MBTI ကိုအခြေခံတဲ့ လူတွေရဲ့ ပင်ကိုယ်စရိုက် ၁၆ မျိုး အကြောင်း
MBTI ကိုအခြေခံတဲ့ လူတွေရဲ့ ပင်ကိုယ်စရိုက် ၁၆ မျိုး အကြောင်း
(ဒီအကြောင်းအရာက နဲနဲ dense ဖြစ်တာကြောင့် စာနည်းနည်းရှည်ပါမယ်နော်)
Myers-Briggs Type Indicator (MBTI) ဆိုတာ လူတွေ ရဲ့ ဓလေ့ စရိုက် (Personality types) တွေကိုခွဲခြားတဲ့အခါ အသုံးပြုတဲ့ စံနှုန်းတစ်ခုပါ။ Personality types တွေခွဲခြားတဲ့ရည်ရွယ်ချက်က လူအချင်းချင်းခွဲခြားဖို့မဟုတ်ပဲ မတူကွဲပြားတဲ့ ဓလေ့ စရိုက် နဲ့ mindset တွေကို အချင်းချင်းနားလည်သဘောပေါက်ပြီး၊ လက်ခံ တက်ဖို့ပါ။ အခုနောက်ပိုင်း Communication tool တစ်ခု အနေန ဲ့ အလုပ်ခွင်တွေ၊ Relationship တွေ၊ မိသားစုတွေ နဲ့ လူမှုရးနယ်ပယ်တွေမှာ ပါ MBTI ကို တွင်တွင်ကျယ်ကျယ် အသုံးချလာကြပါတယ်။ မဆု ဆိုရင် social context တွေမှာဆိုရင် လူတွေနဲ့နင် ဘာအမျိုးအစားလဲငါဘာအမျိုးအစားလဲ ဆိုတာ ဖလှယ်ရင်း ပိုမိုနက်နဲပြီး အဓိပ္ဗယ်ရှိတဲ့ conversation တွေရလာတယ်။ အရိုးရှင်းဆုံးပြောရရင်တော့ သူ့မှာ Function တွေ ကို ကိုယ်စားပြုတဲ့ Alphabet ၈လုံး ရှိတယ်။ ၁စုံ ကို ဆန့် ကျင်ဘက် Function၂မျိုး ပါတဲ့ အစုံ ၄ စုံပေါ့။ အဲ့ဒီထဲက မိမိက ဘယ် ၄ ခုလဲဆိုတာ သိအောင်လုပ်ရမယ်။ မိမိ နဲ့close relationship ရှိတဲ့ လူတွေ ရဲ့ type ကို ထို Function တွေထဲက ဘယ် function လဲ ဆိုတာ သိအောင် ခန့်မှန်းနိုင်ရမယ်။ အဲ့ဒါဆိုရင် လူကဲ ခတ်တဲ့ နေရာမှာ ဆရာကြီးဖြစ်ပြီပေါ့။
ထိုအတွဲ ၄တွဲ ဆိုတာ
I (introversion) vs E (Extroversion)
S (Sensing) vs N (Intuition)
F (Feeling) vs T (Thinking)
P (Perceiving) vs J (Judging)
သူတို့ရဲ့ အဓိပွယ် နဲ့ ဓလေ့ စရိုက်ကို အောက်မှာ အသေးစိပ် ဆက်ကြည့်ကြမယ်နော်။
Introversion (I) Vs Extroversion (E )
