟာ ကလေး အတွက် Challenge တွေကိုလက်ခံဖို့ထက် မိမိ comfort zone ထဲမှာပဲ နေသွားစေပါတယ်။ လူကြီးတွေ အမြင်မှာ ကလေးက ပြီးပြည့်စုံပြီး အမှားမရှိတဲ့ သူလို့မြင်စေချင်အသိအမှတ်ပြုစေချင်တာကြောင့်ပေါ့။ အဲ့ဒါကြောင့် ကလေးတွေကိုChallenge များများယူအောင်၊ အမှားလုပ်မိလဲအပြစ်ပြောတာထက် သင်ခန်းစာယူတက်အောင် နောက်တခါထပ်မံကြိုးစားချင်အောင် သွန်သင်သင့်ပါတယ်။ ဒီစာအုပ်ဟာ မိဘ၊ ဆရာသမားတွေနဲ့ခေါင်းဆောင်တွေအတွက် ဖတ်သင့်တဲ့စာအုပ်ပါ။
9) Essentialism by Greg Mckeown 5/5
Self-Help
မဆုကလောရောက်ပြီး ဘဝကိုတက်နိုင်သမျှရိုးရိုးရှင်းရှင်း၊ အေးအေးချမ်းချမ်းနဲ့ အဓိပ္ဗါတ်ရှိရှိ နေဖို့ကြိုးစားနေတဲ့အချိန် ဖတ်ဖြစ်တဲ့စာအုပ်ပါ။ ဒီစာအုပ်ဟာ language ပိုင်းအရ အရမ်း simple ဖြစ်တာကြောင့် အဖတ်သွားစေတဲ့စာအုပ်ပါ။ (intermediate လောက်ဆိုဖတ်လို့ရနေပါပြီ။)
ဘဝမှာ essentialist တစ်ယောက်အဖြစ်နေဖို့အတွက် ပြုလုပ်ရမဲ့အရာတွေ ထက် non-essential တွေကိုအရင်ဖယ်ထုတ်ဖို့။ non-essentials (မလိုအပ်သောအရာ) တွေ မှာ ဆိုရင် Activities တွေ၊ အရာဝထ္ထုတွေ၊ လူတွေ ပါဝင်ပါတယ်။ ဒီလိုဖယ်ရှားနိုင်ဖို့အတွက်က လဲ ရဲရဲဆုံးဖြတ်နိုင်ဖို့၊ အားမနာတက်ဖို့၊ ပြတ်ပြတ်သားသား ငြင်းတက် ဖို့ အရေးကြီးပါတယ်။ လူတကာရဲ့အလိုကိုပြည့်အောင်ကြိုးစားချင်စိတ် ဟာ ရေရှည်မှာ မိမိရော မိမိပတ်ဝန်းကျင်ကိုပါ အနှစ်သာရနည်းပါးတဲ့ရလဒ် တွေ ဆောင်ကျဉ်းပါတယ်။ ဘဝမှာ အချိန် နဲ့ မိမိ attention ဟာ ပေါပေါလောလောမရတာကြောင့် မိမိလုပ်ဆောင်တဲ့အရာတိုင်းကိုသေချာရွေးချယ် တက်ဖို့ နဲ့ ရွေးချယ်ပြီးတဲ့အခါ ပီပီပြင်ပြင် တစိုက်မက်မက် လုပ်နိုင်မှ မိမိလိုချင်တဲ့ပန်းတိုင် ရောက်မှာဖြစ်ပါတယ်။
10) Made to Stick by Chip Health and Dan Health 4/5
Self-Help
