Vocabulary အသစ်တွေ ကိုအမြဲပြန် မှတ်မိနေ အောင် ဘယ်လိုလုပ်မလဲ။
Vocabulary အသစ်တွေ ကိုအမြဲပြန် မှတ်မိနေ အောင် ဘယ်လိုလုပ်မလဲ။
ကျွန်မတို့တွေ အင်္ဂလိပ်စာလေ့လာတဲ့ အခါ စကားလုံးဝေါဟာရတွေ၊ အသုံးအနှုန်းတွေ ကိုအမြဲမပျက် မှတ်သားရပါတယ်။ ဒါပင်မဲ့ အရင်ခေတ်ကလိုမီးနင်းစာအုပ်နဲ့ကြက်တူရွေးလိုခေါက်တုံ့ခေါက်ပြန် အော်ကျက်ပြီး ချရေးတဲ့ နည်းနဲ့ပျင်းစရာကောင်းစွာ ကျက်မဲ့ အစား အောက်ပါနည်းလမ်းလေးတွေ ကနေ အရမ်းအားစိုက်စရာမလိုပဲ ပျော်စရာကောင်းပြီး လက်တွေ့ ကျတဲ့ နည်းလမ်းလေးတွေ နဲ့မှတ်သားနိုင်ဖို့ဝေမျှပေးလိုက်ပါတယ်။
၁) ပြန် သင်ပေးပါ။
လေ့လာသင်ယူပြီးတဲ့ စကားလုုံး၊ အသုံးအနုုန်းအသစ်တွေကိုု အမြဲ activate ဖြစ်နေ စေဖို့အကောင်းဆုံး refresh လုပ် နိုင်မဲ့ နည်းလမ်းကတော့ နောက် တစ်ယောက်ကို ပြန် ဝေမျှ ပါ။ သင်ကြားပေးပါ။ များများ ပြန် ဝေမျှလေလေ မိမိ ရဲ့ လေ့ကျင့်နှုန်းက effortlessly ကိုများလေလေဖြစ်တာကြောင့် မှတ်ဉာဏ်ထဲမှာ retain ဖြစ်နေမှာဖြစ်ပါတယ်။
၂) ပုံပြင်တစ်ပုဒ် ဖန်တီးလိုက်ပါ။
ကလေးတစ်ယောက်လိုမိမိရဲ့တီထွင်မှုစွမ်းရည် ကိုအထိရောက်ဆုံးအသုံးချပြီး မိမိ လေ့ လာပြီးတဲ့ စကားလုံးတွေ နဲ့ပုံပြင် တစ်ပုဒ်ဖန် တီးခြင်းက ပျော်စရာကောင်းပြီး မှတ်ဉာဏ်ထဲမှာပုံပြင်နဲ့တစ်ကွ စွဲ နေမှာဖြစ်ပါတယ်။
၃) Journal ရေးပါ။
စကားလုံးအသစ်တွေ လေ့လာပြီးတိုင်း မိမိရေးနေကျ journal ထဲ မှာ အမြဲထည့်ရေးပါ။ မိမိ ရဲ့ တကယ့်စစ်မှန်တဲ့ အတွေ့ အကြုံနဲ့ စပ်စပ်ပြီးရေးရတဲ့ အတွက်ကြောင့် မှတ်မိဖို့အတွက် အရမ်းလွယ်ကူသွားပါလိမ့်မယ်။
၄) Post-it notes လေးတွေ နဲ့visual learning လုပ်ပါ။
မိမိအိမ်ရဲ့ နေရာအနှံ့က အသုံးအများဆုံးနေရာတွေ (ဥပမာ မှန်တင်ခုံ၊ အိမ်သာ၊ ဘေစင်၊ စာကြည့်စားပွဲ) တို့ရဲ့ဝန်းကျင် က နေရာအလွတ် တစ်ခုမှာ မိမိ မှတ်မိချင်တဲ့စကားလုံးလေးတွေ ရေးပြီး ရှောက်ကပ်ထားပါ။ ကြီးကြီး နဲ့ စာလုံးရေအရေအတွက် နည်းနည်း (၃လုုံးခန့်) ရေးဖို့တော့လိုပါတယ်။ အဲ့ဒါမှ မိမိ ဖြတ်သွားဖြတ်လာလုပ်တိုင်းမြင်ပါများပြီး အကျွမ်းဝင်သွားပါလိမ့်မယ်။
၅) Flash cards