Introverts တွေဟာ သူတို့ရဲ့ အချိန် နဲ့ စွမ်းအင် အများစုကို တစ်ယောက်တည်း နေခြင်းအားဖြင့်ကုန်ဆုံးစေတယ်။ အခြားသူတွေနဲ့ နေတဲ့ အခါ အချိန် အကန့်အသတ်နဲ့ပဲပျော်ရွှင်တက်ပြီး ထို အကန့်အသတ်ကုန် ဆုံးသွားရင် တော့ energy တွေ drain ဖြစ်တယ်လို့ခံ စားရတက်ပါတယ်။ စိတ်ပင်ပန်းတယ်ပေါ့။ သူတို့ဟာ extroverts တွေ လို social အရမ်းမကျဘူး။ အေးအေးဆေးဆေးသမားတွေ။ စကားပြောတဲ့ အခါလည်း ဟိုရောက်ဒီရောက် သိပ်မဖြစ်သလို လက်ဟန် အမူအရာလဲ လိုသလောက်ပဲအဓိပ္ဗယ်ရှိရှိ အသုံးပြုပါတယ်။ ပတ်ဝန်းကျင်ကို အကဲ ခတ်တာ မျက်စိကစကားတာ လုပ်တာ အရမ်းရှားတယ်။ Extrovert တွေက တော့ အဲ့ အကွက်တွေကျွမ်းတယ်။ တခုခုဆို အရင်စဉ်းစားပြီးမှ ပြောတယ်။ သူတို့ပုံစံက သိပ်သိပ်သည်းသည်းနေတက်တယ်။ တစ်ကိုယ်တည်းသမား မှုန်ကုတ်ကုတ်တွေများတယ်။ အလုပ်ဆိုလဲအသင်းအဖွဲ့နဲ့ပူးပေါင်းလုပ်တာထက် တစ်ယောက်တည်းလုပ်ရတာက သူတို့အတွက် ပိုအဆင်ပြေတယ်။ အားလပ်ချိန်တွေကိုလည်း solitary activities တွေနဲ့ တစ်ယောက်တည်း ပဲကုန်ဆုံး ရတာကြိုက်ကြတယ်။ ဥပမာ စာဖတ်တာ၊ တစ်ယောက်တည်းရုပ်ရှင်ကြည့်တာ၊ အားကစားလုပ်တာ၊ အိမ်မှာပဲ ဟင်းချက်တာ၊ အေးဆေးအနာယူတာ စတာတွေလုပ်တယ်။ အပြင် ထွက်ပြီး လူတွေနဲ့ ဟီးဟီးဟားဟား လုပ်တာနည်းတယ်။ ဒါတွေ အားလုံးဟာ Generally ပဲခြုံငုံရေးထားတာဖြစ်လို့အမြဲတမ်းတစ်သမှတ်တည်းတော့ မတွက်စေချင်ဘူးနော်။ Introvert မှာ ပဲ ၈ မျိုး ထပ်ခွဲတာမို့ လို့Introvert အချင်းချင်းတောင်ကွာခြားချက်တွေ ရှိတယ်။ ယေဘုယျအားဖြင့်ကတော့ မိမိမှာ အထပ်ပါ traits တွေရှိတယ်ဆိုရင် မိမိကိုယ်ကိုယ် ( I )လို့သတ်မှတ်ပါ။ မဟုတ်ရင် တော့ Extrovert ဖြစ်နိုင်တာမို့ အောက်မှာ ဆက်ဖတ်ပေးအုံးလို့...
မိမိဟာ အထက်က Introvert မဟုတ်ဘူးဆိုရင် Extrovert လို့သတ်မှတ်လို့ရပါတယ်။ Introvert လိုလဲနေ တယ် တခါတလေ Extrovert လဲဟုတ်တယ် ဆိုတဲ့ လူတွေအတွက် မိမိက Introversion က ရာခိုင်နှုန်းများလား Extroversion က ရာခိုင်နှုန်းများလားမိမိဘာသာဆုံးဖြတ်ပါနော်။ လူတိုင်းက တော့ နှစ်မျိုးလုံးရောနေတာ ပါ။ ဘယ် energy က ပိုလွှမ်းမိုးလဲဆိုတာ ကနေ အဆုံးအဖြတ်ပေးသွားတာပါပဲ။ မိမိကိုယ်တိုင် မဆုံးဖြတ်တက်ရင် www.16personalities.com ဆိုတဲ့ website မှာ Free quiz ဖြေပြီးတော့ စစ်ကြည့်တာတော့ ပိုမို တိကျတဲ့ အဖြေရမှာပါရှင့်။