ဒီစာအုပ်လေးကတော့ စာသင်တဲ့သူတွေ၊ စာရေးဆရာတွေ၊ social influencers တွေ နဲ့ organization တွေလုပ်နေတဲ့ ဝန်ထမ်းတွေ အတွက် အပြောင်းအလဲလုပ်လိုတဲ့ခေါင်းဆောင်တွေ ဖတ်သင့်တဲ့စာအုပ်ပါ။ ဒီစာအုပ်လေးက မိမိပေးချင်တဲ့ Message (သို့) Idea လေးတွေကို လူတွေ နှစ်ပေါင်းများစွာထိ စိတ်ထဲစွဲသွားစေအောင် ဘယ်လိုပုံစံ နဲ့ deliever လုပ်ရမလဲဆိုတာ လက်တွေ့ ဥပမာတွေနဲ့ဖော်ပြထားပါတယ်။ ဒီလိုစွဲသွားအောင် လူတွေကိုdeliever လုပ်သင့်တဲ့ ပုံစံကတော့ အတိုကောက် SUCCES လို့ခေါ်ပါတယ်။
S – Simplicity (ရိုးရှင်းမှု)
လူတွေကိုမက်စေ့ တစ်ခုပေးတော့မယ်ဆိုရင် ပေးချင်တဲ့မက်စေ့ ကိုတိုတိုတုတ်တုတ်နဲ့ ရှင်းရှင်းလင်းလင်း ရေးတက်ပြောဖို့လိုပါတယ်။
U – Unpredicted (မျှော်လင့်မထားသောအရာ)
လူတွေဟာ Knowledge Gap လို့ဆိုတဲ့ မိမိ မမျှော်လင့်ထားတဲ့အရာ (သို့မဟုတ်) မိမိကိုအံ့သြအောင်ပြုလုပ်စေတဲ့အရာတွ ကြောင့် ဦးနှောက်ကို stimulation ဖြစ်စေပါတယ်။ အဲ့ဒါကြောင့် မမျှော်လင့်ထားတဲ့အကြောင်းအရာ နဲ့ချိတ်ဆက်ပြီး ပြောမယ်ဆိုရင် လူတွေစိတ်ထဲစွဲမြဲစေမှာဖြစ်ပါတယ်။ မဆုပေးချင်တဲ့ဥပမာလေးကတော့ အခု Netflix မှာ ရေပန်းစားနေတဲ့ Squid Game ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် ဇာတ်အိမ် တစ်ခုလုံးကို တခါတည်းချမပြပဲ Knowledge Gap theory ကိုသုံး ပီး episode ၁ခု ချင်းစီမှာ နည်းနည်းချင်းစီနဲ့ လူတွေကိုပိုပို သိချင်လာအောင် ဆွဲဆောင်နိုင်ခဲ့တဲ့အတွက် အရမ်းလက်ရာမြောက်တဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။
C – Credibility (အထောက်အထားခိုင်လုံမှု)
အထောက်အထားခိုင်လုံဖို့အချက်အလက်တွေဒေတာတွေ ထည့်သွင်းပြောခြင်း ဟာလဲ မိမိမက်စေ့ အပေါ် လူတွေရဲ့ယုံကြည်မှုကိုရရှိမှာဖြစ်ပါတယ်။
C – Concreteness (လက်တွေ့ကျမှု)
Abstract ဖြစ်ပြီး ကျယ်ပြန့်တဲ့စကားလုံးတွေ သီအိုရီတွေ ပြောနေတာထက် လက်တွေ့ ကျတဲ့ အသုံးအနှုန်း နဲ့ အကောင်အထည်ရှိတဲ့ မက်စေ့မျိုးက လူတိုင်းအတွက် နားလည်စေမှာ ဖြစ်ပါတယ်။
E – Emotional (ခံစားချက်)
မိမိပေးချင်တဲ့ မက်စေ့ ကိုလူတွေ ပိုပြီးစဉ်းစားစေချင်၊ ပိုပြီး အလေးအနက်ထားစေချင်ရင် သူတို့ကိုစိတ်ခံစားမှု တစ်မျိုးမျိုး ရသွားအောင်လုပ်ပါ။ သူ့တို့ကိုအချက်အလက်တွေ ပြောတာထက် သူတို့သနားသွားအောင် ဇတ်လမ်းတစ်ပုဒ်ပြောတာမျိုး ကပိုပြီးလေးနက်စေပါတယ်။