Flash cards လေးတွေရဲ့အသုံးဝင်ပုံကတော့ ကျမ အမြဲ ပြောလေ့ရှိပါတယ်။ အချိန် ပေးပြီး မိမိကိုယ်တိုင် flash cards လေးတွေ လုပ်ထားပြီး တစ်ရက် ကို၁၀ မိနစ်ခန့်ပြန် review လုပ်ခြင်းအားဖြင့် ရေရှည်မှာ သိသာတဲ့ ရလဒ်တစ်ခုု ရရှိလာမှာ ဖြစ်ပါတယ်။
၆) လက်တွေ့ဘဝမှာ ပြန်အသုံးချပါ။
ကျွန်မတို့ဟာ လေ့လာမှတ်သားပြီးပြီဆိုရင် memory ထဲ မှာ passive vocabulary အနေနဲ့သာဝင်သွားမှာဖြစ်ပြီး ထိုအရာတွေ ကိုခဏခဏ activate လုပ်ပေးဖို့လိုအပ်ပါတယ်။ ဒါမှ အရေးအကြောင်းဆိုလျှောလျှောရှူရှူ သွက်သွက်လပ်လပ် နဲ့ ထုတ်သုံးနိုင်မှာဖြစ်ပါတယ်။ ထို passive vocabulary တွေကိုစာအုပ်ကြီးအတိုင်းကျက်မှတ်မနေ ပဲ အပြင်လက်တွေ့ဘဝနဲ့ချိတ်ဆက်ပါ။ ဥပမာ-
- အင်္ဂလိပ်လို စကားပြောတဲ့ အခါတိုင်း သတိလေးနဲ့ပြောပြီး မိမိလေ့လာထားတဲ့ စကားလုံးတွေ ထည့်ပြောပါ။
- ရုံးမှာ (သို့) ကျောင်းမှာ presentation လုပ်တဲ့ အခါ ၊ အီီးမေလ်းရေးတဲ့အခါ ထည့်ပြော ထည့်ရေးပါ။
- Facebook, Instagram, Linkedin, Goodreads, အစရှိတဲ့ social media platform တွေ မှာ အင်္ဂလိပ်လိုပိုုစ့် တင်တဲ့ အခါ အမြဲ ထည့်ရေးပါ။ ရိုးရှင်းတဲ့ စကားလုံးတွေ ထက် sophisticated ဖြစ်တဲ့ စကားလုံးတွေကိုရွေးချယ်ပြီးသုံးနှုန်းပါ။ အချင်းချင်း မက်စေ့ပို့တဲ့အခါ ထည့်သုံးပါ။ တဖက်သားက နားမလည်တဲ့အခါရှင်းပြလိုက်ပါ။
၇)အမြဲ learning လုပ်နေဖို့ စိတ်အားထက်သန်ပါ။
အကယ်၍ မိမိက self study သမားဆိုရင်တောင် မိမိ ရဲ့ ထက်သန်ပြင်းပြတဲ့ စိတ်ကြောင့် ဆရာကောင်းတွေက သင်ပေး feedback ပေးတာမျိုးတွေ လုပ်ပေးတက်ပါတယ်။ မိမိ ရဲ့ စိတ်အားထက်သန်မှုက မြင့်မားလေလေ learning opportunities တွေများများ ရောက်လာလေလေဆိုတာ ယုံကြည်ထားပါ။
တခါတရံ မှာ ကျမတို့ဟာ စကားလုံးအသစ်တွေကိုစာအုပ်ဖက်ရင်း၊ ဇာတ်လမ်းကြည့်ရင်း လေ့လာမိတက်တာရှိသလို၊ အရင်ကလေ့ လာပြီးသားစကားလုံးတွေလည်းပြန်ပေါ်လာတက် ပါတယ်။ အဲ့ဒါကြောင့် အမြဲတမ်း ကြီး သတိရနေ ဖို့မမေ့ဖို့ကို မစိုုးရိမ်ပါနဲ့။စိတ်အေးအေးနဲ့သာ ဖြည်းဖြည်းမှန်မှန်သွားပါ။ အလောမကြီးမိပါစေနဲ့။ ကိုယ်ပြန် တွေ့တဲ့ စကားလုံးက မသေချာရင် google ခေါက်လိုက်ပါ။
အားလုံး အင်္ဂလိပ်စာကိုပျော်ရွှင်စွာနဲ့လက်တွေ့ကျကျ လေ့ လာနိုင်ကြပါစေ။
Live talk - https://fb.watch/8yxQCyKSTI/
မဆု