အဲ့ဒီတော့ Extroverts တွေ ဟာ တစ်ယောက်တည်းနေရတာထက် လူတွေ နဲ့ နေရတာပိုပျော်တယ်။ Social ကောင်းတယ်။ အပြင်ထွက်ရတာကြိုက်တယ်။ စကားပြောနေရတာကြိုက်တယ်။ လူအသိအမှတ်ပြုတာခံချင်ကြတယ်။ သူတို့ကို ကြည့်ရင် အမြဲ တက်ကြွနေတက်တယ်။ အလုပ်ကို လူတွေ နဲ့ စုပေါင်းပြီးလုပ်တဲ့ ပတ်ဝန်းကျင်မျိုးက သူတို့အတွက် အာဟာရတစ်မျိုးပဲ။ အားလပ်ချိန်တွေမှာလဲ လူတွေ နဲ့တွေ့ ဆုံတာ မျိုး နဲ့အချိန် ကုန်ရတာကြိုက်ကြတယ်။ ဒီ အချက်တွေက သင်ဆိုရင် သင့်ကိုယ်သင် E လို့အကြမ်းဖျင်းသတ်မှတ်လို့ရပါပြီ။
Intuition(N ) vs Sensing (S)
N သမားတွေ ဟာ စိတ်ကူးယဉ်ဆန်တယ်။ ပစ္စုပ္ဗန် ထက် အနာဂါတ်ကိုပိုမိုရှေးရှုတယ်။ အရိပ်ပြရင် အကောင်မြင်တက်တဲ့ လူစားမျိုးတွေဖြစ်တယ်။ တီထွင် ဆန်းသစ်တယ်။ လက်တွေ့ သိပ်မဆန်ဘူး။ အသေးစိပ်လေးတွေ သိပ်မမြင်နိုင်သလို အာရုံလဲ သိပ်မစိုက်ဘူး။ သူတို့ဟာ ကိစ္စတွေ ရဲ့ မြင်ကွင်းကျယ် ကိုခြုံငုံပြီးမြင်နိုင်ကြတယ်။ ပုန်းကွယ်နေတဲ့ Pattern တွေကို အလိုလို သိနေတက်တယ်။ လူတွေနဲ့တွေ့ရင် သမန် ကာရှန် ကာနေ့စဉ်အကြောင်းအရာတွေထက် philosophy တွေ ခေါင်းစဉ်အကြီးကြီးတွေ၊ idea အသစ်အဆန်းတွေ အကြောင်းပြောရတာ ခုံမင်ကြတယ်။ ဆက်စပ် တွေးတော နေရတာကြိုက်တယ်။ Idea တွေ concept တွေ အသစ်အသစ် တွေကို အမြဲစူးစမ်းနေတက်ကြတယ်။ အဲ့ဒါကြောင့် စာဖတ်တာ၊ podcast နားထောင်တာ၊ documentary တွေကြည့်ရှုတာ၊ စဉ်းစားစရာပါတဲ့ ရုပ်ရှင်တွေ ကြည့်တာ တွေကြိုက်ကြတယ်။
ဥပမာ ဆိုပါစို့.... ပြသနာ (သို့) အကြောင်းကိစ္စတစ်ခု ရင် ဆိုင်ရတယ်ဆိုပါတော့။ သူတို့ဟာ ထိုအကြောင်းကိစ္စကို အရှိအရှိအတိုင်း စဉ်းစားတာထက်၊ ထိုကိစ္စရဲ့ နောက်ကွယ်က ဆက်ဆပ်နေတဲ့ အကြောင်းအရာတွေ၊ ထိုကိစ္စကို ဖြစ်စေတဲ့အကြောင်းတရားတွေကို အရင်စဉ်းစားပါတယ်။ Why and how ကစစဉ်းစားတာ ပေါ့။ သူ့ဆန့်ကျင်ဘက် Sensing တွေ က တော့ what happened က နေစ တင်စဉ်းစားပါတယ်။