Mother Thresa ပြောခဲ့တဲ့ စကားလေးကတော့ ‘If I look at the mass, I will never act. If I look at the one, I will.’ တဲ့ ပြောချင်တာက သူ မ ဟာ လူအစုလိုက်အပြုံလိုက် ကို ကြည့်ပြီး လုပ်ဆောင်မှုလုပ်မှာမဟုတ်ပဲ လူတစ်ဦးတစ်ယောက်ကိုကြည့်ပြီး လုပ်ဆောင်မှာဖြစ်ပါတယ်။ လူတစ်ဦးချင်းစီကြည့်မှ သူတို့ဘဝကို ခံစားနားလည်နိုင်မှာဖြစ်ပါတယ်။
S – Stories (ပုံပြင်များ)
လူတွေကိုinspire ဖြစ်စေတဲ့ အဖြစ်အပျက် တစ်ပုဒ်ကြောင့်လူတွေ ရဲ့အတွေးအခေါ်ကိုပြောင်းလည်းနိုင်သလို မိမိရဲ့ပေးချင်တဲ့မက်စေ့ကိုလဲမှတ်မိနေစေမှာဖြစ်ပါတယ်။
11) Untamed by Glennon Doyle 5/5
Self-Help
၂၀၂၁ မှာ နောက်ဆုံဖတ်ဖြစ်ခဲ့တဲ့စာအုပ်လေးပါ။ ဒီစာအုပ်လေးကတော့ စာရေးဆရာမ Glennon Doyle ရဲ့ဘဝမှတ်တမ်းလေးပေါ။့ပတ်ဝန်းကျင်ကကျွန်မတို့ကိုအမျိုးသမီးတစ်ယောက်အနေနဲ့သတ်မှတ်ချက်တွေ၊ ပုံစံခွက်တွေ ကြောင့် ဘဝမှာ ထောင်ချောက်တွေ ဖြစ်စေပါတယ်။ Tame ရဲ့ အဓိပ္ဗယ်က ယဉ်ပါးသည်၊ လေ့ကျင့်ထားတည်။ ဆိုလိုရင်းကတော့ အပေါ်ယံတွေ ပတ်ဝန်းကျင်ရဲ့ standard တွေ expectations တွေကြောင့် ရလာတဲ့ပုံစံခွက်တစ်ခုပေါ့။ ဒါရဲ့ ဆန့်ကျင်ဖက် Untamed ဆိုတာက wild ဖြစ်တာ၊ အရိုင်းဆန်တာ၊ အရှိကိုအရှိအတိုင်းနေတာ၊ အပေါ်ယံမျက်နှာဖုံးတွေ မရှိတာ၊ ပတ်ဝန်းကျင်ရဲ့ပုံစံခွက်ထဲမနေပဲ မိမိရဲ့ နှလုံးသားထဲကအသံကိုသိရှိအောင်လုပ်ပြီး အရှိအတိုင်းရဲရဲဝံ့ဝံ့ နေပစ်လိုက်တာ။ တေးသံရှင် Adele က ဒီစာအုပ်ဟာ သူမဘဝကိုတစ်စစ်ချိုးပြောင်းလဲစေခဲ့တယ်ဆိုပြီး Recommend ပေးထားပါတယ်။
12) The Guys of Yangon (ခက်ဇော်) 5/5
သမိုင်းအခြေခံဝထ္ထု
ဂန္ဓဝင်လူမိုက်ကြီး လမ်းမတော်ဖိုးတုတ် နဲ့ သူရဲ့ အဖွဲ့တွေရဲ့အကြောင်းကိုအခြေခံပြီးရေးဖွဲ့ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ စာရေးဆရာရဲ့ ဟာသဉာဏ် ရွှင်မှု၊ သဘာဝကျကျ သရုပ်ဖော်မှု၊ ဟာကွက်လုံး ဝမရှိပဲ ဇာတ်အိမ် ခိုင်လုံမှု နဲ့ ဇာတ်ကောင်တွေရဲ့ ပင်ကိုယ် စရိုက်တွေ ပေါ်လွင်မှု တို့ကြောင့် ဖတ်နေရင်း ရသမျိုးစုံခံစားရမှာဖြစ်ပါတယ်။ (ဒီစာအုပ်အထူကြီးကို စဖတ်ပြီး လက်က ချလို့မရတော့ လို့၃ ရက် အတွင်း အပျက်ဖြတ်လိုက်တယ်)
