ကလေးမိဘတွေအတွက် Homeschool Activities များ
ကလေးမိဘတွေအတွက် Homeschool Activities များ
အခုခေတ်မှာ ကျောင်းဆိုတာ မသွားမကောင်းသွားမကောင်းဆိုတဲ့ အရာဖြစ်တာကြောင့် သင့်ကလေးတွေ အတွက် Homeschool လုပ်ဖို အသင့်တော်ဆုံးဖြစ်ပါတယ်။ ကလေးတွေက အရွယ်ငယ်တဲ့ အခါ မိဘရဲ့ support ပိုလိုအပ်မှာဖြစ်ပြီး အရွယ်ရောက်လေလေ independent ဖြစ်လာလေလေဖြစ်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခုတည်းက ကလေးတွေ ပိုပိုပြီး independent ဖြစ်အောင် လေ့ကျင့် ပေးဖို့ က မိဘတွေ အတွက်အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခုလို့ မှတ်ယူထားစေချင်ပါတယ်။ Homeschool လုပ်တော့မယ်ဆို အရေးအကြီးဆုံး က resource နဲ့သင်ကြားပေးမည့်သူ ရဲ့ အခန်း ကဏ္ဏဖြစ်ပါတယ်။ Resource တွေ ပြည့်စုံနေမှ လေ့ လာတဲ့ သူရော သင်ကြားတဲ့ သူအတွက်ပါ အဆင်ပြေမှာဖြစ်ပါတယ်။ သင်ကြားပေးတဲ့ သူကလဲစိတ်ရှည်မှု၊ ကလေးရဲ့ ပင်ကိုယ်စရိုက်၊ လေ့ လာနိုင်မှုစွမ်းအား နှင့် စိတ်ဝင်စားတဲ့ အရာတွေကိုသိရှိနားလည်မှု ၊ မှန်ကန်ပြီး ကလေးနဲ့အံဝင်ခွင်ကျဖြစ် တဲ့သင်ကြားနည်းတို့ကို ရွေးချယ်တက်ဖို့ လိုအပ် ပါတယ်။ မိဘ ကိုယ်တိုင်က သင်ကြားပေးမည်ဆိုလဲ မိမိကိုယ်တိုင် ကျွမ်းကျင်သူမဟုတ်ရင်တောင် internet မှာ Research ကောင်းကောင်းလုပ်နိုင် ပြီး ကလေးရဲ့ တိုးတက်မှုကို အစဉ် ဦးတည်တဲ့ growth-mindset ရှိနေဖို့က နံပါတ်၁ ဖြစ်ပါတယ်။
အောက်ပါ activities တွေက တော့ ၃ နှစ်မှ ၇ နှစ်အတွင်းကလေးတွေအတွက် မိဘတွေ အနေနဲ့ effort နည်းနည်းနဲ learning မှာ ထိထိရောက်ရောက် ထောက်ပံ့ပေးနိုင်မည့် activities တွေ ဖြစ်ပါတယ်။
ပုံပြင်ဖတ်ခြင်း
ကလေးတွေ အရွယ်နဲ့လိုက်ပြီး ကိုပုံပြင်ဖတ်ပြခြင်း၊ ပုံပြင်ကူဖတ်ခြင်း၊ ပုံပြင်ဖတ်ခိုင်းခြင်း အဆင့်ဆင့် ပြုလုပ်ပေးခြင်းအားဖြင့် ကလေးတွေ ရဲ့ စာဖတ်ဝါသနာကိုပျိုးထောင်ပေးပါ။အကျိုးကျေးဇူးကတေ့ာ ဝေါဟာရတွေကြွယ်ဝလာမယ်။ Lifelong-learners တွေ ဖြစ်လာမယ်။ တဖြည်းဖြည်း အမှီအခိုကင်းကင်နဲ့ သင်ယူတက်လာမယ်။ စူးစမ်းချင်စိတ်ကို stimulate လုပ်ပေး