Sensing သမားတွေ ဟာ ပစ္စပ္ဗန်မှာ ပဲနေတယ်။ အနာဂါတ်အကြောင်းသိပ်မစဉ်းစားဘူး။ နောက် ၁၀ နှစ် ဘာဖြစ်မလဲလာမမေးနဲ့စိတ်မဝင်စားဘူး။ အခုလုပ်နေတဲ့ အလုပ်အဆင်ပြေနေရင် ရပြီ ဆိုတဲ့ လူစားမျိုးတွေ။ အာရုံခံတဲ့ နေရာသိပ်တော်တယ်။ အသေးစိပ်လေးတွေအရမ်းမြင်တက်တယ်။ အမြင်စူးရှတယ်ပေါ့။ လက်တွေ့ ကျတယ်။ စိတ်ကူးယဉ်မဆန်ဘူး။ အဲ့ဒါကြောင့် အရိပ်ပြရင် အရိပ်ပဲ မြင်တယ်။ အဲ့အနောက်မှာ အကောင်ရှိမရှိ စိတ်မဝင်စားဘူး။ ပြသနာ (သို့) ကိစ္စတစ်ခု ကြုံရပြီဆိုရင် မိမိ ကြုံဖူးတဲ့ ယခင် အတွေ့ အကြုံ ပေါ်စပ်စပ်ပြီးဖြေရှင်းတက်တယ်။ စမ်းသစ်တဲ့ နည်းလမ်းတွေသိပ်မသုံးဘူး။ လမ်းရိုလမ်းစဉ်သမားတွေပေါ့။
ဥပမာ အဝတ်အစား Shopping ထွက်တဲ့ အခါ Sensing သမားဟာ အကျီအသားကိုကိုင်ကြည့်မယ်။ အရောင်အဆင်းကို အကဲခတ်မယ်။ အကျီဒီဇိုင်း ကိုသချာကြည့်မယ်။ ဆိုဒ်တွေဘာတွေ ရှာခိုင်းမယ်။ ဝတ်ကြည့်မယ်။ Intuition သမားဆိုရင် အကျီအသားကိုင်ကြည့်တာထက် အကျီကိုကြည့်ပြီး ဒီ အကျီဟာ ဓါတ်ပုံထဲက အဖွား က အဖိုး နဲ့ချိန်းတွေ့ တုံးက ဝတ်ခဲ့ တဲ့ အကျီၤနဲ့ဆင်တူလိုက်တာ ဆိုပြီး စဉ်းစားကောင်းစဉ်းစားနေလိမ့်မယ်။ အဲ့ဒီက နေ မှ ဆက်စပ်ပြီး ငါ့ရည်း စားနဲ့ချိန်းတွေ့ တုံးက သူ က ငါ့ကိုရေခဲမုန့်ဝယ်ကျွေးခဲ့တာပဲဆိုပြီးစဉ်းစားပြီး ရေခဲမုန့်စားချင်သွားလိမ့်မယ်။ (ဒါကတော့ သဘောပြောပြတာနော် N သမားတွေရဲ့ ဆက်ဆက်တွေးခေါ်တဲ့ အတွေးရထားကိုမြင်အောင် ပြောပြတာ။ လက်ရှိဖြစ်နေတာနဲ့ သူ တို့စိတ်ထဲမှာတွေးနေတာနဲ့က သိပ်သဟာဇာတမဖြစ်ဘူး။ ဒီသဘောကိုနားလည်ရင် လက်ခံပေးရင် အရမ်းလှပတဲ့ Relationship တွေ တည်ဆောက်နိုင်မှာမို့လို့ပါ။)
Thinking (T) vs Feeling (F)
Thinking နဲ့ Feeling ဟာ ဆုံးဖြတ်ချက်တွေ ချတဲ့ အခါ ကိစ္စတွေတုံ့ပြန် တဲ့ အခါ ဦးနှောက် နဲ့ဆုံးဖြတ် သူ နဲ့ နှလုံးသားနဲ့ဆုံးဖြတ်သူ တို့ရဲ့ ကွာခြားချက်တွေပေါ့။ ဒီ နေရာမှာ Thinkers တွေဟာ ဦးနှောက် သမားတွေပေါ့။ သူတို့ဟာ ခံစားချက်ထက် အချက်အလက်တွေ၊ ယုတ္တိတန်မှုတွေ၊ စည်းကမ်းတွေ၊ ဥပဒေတွေကို ပိုပြီး တန်ဖိုးထားတယ်။ ခံစားချက် အပေါ် အလိုမလိုက်တဲ့အတွက် ဘက်လိုက်မှုနည်းတယ်။ ပိုပြီးရိုးသားတယ်။ စကားပြောရင် သူတို့အမြင်ကိုအရှိကိုအရှိ အတိုင်း တည့်တိုးပြောတက်ကြတယ်။ သူတိုက ပိုပြီး စိတ်မာတယ်။ သူများတွေသူတို့အပေါ် ဘယ်လိုထင်ထင် ဂရုမစိုက်တက်ဘူး။ ဝေဖန်မှုတွေ ကိုလဲအေးဆေးခံနိုင်တယ်။ ဥပ္ဗက္ခာ ပြုနိုင်ချက်က တော့ နိုင်းပဲ။ အစွဲအလမ်းသံယောဇဉ်တွေသိပ်မကြီးဘူး။ သဘာဝတရားကိုလက်ခံထားတာ ကသူတို့ရဲ့ သဘာဝပဲလေ။ သူတို့ကို စိတ်ခံစားချက်တွေ အရမ်းကြီး စွပ်ပြောရင် အဆင်မပြေဘူး။ သူတို့ မနေတက်ဘူး။ ဘာမှမလုပ်ပေးတက်ဘူး။ ပြသနာရှိရင်တော့ အဖြေရှာပေးတယ်။ ဆောင်ရွက်ပေးတယ်။ လူတဖက်သား စိတ်သက်သာရာ ရသွားစေတဲ့ စကားလုံးတွေ အဖွဲ့ အနွဲ့ တွေသိပ်မပြောတက်ဘူး။ ဟို တလောက ဆို T သမားဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်က အကြံလာတောင်းတယ်။ သူ့ကို တစ်ယောက်ယောက်က သူတို့မိသားစုဝင်ဆုံးပါးသွားတဲ့အကြောင်းလာ ပြောတဲ့ အခါ ဘာပြန်ပြောရမလဲတဲ့... သူတို့က တကယ်ကို ခပ်တန်းတန်းသမားတွေပါဆို... ဒါပင်မဲ့ စိတ်ကတော့ အဖြောင့် တွေ များတယ်။ မျက်နှာဘေးက ရေခဲတုံးလိုပဲ... မျက်နှာသေတွေများတယ်။ တော်ရုံတန်ရုံဝမ်းသာစရာသွားပြောလဲဒီ မျက်နှာပဲ... ဒေါသထွက်နေလဲ ဒီ မျက်နှာပဲ... ဝမ်းနည်းနေလဲဒီမျက်နှာပဲ.... Expressive ဖြစ်တယ်ဆိုတာ အရမ်းရှားတယ်။
သူနဲ့ဆန့်ကျင်ဘက်က တော့ Feelers တွေပေါ့။ သူတို့က နှလုံးသားကို ဦးစားပေးလေ့ ရှိတဲ့ လူမျိုးတွေပေါ့။ အဲ့ဒါကြောင့် သူတို့တွေက နုညံ့တယ်၊ သနားစာနာစိတ် ကြီးတယ်၊ သူတို့ ချစ်တဲ့ သူတွေကိုအရမ်း ဂရုစိုက်တက်တယ်၊ အလုပ်လုပ်ရင် passion ကို အခြေခံပြီးလုပ်တယ်။ ကိုယ်ကျိုးကို သိပ်မတွက်ချက်ပဲအများအကျိုး ဆောင်တယ်။ သူတို့စကားပြောရင် မျက်နှာ မှာ ခံစားချက် အစုံဖတ်လို့ရတယ်။ သူတို့ ရဲ့ ခံစားချက်တွေကိုလဲထုတ်ဖော်ပြောပြဖို့ ဝန်မလေးကြဘူး။ ဇတ်လမ်းဆိုရင်လဲ ခံစားချက်ကို နှိုးစွပေးတဲ့ ဇာတ်လမ်းအမျိုးအစားမျိုးကြည့်ကြတယ်။ ဥပမာ အချစ်ကား၊ ဟာသကား၊ သရဲကား။ ပြောရမယ်ဆိုရင် မိန်းကလေးဆန်တဲ့ type ပေါ့။