13) The Guys of Mandalay (ခက်ဇော်) 5/5
သမိုင်းအခြေခံဝထ္ထု
သူကလဲအပေါ်က ဝထ္ထုလိုပဲ ၃ရက်အတွင်းပြီးအောင်ဖတ်ခဲ့တဲ့စာအုပ်ပေါ့။ မန္တလေးက စိန်ဓါးမြောင် ခေါင်းဆောင်တဲ့ လူမိုက် အဖွဲ့အကြောင်းကိုကျစ်ကျစ်လစ်လစ်နဲ့ ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ မြန်မာနိုင်ငံမှာ ဒီလို ပါရမီရှိပြီး ဇာတ်လမ်းဇာတ်အိမ်အကြီးကြီးနဲ့ ဇာတ်ကောင်အများကြီးကို ပိုင်ပိုင်နိုင်နိုင်တည်ဆောက်နိုင် တဲ့စာရေးဆရာတစ်ယောက် ရှိနေတာ ကျွန်မတို့အတွက်အလွန် အဖိုးတန်လှတယ်။ ဒီလိုသဘာဝကျကျ ရသစုံစုံလင်လင်ပေးနိုင် ပြီး သမိုင်း နောက်ခံထားတဲ့ဝထ္ထုတွေ များများရေးနိုင်ပါစေလိုံဆုတောင်းပါတယ်
14) အိပ်မက်ကကြိုး (ပုညခင်) 2/5
သမိုင်းအခြေခံဝထ္ထု
ဒါကတော့ ၂၀၂၁ နှောင်းပိုင်းကမှ ထွက်ရှိထားတဲ့ဆရာမ ပုညခင်ရဲ့ နောက်ဆုံး ဝထ္ထုတစ်ပုဒ်ပါ။ ဒီဝထ္ထုကတော့ ရှေးဟောင်းအမွှေအနှစ် တွေနဲ့ပတ်သက်ပြီး စိတ်အားအလွန်ထက်သန်တဲ့ မိန်းကလေး တစ်ယောက်ရဲ့ဘဝအကြောင်းပါ။ မဆုရဲ့ အမြင်အရတော့ ဒီဝထ္ထုဟာ ရသပိုင်း နည်းနည်းပေါ့ပါတယ်။ တင်ထားတဲ့ဇာတ်ရှိန် နဲ့ ဇာတ်သိမ်းကbalance သိပ်မမျှဘူးလို့ခံစားရတယ်။ သို့ပင်မဲ့ ရှေးဟောင်း အမွှေအနှစ် တွေ စိတ်ဝင်စားတဲ့သူတွေအတွက်တော့ ဗဟုသုတရစရာတွေပါပါတယ်။
15) ကျွန်တော်နဲ့ပေါ့ပေါ့ ပါးပါး ဟာသများ 4/5
ဟာသ ဆောင်းပါးများ
(ပုံကရိုက်မထားလိုက်လို့British Ko Ko Maung page က ကူးလာတာ။ စာအုပ်က သူများပေးပလိုက်ပြီ။ photo credit)
ဒီစာအုပ်ကတော့ စာရေးဆရာ ရဲ့ ဘဝတစ်လျှောက် အလွဲပေါင်းသောင်းခြောက်ထောင်ကိုစုစည်းထားတာဖြစ်ပါတယ်။ အဲ့စာရေးဆရာ အခွီအနှောက်တော်တော် ပါရမီပါတယ်။ တစ်အုပ်လုံး ပါးစပ်မစိရဘူး။ ပျင်းနေလို့ပဲ ဖြစ်ဖြစ်၊ စိတ်ညစ်နေရင်ပဲဖြစ်ဖြစ် ဒီစာအုပ်သာဖတ်လိုက်။ အဲ့ထဲက အကြိုက်ဆုံးက သူငယ်ချင်းနှစ်ယောက် ပြည့်တန်ဆာ နဲ့ချိန်းထားတာ မိသွားတဲ့အခန်းပဲ။