တာကြောင့် ဆက်စပ် စဉ်းစား တွေးခေါ် တက်လာမယ်။ အရွယ်ရောက်လာတဲ့ အခါ စာဖတ်ဖို့တိုက်တွန်းနေစရာမလိုပဲသူတို့အသိစိတ်နဲ့ဖတ်လာပါလိမ့်မယ်။ မိဘတွေအနေနဲ့ ကလေးကို ငယ်စဉ်ကတည်းက ပုံပြင်ဖတ်တဲ့ အလေ့ အကျင့် ပျိုးထောင်ခြင်းဟာ ကလေးတွေရဲ့ ဘဝရှေ့ ရေးအတွက် အများကြီး အထောက်အကူပြုလာပါလိမ့်မယ်။ အဲ့ဒါကြောင့် Homeschool လုပ်ဖို့ရည်ရွယ်ချက်ရှိရင် ပုံပြင်စာအုပ်တွေ ဝယ်စုပြီး အိမ်မှာ Mini library (သို့) Reading corner လေးထားပေးပါ။ Reading goals လေးတွေသတ်မှတ်ခြင်း နဲ့ ကလေးက စာရေးတက်တဲ့ အရွယ်ဆိုရင် Reading journal ထားရှိပေးခြင်းတို့ပြုလုပ်နိုင်ပါတယ်။
အရုပ်တွေနဲ့ကစားခြင်း
အရုပ်တွေ နဲ့ကစားတာ၊ Role-play လုပ်တာ ဟာ အလကားမဟုတ်ပါ။ ကလေးတွေဟာ သူတို့နေ့စဉ်မြင်တွေ့ နေရတဲ့ Reality ကို ကစားတဲ့အခါ ပြန်လည်ပုံ ဖော်တက်ကြပါတယ်။ ဥပမာ ဈေးရောင်းတဲ့ မိဘနဲ့နေတဲ့ ကလေးက ဈေးရောင်းတန်းစော့တယ်၊ ဆရာဝန် နဲ့နီးစပ်တဲ့ ကလေးက ဆေးကုတမ်းစော့မယ်၊ အလှအပ ကြိုက်တဲ့ မိခင်၊ အဒေါ်တွေနဲ့ နေရတဲ့ ကလေးဟာ အလှပြင်တမ်းစော့ မယ်။ အဲ့ဒီလိုစော့ခြင်းဟာ လူမှု ဆက်ဆံရေး၊ ဘာသာစကားလေ့ကျင့်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စိတ်ကူးဉာဏ်ကွန့်မြူးပြီး တီထွင်ဖန်တီးမှု တို့ အတွက် အခွင့်အလမ်း တစ်ခုပဲဖြစ်ပါတယ်။ မိမိကလေးနဲ့အတူ မိမိက ဦးဆောင်ပြီး စော့ပြတာ၊ ကလေးရဲ့ ဦးဆောင်မှု အနောက်က လိုက်ပြီး စော့ ပေးတာတို့ လုပ်ခြင်းဖြင့် ကလေးအတွက် အသိဉာဏ် နဲ့ social အတွက် ဖွင့် ဖြိုးမှုမှာ အထောက်အကူပြုပါတယ်။
Theme အလိုက် poster တွေ ကပ် ထားခြင်း
ဒီနည်းက တော့ International schools တွေတော်တော်များများမှာ လုပ်ကြပါတယ်။ အလုပ်တော့ နည်းနည်းရှုပ်မယ်။ ဒါပင်မဲ့ တန်ပါတယ်။ Immersion နည်းလမ်းလို့လဲခေါ်လို့ ရပါတယ်။ စာကြည့်ခန်း (သို့) အိပ်ခန်းတစ်ဝိုက်မှာ ကလေးမျက်နှာ နဲ့တစ်တန်းတည်းရှိတဲ့ အမြင့် နေရာလောက်မှာ Theme အလိုက် poster တွေ ကိုကပ်ပေးထားပါ။ (ဥပမာ Wild animals, Weather, Space, Chrismas, Emotions, etc). ဒီလို theme အလိုက် poster တွေကို (twinkl.com) မှာ ဒေါင်းနိုင်ပြီး print ထုတ်ထားနိုင်ပါတယ်။ ကလေးကို ထိုပိုစတာတွေ ကို ထောက်ပြပြီး သင်ပေးနိုင်သလို ကလေးက မေးတဲ့ အခါမှ ဖြေကြားလိုက်ရုံပါပဲ။ ဒီလိုနဲ့တစ်ပတ်ပြည့်သွားရင် ဒီ theme တစ်ခုလုံးကို ကလေးက ပုံနဲ့စာ နဲ့အလိုလို တွဲမိသွားပါတယ်။ ဒီ နည်းလမ်းနဲ့ ကလေးတွေရဲ့ ဦးနှောက်ထဲကို ဝေါဟာရတွေတစ်စုတစ်စည်းတည်း ထည့်ပေးနိုင်ပါတယ်။
Mobile application ကနေလေ့လာစေခြင်း
အိမ်မှာ ipad (or) tablet ရှိတဲ့ မိဘတွေအနေနဲ့ ကလေးအသက်အရွယ်နဲ့သင့်တော်မည့် applications တွေ Educational games တွေကို install လုပ်ထားပေးပါ။ ဥပမာ word puzzle တို့၊ သင်္ချာ နဲ့ ပတ်သက်တဲ့ ဂိမ်းတို့။ ထို့နောက် အချိန် သတ်မှတ်ချက်နဲ့ကလေးတွေကို ပေးစော့ ပါ။ (နောက်အားရင် မဆု ဂိမ်းအမည်လေးတွေ ထပ်ရှာပြီးတင်ပေးပါ့မယ်။)
TV ကြည့်ခြင်း
ကလေးတွေ ဟာ မိမိပတ်ဝန်ကျင်က မြင်မြင်သမျှ သာမက ဇာတ်လမ်းထဲကနေ ပါအကုန် အတုခိုးသင်ယူတာကြောင့်မို့လို့ကလေးတွေကို TV ကြည့်ခိုင်းတဲ့ အခါ age appropriate မဖြစ်တာမျိုးကို ရှောင်ပေးပါ။ ဇာတ်လမ်းကြည့်ခြင်း ဟာလဲ Language immersion လဲ ဖြစ်တာမို့ နိုင်ငံခြား ဘာသာစကားလေ့လာတဲ့ အခါ အားစိုက်ထုတ်မှု မပါပဲ လေ့လာပြီးသားဖြစ် တဲ့ နည်းလမ်းဖြစ်ပါတယ်။ ထို့ကြောင့် ကလေး အသက်အရွယ်ပေါ်မူတည်ပြီး Language ရိုးရိုးရှင်းရှင်းနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ကာတွန်းကားလေးတွေပေးကြည့်ပါ။ ဥပမာ Peppa pig, Gogo, Spongebob
စာရေးခြင်း
ကလေးတွေ ကို အမျိုးတွေဆီ၊ အင်တာနက်ပေါ်က သူငယ်ချင်းတွေဆီ၊ အစရှိသဖြင့် စာရေးပြီးပို့ ခိုင်းခြင်းအားဖြင့် လက်တွေ့ ကျကျ writing skills ကိုတိုးတက်စေပါတယ်။ ဒါ့ အပြင် Creative writing တိုးတက်ဖို့အတွက် မိမိစိတ်ကြိုက် ပုံပြင် တစ်ပုဒ်ရေးခိုင်းခြင်း၊ ရှိပြီးသားပုံပြင်ကို version အသစ်နဲ့ပြောင်းရေးခိုင်းခြင်း၊ ပုံပြင်ထဲ က ဇတ်ကောင်တွေနဲ့တွေနဲ့တွေ့ ဆုံတဲ့ အကြောင်းရေးခိုင်းခြင်း တို့လဲပြုလုပ်နိုင်ပါတယ်။ စာရေးပြီးတဲ့ အခါ အရေးအသားကို ပြန်လည် စစ်ဆေးပြီး အမှားပြင်ပေးနိုင်ပါတယ်။
Spelling Bee