ဥပမာဆိုပါစို့… လူတစ်ယောက်က စိတ်မကောင်းစရာ အကြောင်းကိစ္စတစ်ခု သူတို့ကိုလာရင်ဖွင့်တယ်ဆိုပါစို့။ အဲ့အခါမှာ Feeler က ထိုသူကိုအရင် နှစ်သိမ့်ပေးမယ်။ အားပေးမယ်။ ထိုသူ ဘက်က လိုက်ပြီး ဝင်ခံစားပေးမယ်။ နားလည်ပေးမယ်။ ဒါပင်မဲ့ Thinker က တေ့ာ အဲ့ လိုအလုပ်မျိုးကို drama ဆန်တယ်။ အရာမထင်တဲ့ အပိုအလုပ်လို့မြင်ကောင်းမြင်နိုင်တယ်။ သူ လုပ်ပေးမှာ က ထိုသူရဲ့ စိတ်မကောင်းစရာ အခြေအနေက နေလွတ်မြောက်အောင် အဖြေတစ်ခုစဉ်းစားပေးမယ်။ လက်တွေ့ ဆန်တဲ့ အရာတွေ ကို အကောင်အထည်ဖော်ပေးမယ်။ ပြီးရင် ပြောလိမ့်မယ် ဒီအရာက ဖြစ်လေ့ ဖြစ်ထရှိတာဖြစ်ပြီး လုပ်စရာရှိတာကိုဆက်လုပ်ဖို့ပဲ ပြောလိမ့်မယ်။
Judging (J) vs Perceiving (P)
Judging နဲ့Perceiving ဟာ လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝကို ဘယ်လို ဖြတ်သန်းလဲဆိုတာ ပြတာဖြစ်ပါတယ်။
Judgers တွေ ဟာ စည်းစနစ်ကျတယ်။ သေသပ်တယ်။ ကြိုတင်ပြင်ဆင်မှုရှိတယ်။ ဘယ်ကိစ္စမဆို အစီအစဉ်တွေကြိုဆွဲ လေ့ ရှိကြတယ်။ သူတို့ဆွဲ ထားတဲ့ အစီအစဉ် အတိုင်းဖြစ်မလာတာကို မလိုလားကြဘူး။ သူတို့ဟာ ခေါင်းမာပြီး၊ ပိုပြီးဆုံးဖြတ်ချက်ပြတ်သားပါတယ်။ ဆုံးဖြတ်ချက်ကို အစောထဲက ချထားပြီး လုပ်စရာရှိတာကို အရင်ဆုံးလုပ်ဆောင်တက်ပါတယ်။ လုပ်စရာတွေလုပ်ပြီးမှ အနားယူတက်ကြတယ်။ နောက်ဆုံး Last minute မှ ထလုပ်တယ်ဆိုတာသူတို့ သမိုင်းမှာ မရှိဘူး။
နောက်တစ်ဖက်မှာတော့ Perceivers တွေ ဖြစ်ပါတယ်။ သူတို့က ကလေး တွေလို အပြစ်ကင်းစင်တဲ့ ပုံစံ၊ မသေမသပ်တဲ့ ပုံစံ၊ ချုပ်တည်းမှုတွေမရှိပဲ ပေါ့ပါးလွတ်လပ်တဲ့ပုံစံ ရှိပြီး အလုပ်လုပ်တဲ့အခါ သိပ် အလေးမထားပဲနောက်ဆုံး အချိန်မှ ကောက်ခါငင်ကာထလုပ်တက်တဲ့ ဓလေ့ စရိုက်ကိုလဲပိုင်ဆိုင်ထားကြပါတယ်။ သူတို့ပုံစံက အေးဆေးပဲ။ ကြုံလာတဲ့ အခြေအနေ တိုင်း၊ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတိုင်း အပေါ် လိုက်ရော ညီထွေ နေတက်ကြတယ်။
အဲ့ဒီတော့ အထက်ပါ ဆန့်ကျင်ဘက် အတွဲ ၄တွဲ ထဲက မိမိ နဲ့အံဝင်တဲ့ ၄ခုကိုရွေးပါ။ ဥပမာ INTP, ESFJ, ISTP, ENFJ အစရှိသည်ဖြင့်။ ထို alphabet ၄ လုံး ဟာ သင့်ရဲ့ type လို့အကြမ်းဖျင်းယူဆ လို့ရပါတယ်။ နောက်နေ့တွေမှာ ဒီ ထဲက Temperament ၄ မျိုးအကြောင်း နှင့် Type တစ်ခု ချင်းစီရဲ့ အသေးစိပ် ကို ထပ်မံ တင်ပေးသွားပါမယ်။ ဒီစာကိုဖတ်ပြီးတဲ့ အခါ မိမိရဲ့ Type ကိုအောက်က ကွန်းမန့်မှာရေးသွားပေးကြအုံးနော်။