16) မရှိမဖြစ်မိုး (ဂျူး) 5/5
အချစ်ဝထ္ထု
ဂျူးရဲ့ဝထ္ထု တော်တော်များများက ပြင်းထန်တဲ့ရသတွေ ပါတာများတယ်။ အဲ့ဒါကြောင့်လဲ ဖတ်ရတာဖီးရှိတာလေ။ ဒီဝထ္ထုထဲက မိန်ကလေးရဲ့ character က သွေးအေးအေးနဲ့business ဆန်တယ်။ ပြောရမယ်ဆိုရင် သာမာန်မိန်းကလေးတွေလိုမိန်းကလေးမဆန်ဘူးပေါ့။ အဲ့အမျိုးသမီးကိုမှ ရူးခါနေအောင်ချစ်မိသွားပြီး ခံစားချက်ကိုအလိုလိုက်တဲ့ ငနဲ တစ်ယောက်ရဲ့ ဝေဒနာတွေပေါ့။ ကိုယ်က drama ကြိုက်ပင်မဲ့ အားကြီး dramatic ဖြစ်ရင် ဖတ်ရင်းနဲ့ အမြင်ကပ်တယ်။ ကိုယ်နဲ့ relate သိပ်မဖြစ်လို့။ ဒီထဲက အမျိုးသားလဲအဲ့လိုပဲ။ တော်တော်ကို drama ဆန်တယ်။ drama ကြိုက်တဲ့သူတွေ အတွက် enjoy ဖြစ်စေမှာပါ။
17) ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါစေ (ဂျူး) 5/5
အချစ်ဝထ္ထု
Poland နိုင်ငံမှာရှိတဲ့ မြို့လေးတစ်မြို့က ကော်ဖီဆိုင်လေးတစ်ခုမှာ အမှတ်မထင် မြန်မာအမျိုးသားတစ်ဦးနဲ့ ဆုံဖြစ်ခဲ့ပြီး စကားစမည်ပြောရာကနေ ဘဝတစ်ခုလုံးကို လောင်းကြေးထပ်ရတဲ့ Challenge တစ်ခုကို စိန်ခေါ်ခဲ့မိတဲ့ မိန်းကလေးတစ်ယောက်၊ နောက်ပိုင်းဘာတွေဆက်ဖြစ်မလဲ။ ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းသလိုဇာတ်ကောင်လေးတွေကလည်း သဘာဝကျကျ မို့ ပေါ့ပေါ့ပါးပါးနဲ့အဆုံးထိဆွဲဆောင်သွားနိုင်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်။
18) မီ (ကြည်အေး) 5/5
အချစ်ဝထ္ထု
ဒီ စာအုပ်ကိုတော့ တထိုင်တည်း နာရီအနည်းငယ်အတွင်းအပြီးဖတ်လိုက်တယ်။ စာအုပ်လေးကပါးပါးသေးသေးလေးနဲ့ မလိုက်အောင် ဇာတ်လမ်းခိုင်မာမှုနဲ့ ဇာတ်ကောင်တွေရုပ်လုံးပေါ်လွင်မှုကြောင့် ဇာတ်လမ်းထဲ စီးမျောသွားခဲ့ရတယ်။ ဇာတ်လမ်း ရဲ့ setting က ယခုခတ်မဟုတ်ပဲရှေးခေတ် (ဘယ်ခေတ်လဲတော့ မမှတ်မိတော့ဘူး) ကို နောက်ခံထားတာမို့ထိုခေတ်က လူတွေရဲ့အပြောအဆိုအနေအထိုင်ကိုလဲ ခံစားခွင့်ရခဲ့တယ်။ သုသု နဲ့ ကိုနေကိုတိုး သရုပ်ဆောင်ထားတဲ့မီ ဇာတ်လမ်းတော့ မကြည့်ရသေးဘူး။
19) The Love Hypothesis by Ali Hazel Wood 4/5
အချစ်ဝထ္ထု