Spelling bee က တော့ စာလုံးပါင်း ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ နေ့စဉ် စကားလုံး တွေ ကျက်မှတ်ခိုင်း ပြီး Spelling bee ပြိုင်ပွဲလေးလုပ်ပေးပါ။ ပြီးနောက် ဆုချီးမြှင့်ပေးပါ။ ဒါဟာ ကလေးတွေ အတွက် စာလုံးပေါင်းကျက်မှတ်တဲ့အခါ ဖိအားပေးစရာမလိုပဲ သူတို့ ကိုယ်တိုင် motivation အပြည့်နဲ့ ကျက်မှတ်နေဖို့ပါ။
အိမ် အလုပ် လုပ်ခြင်း
အိမ်အလုပ်မှာ အမှိုက်သွန်တာ၊ အကျီလှန်းတာ၊ မီးပူတိုက်တာ၊ ပန်းကန်ဆေးတာ အစရှိတဲ့ ကလေးနဲ့သင့်တော်တဲ့ အလုပ်တစ်ခုကိုနေ့စဉ်လုပ် စေခြင်းက ကလေးတွေကို တာဝန်ယူတက်ဖို့၊ အလုပ်ရဲ့တန်ဖိုးနားလည်ဖို့၊ အလုပ်ပြီးသွားတဲ့ အခါ ခံစားရတဲ့ အောင်မြင်ပြီးမြောက်သွားတဲ့ ခံစားမှု ကိုရရှိစေပါတယ်။ ကလေးက အမှားလုပ်မိတဲ့ အခါ၊ တခုခု လွဲချော်သွားတဲ့ အခါ စိတ်မရှည်တာ၊ ဒေါသထွက်တာ၊ အပြစ်တင်တာမျိုး မပြုလုပ်ပဲ နည်းမှန်လမ်းမှန်ကို စိတ်ရှည်ရှည်နဲ့ လမ်းညွှန်ပြပေးပါ။ တစ်ဆင့် ချင်း စီကို စောင့်ကြည့်ပြီး လုပ်တက်သွားသည်အထိ လမ်းညွှန်ပါ။ ကလေးကိုခိုင်းနေတာမျိုးထက်၊ ပညာတစ်ခုသင်ပေးနေတယ်ဆိုပြီးသဘောထားပေးပါ။ ကလေးဟာ အိမ်မှာ ဘာတာဝန်မှ မယူပဲ ဘော်ကျော့ နေ ပြီး အလိုလိုက်ခံနေရတဲ့ လူတစ်ဦး အနေထက် အိမ်မှာ တာဝန်တစ်ခုယူထားရပြီး တန်ဖိုးရှိတဲ့ လူသားတစ်ဦးအနေနဲ့မိမိကိုယ်ကို ယုံကြည်နေပါစေ။ တာဝန်က ကြီးသည် ငယ်သည် က အရေးမကြီးပါ။
ဟင်းချက်၊ ကိတ်မုန့်ဖုတ်
ဟင်းချက်ခြင်းနဲ့ ကိတ်မုန့်ဖုတ်ခြင်းဟာ လွယ်မလိုထင်ရပင်မဲ့ ကလေးတွေ အတွက် skills development တွေ အများကြီးကို တပြိုင်နက်လေ့ ကျင့်ပေးတဲ့ activities တွေ ဖြစ်ပါတယ်။ ကလေးတွေရဲ့ ရှိပြီးသား အသိကို လက်တွေ့ အသုံးချမှု၊ ပြသနာဖြေရှင်းခြင်း၊ ရေတွက်ခြင်း၊ တိုင်းတာခြင်း၊ အဆင့်ဆင့် အစဉ်လိုက် လုပ်ရခြင်း၊ ညွှန်ကြားချက် အတိုင်းလုပ်ဆောင် ခြင်း၊ အာရုံစူးစိုက်မှုကောင်းခြင်း အစရှိတဲ့ အသိဉာဏ်နှင့် ဆိုင်တဲ့ ဖွင့်ဖြိုးမှုတွေ အကုန် ပါဝင်ပါတယ်။ ဒါကြောင့် ကလေးအသက်အရွယ်ပေါ်လိုက်ပြီး မိဘအနေနဲ့ တစ်ဆင့် ခြင်းစီသင်ကြားပေးခြင်း၊ ဦးဆောင်ပြီးဟင်းချက် စေပြီး ဘေးက ကူပေးခြင်း တို့ပြုလုပ်ခြင်းဖြင့် ကလေးအတွက် အသိဉာဏ်ဖွင့် ဖြိုး မှု အတွက် အထောက်အပံ့သာမက ပျော်စရာကောင်းတဲ့ အလုပ်တစ်ခု ပါဖြစ်လာမှာ ပါ။
