Emotional Intelligence ဆိုတာ
Emotional Intelligence ဆိုတာ
အရင်ကလဲ EQ နဲ့ပတ်သက်ပြီး အကြိမ်ကြိမ်ရေးခဲ့ဖူးပါတယ်။ အခုလဲနည်းနည်းလောက်ထပ်ရေးချင် သေးတယ်။ EQ စွမ်းရည် မမြင့်မားရင် ဘဝကြီးဟာ ဗရမ်းဗဒါဖြစ်တယ်။ စိတ်လိုက်မာန်ပါတွေဇွတ်လုပ်မိလို့နောင်တရစရာအမှားတွေအကြိမ်ကြိမ်ဖြစ်တယ်။ မိမိပတ်ဝန်းကျင်က လူတွေ အတွက်လဲ မရည်ရွယ်ပဲအဆိပ်အတောက်ဖြစ်စေပါတယ်။ Problem-solving လုပ်တဲ့အခါ ရေရှည်ကိုစဉ်းစားတာတို့နှစ်ဦးနှစ်ဖက် ပြေရာပြေကြောင်း ညှိနှိုင်းတာတို့ထက် မိမိအတ္တ ကို အမြဲတန်း ရှေ့တန်းပြီး လုပ်လေ့ရှိတယ်။ အရမ်းကို အန္တရာယ်ကြီးတယ်နော်…
အထူးသဖြင့် မိမိဟာ လူတွေကို ဦးဆောင်နေရတဲ့ နေရာတစ်ခုကို ရရှိထားရင် မိမိရဲ့ အပြုအမူ တွေက လူတွေအများကြီးအပေါ်ကြီးမားတဲ့ လွှမ်းမိုးမှုဖြစ်စေတဲ့ အတွက် အထူးသတိ ထားရပါတယ်။ ဆင်ခြင်ရပါတယ်။ အမြဲ တွက်ချက်ပြီး အမှားနည်းအောင် နေရပါတယ်။ အဲ့ဓိအတွက် EQ ရဲ့ အခန်းကဏ္ဏ ဟာ ဘဝအတွက် အရမ်းအရေးပါပါတယ်။
အရင်က ရေးဖူးပင်မဲ့ ပြန် အမှတ်ရအောင် version နောက်တစ်မျိုးနဲ့ ဆွေနွေးကြည့်မယ်….
EQ မြင့်မားတဲ့လူတွေ ဟာ….
Self-awareness - မိမိကိုယ်ကိုမိမိသိတယ်။
မိမိ ဘာလိုချင်မှန်း၊ ဘယ်အရာက စိတ်ချမ်းသာစေမှန်း အမြဲသိတယ်။ အဲ့ဓိအတွက် ဆုံးဖြတ်ချက်ချတဲ့အခါ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်လေ့ရှိတယ်။ မိမိကိုယ်မိမိ အမြဲ နားလည်တဲ့အတွက် အပြင်လူတွေ ရဲ့ စကားသံတွေ ရဲ့ရိုက်ခတ်မှု၊ လွှမ်းမိုးမှုတွေ ကို သိပ်ခံရလေ့မရှိဘူး။ နောက်စိတ်ဝင်စားစရာတစ်ခုက Relationship တွေမှာ အဖြစ်များတဲ့ တစ်ဖက်လူရဲ့ Emotional manipulation ကိုမခံရတော့ဘူး။ တဖက်လူက ကိုယ့် ကို လာကစားတာမျိုးဆိုရင် မိမိကိုယ်ကို victim အဖြစ်မခံတော့ပဲ လျစ်လျှူရှုတက်လာတယ်။ Self-respect မြင့်လာတယ်။
Self-regulation - မိမိခံစားမှုတွေကို သုံးသပ်ပြီး မိမိ ကိုယ်ကိုယ် ပြန်လည် တည်ထောင်နိုင်တယ်။ အထူးသဖြင့် အပျက်သဘောဆောင်တဲ့ ခံစားချက်တွေဖြစ်တဲ့ ဒေါသထွက်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ ဝမ်းနည်းခြင်း၊ နောင်တရခြင်း၊ မနာလိုဖြစ်ခြင်း၊ စတဲ့ ခံစားချက်တွေဖြစ်တဲ့ အခါ စိတ်ခံစားမှုနဲ့ လက်တွေ့အခြေအနေကို ကွဲအောင် သုံးသပ်နိုင်ပြီး သင့်တင့်တဲ့ တုံ့ပြန် မှုကို ရွေးချယ်တက်တယ်။
Empathy - စာနာစိတ်… စာနာတက်တဲ့သူဟာ ဘယ်တော့ မှ တစ်ယူသန် မလုပ်ဘူး။ မမောက်မာဘူး။ တဖက်သားကို ကောင်းကောင်းနားလည်ပေးဖို့ကြိုးစားပြီးမှ နွေးထွေးတဲ့ တုံ့ပြန် မှုပေးတက်တယ်။ Empathy မြင့် ရှိတဲ့သူဟာသူ့ပတ်ဝန်းကျင် က လူတွေ ကိုစိတ်လုံခြုံမှုအပြည့်အဝပေးတယ်။
Social skills - လူမှုရေး… Social လို့ပြောတဲ့ အခါ လူတွေကို အပေါ်ယံလိုက်ပေါင်းတက်တာ။ သာပေါင်းညာစားတက်တာ ကိုဆိုလိုတာမဟုတ်ဘူးနော်။ Socail skills ဆိုတာ Relationship skills ကောင်းတာ။ မိမိနဲ့ပတ်သက်တဲ့မိတ်ဆွေ သူငယ်ချင်းတွေ အတွက် အမြဲအသင့်ရှိပေးတက်တာ။ မျှော်လင့်ချက် မထားပဲကူညီစရာရှိရင် ကူညီလိုက်တာ။ တဖက်သားကိုနားလည်ပေးတက်တာ။
Motivation - မိမိဘဝကိုမိမိကိုယ်တိုင် အကြည်ဓါတ် ဖန်တီးတက်ပြီး ပန်းတိုင်ကို တက်ကြွစွာ လျှောက်လှမ်းနေတာ။ အခက်အခဲ အတားအစီးတွေရှိလည်း အကောင်းမြင်တဲ့ ရှုထောင့်၊ အဖြေရှာတဲ့ ရှုထောင့် က အမြဲ ကြည့်တက်ပြီး ပန်းတိုင်ရောက်အောင်သွားနေတာပါပဲ။