ဒါလေးကတော့ အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ ချစ်စရာဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဇာတ်လမ်းလေးကတော့ Standford University က Scientist မလေးနဲ့Researcher ဘဲကြီးရဲ့ အချစ်ဇာတ်လမ်းလေးပေါ့။ American ဇာတ်ကောင်နဲ့America မှာ အခြေတည်ပင်မဲ့ ဇာတ်လမ်းက အရမ်းကိုရီးယားဆန်ပြီး အရမ်း Romantic ဖြစ်တယ်။ မိန်းကလေးတွေကြိုက်ကြမှာပါ။
20) One Fifth Avenue by Candace Bushnell 5/5
ဒရမ်မာဝထ္ထု
အိုးခိုင်မော့…. Candace Bushnell လက်ကထွက်တဲ့စာအုပ်မှန်သမျှ မဆုအကြိုက်တွေကြီးပဲ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဖတ်ခဲ့တဲ့ Lipstick jungle စာအုပ်လဲ အရမ်းကြိုက်တယ်။ အခု One Fifth Avenue လဲ ကြိုက်တယ်။ သူ့ဝထ္ထုတွေအကုန်လုံးက New York city မှာ အခြေခံပြီး လူကုန်တန် အသိုင်းအဝိုင်းက လူတွေအကြောင်း၊ သူတို့ရဲ့ အတွေးအခေါ်တွေ၊ အတွေ့အကြုံတွေ၊လှည့်ကွက်တွေ၊ ဘဝအကြောင်းတွေကို အဓိက ဇာတ်ကောင်တွေအများကြီးနဲ့ ချိတ်ဆက်ပြီး ရှုပ်ထွေးနက်နဲတဲ့ ဇာတ်အိမ် နဲ့ သဘာဝအကျဆုံရေးဖွဲ့ထားတာ။ စာအုပ်တွေကလဲအထူကြီးတွေကြီးပင်မဲ့ နှစ်မျက်နှာလောက်စဖတ်ပြီးရင် လက်က ချလို့မရတော့ဘူး။ (မြန်မာနိုင်ငံမှာ သူ့စာအုပ်တွေ သိပ်မရှိဘူး။ ယူတို့ဆီမှာ Candace Bushnell စာအုပ်တွေ ရှိရင် မဆုကိုပေးဖတ်ကြပါလားဟင်)
21) The Guest List by Lucy Foely 4/5
လျှို့ဝှက်ဆန်းကြယ်
တစ်လျှောက်လုံးSelf-help နဲ့ chick-lit တွေ ကြီးဖတ်လာတာကြောင့် thriller လေးပြောင်းဖတ်အုံးမှ ဆိုပြီး ရှာကြည့်လိုက်တော့ ဒီစာအုပ်လေးက review တွေ ကောင်းတာကြောင့်ဖတ်ဖြစ်ခဲ့တယ်။ သူကကွာ လူသူကင်းမဲ့တဲ့ကျွန်းတစ်ကျွန်းက အိမ်ကြီးတစ်အိမ်မှာ မင်္ဂလာဆောင်ကျင်းပတာ။ တချို့Guests တွေကျတော့ အဲ့အိမ်မှာပဲတခါ တည်းတည်းပြီး bachelor night ကိုသောက်ကြတယ်ပေါ့။ ဒါပင်မဲ့ ထူးဆန်းတာတစ်ခုက အားလုံးမျှာ်လင့်ထားသလိုဒီ wedding တစ်ခုက ချောချောမောမော မဖြစ်ခဲ့ဘူး။ အဲ့အထဲက လူအချို့မှာ အကြံအစည်တွေ နဲ့ လျှို့ဝှက်ချက်တွေရှိနေခဲ့တယ်။