ပန်း ချီ နှင့် အိမ်တွင်းမှု
ကျွန်မတို့ငယ်ငယ်က ဆိုကျောင်းစာကလွဲပြီးဘယ်အရာကမှ အရေးပါတဲ့ ကဏ္ဏထဲအထည့်သွင်းမခံရတာများပါတယ်။ အဲ့အထဲမှာ ပန်းချီ၊ ကာယ၊ အိမ်တွင်းမှု၊ ဂီတ အားလုံးပါ့။ ဝမ်းနည်းစရာကြီးနော်... ဒါဟာ တကယ့် ကြီးမှားတဲ့ အမှားတစ်ခုပါနော်။ အခုတစ်ခါတည်း ဒီ အယူအဆကြီးကိုပြုပြင်လိုက်ကြစို့မေမေဖေဖေတို့ရေ…. ပန်းချီဆွဲခြင်း ဟာ ကလေးတွေအတွက် တီထွင်ဆန်းသစ်မှု၊ Motor skills ၊ visual learning နှင့် မိမိကိုယ်ကိုယ်ယုံကြည်မှုတိုးတက်စေပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးလေးတွေဆိုရင် စာရွက်ပေါ်မှာ ဟိုခြစ်ဒီခြစ်လုပ်ခြင်း ကနေ ခဲတံကို တဖြေးဖြေးထိန်းချုပ် နိုင်လာပါတယ်။ craft project လေးတွေကလဲကလေးတွေအတွက် တီထွင်နိုင်မှု၊ အာရုံစုစည်းမှု၊ goal-oriented (ပန်းတိုင်ဗဟိုပြုအလုပ်လုပ်ခြင်း) ဖြစ်စေမှု တို့ကို အထောက်အကူပြုပါတယ်။ မိမိကလေးတွေနဲ့ craft project လေးတွေအတူ လုပ်တာ၊ ပန်းချီဆွဲတာ တွေ ကြောင့် မိသားစုတွေပိုမိုရင်းနှီးနွေးထွေးမှုကိုလဲရရှိစေပါတယ်နော်။
တူရိယာ တီးခြင်း
ဂီတဟာ အသက်အရွယ်မရွေးလူသားအားလုံးရဲ့ စိတ်ကိုနုညံ့စေတယ်။ စိတ်ဖိစီးမှုလျော့ ကျစေတယ်။ ဂီတတူရိယာလေ့လာခြင်းဟာ မှတ်ဉာဏ်ကို အလိုလို train ပြီးသားဖြစ်တယ်။ IQ မြင့်မားစေတယ်။ အာရုံ စူးစိုက်မှုအားပိုကောင်းလာတယ်။ အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးတယ်။ လက်၊မျက်လုံး၊ ဦးနှောက် တခါတည်း အလုပ်လုပ်ရတာဆိုတော့ coordination ပါပိုကောင်းသွားတာပေါ့။ အိမ်မှာ homeschool လုပ်မယ်ဆို instrument လေးတွေအရင်ရွေးပြီး ဝယ်ထားပါနော်။ တပြိုင်တည်း ၂ ခုလောက် လေ့ လာလို့ လဲရပါတယ်။ Piano, guitar, ukulele, kalimba, violin, etc
ယောဂ
ယောဂ ဟာ ကလေးတွေအတွက် ခန္ဓာကိုယ် ရော စိတ် ပါ ကျမ်းမာသန်စွမ်းခြင်းကိုဖြစ်စေ ပါတယ်။ ခန္ဓာကိုယ်အတွက် သွေးလည်ပတ်မှုကောင်းလာခြင်း၊ ကြွက်သားတွေတောင့်တင်းမနေပဲ ပြေလျော့စေခြင်း၊ စိတ်ရှည်သည်းခံမှု အားကောင်းလာစေခြင်း၊ အာရုံစူးစိုက်မှု မြှင့်တင်ပေးခြင်း နဲ့စိတ်ဖိစီးမှုလျော့ချ ပေးခြင်းတို့ကို ရရှိစေပါတယ်။ အိမ်မှာ မိမိ ချစ်တဲ့ သားသားမီးမီးတွေနဲ့ယောဂ အတူစော့ကြပါ။ ကလေးတွေအတွက် ပညာလဲရ မိသားစု လေးလဲ ပိုပြီးနွေးထွေး စည်းလုံးမှု ရ။
အားကစား
အားကစားကတော့ team spirit, ခေါင်းဆောင်မှု နဲ့ social skills အတွက်အကျိုးကျေးဇူးတွေရရှိမှာပါ။ ကလေးတွေဟာ သဘာဝအားဖြင့် လှုပ်ရှားကစားနေရတာဖြစ်တာကြောင့် အားကစားတစ်ခုကို သတ်သတ်မှတ်မှတ် ပေးကစားခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာမှာ များစွာ အကျိုးသတ်ရောက်မှုရှိပါတယ်။ ဥပမာ တစ်စုံတစ်ခု (သို့) တစ်စုံတစ်ယောက်ကြောင့် စိတ်ဒါဏ်ရာ ရနေတဲ့ ကလေးတစ်ယောက်ကိုအသင်းအဖွဲ့ နဲ့ကစားရတဲ့ အားကစားတစ်ခုခုပေးကစားလိုက်ခြင်းက အလျင်မြန်ဆုံး၊ သဘာဝအကျဆုံး နဲ့အကျိုးသတ်ရောက်မှု အရှိဆုံး Healing တစ်ခုပါပဲ။
အွန် လိုင်းအတန်းများ တက်ခြင်း
အခုဆိုရင် ကလေးတွေ အတွက် educational platform တော်တော်များများမှာ Free online course တွေ လေ့လာနိုင်ပါပြီ။ အခုခေတ်က device တစ်ခု၊ အင်တာနက်ချိတ်ဆက်မှုနဲ့ ဘေးက research ကောင်းကောင်းလုပ်ပေးနိုင်ပြီး လမ်းညွှန်ပေးမဲ့ သူတစ်ဦးသာရှိနေရုံနဲ့ ပညာရေးဆို တာ အလကားနည်းပါး ရရှိနိုင်တာဖြစ်ပါတယ်။ ဥပမာ Kham academy လို ပလပ်ဖောင်းမျိုးမှာဆိုရင် သင်္ချာ နဲ့ပတ်သတ်တဲ့ လေ့ကျင့်ခန်းတွေ၊ အတန်းတွေအခမဲ့ တက်ရောက်နိုင်ပါတယ်။
(မဆုနောက်နေ့ကျရင် ကလေးတွေအတွက် အခမဲ့ လေ့လာလို့ရမည့် platform တွေကို သေချာ research လုပ်ပြီးစုစည်းပေးပါမယ်။) အခုစာဖတ်သူတွေအနေနဲ့လည်း ကလေးတွေအခမဲ့ တက်လို့ မဲ့ Online platform တွေရှိရင် တချက် Comment ပေးသွားကြပါအုံး။ အပြန် အလှန် Sharing ပေါ့။
မိဘများ အားလုံးမိမိ ရဲ့ တန်ဖိုးရှိလှတဲ့ ရင်သွေးရတနာတွေရဲ့ အချိန် ကို အိမ်မှာ အလဟသ မကုန်စေပဲ အကျိုးရှိစေမဲ့ အရာတွေကို လုပ်နိုင်ဖို့၊ ပညာရပ်တွေ လေ့ လာသင်ယူနိုင်ဖို့ အခွင့်အရေးတွေဖန်တီး ပေးပါလို့အကြံပြုရင်း….
မဆု