အဖက်ဆည်လို့မရတော့တဲ့ အစိုးရ ပညာရေးစနစ် ကိုအားမကိုးပဲ တစ်ဖက်တစ်လမ်းက ကလေးတွေ၊ လူငယ်တွေ နဲ့မိဘတွေ ဘာလုပ်သင့်ပြီလဲ။
မြန်မာနိုင်ငံရဲ့ပညာရေးက နေဝင်းလက်ထက်ထဲ က တစ်စတစ်စ ယိုင်နဲ့လာခဲ့တာ ကနေအခုဆို တော်တော်ဆိုးဆိုးရွားရွားဖြစ်လာတာ အားလုံးအသိပါပဲ။ အခုနောက်ပိုင်း International schools တွေ Private schools တွေပေါ်လာခဲ့ပင်မဲ့ ဒါတွေဟာ upper class နဲ့ upper middle class လောက်က အသိုင်းအဝိုင်းသာလျှင်ပဲလက်လှမ်းမီ ပါတယ်။ အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားက တော့ အစိုးရ ပညာရေးစနစ်ကိုမရှိမဖြစ်အားကိုးကြရတာပါပဲ။ အစိုးရကျောင်းကနေ ၁၀တန်းအောင်၊ ဘွဲ့ရ သွားသော်လည်း သေစာရှင်စာ လောက်သာရေးတက်ဖက်တက်ပြီး တွေးခေါ်စဉ်းစားနိုင်မှုကတော့ နိမ့်ကျနေဆဲပါ။ (ကျွန်မလဲ ဒီ အုပ်စုထဲမှာ သားကောင်ဖြစ်ခဲ့တာပေါ့)
အခုဆိုရင် နိုင်ငံရေးအခြေအနေ နဲ့ကတ်ရော ဂါအခြေအနေ တွေကြောင့် ကလေးတွေ နဲ့လူငယ်တွေရဲ့ပညာရေးတစ်ပိုင်းတစ်စ ဖြစ်ပြီး အနာဂတ်မသေချာမှုတွေ ကြောင့်မို့ဘဝကိုရေစုန်မျှောပြီး အချိန် ဖြုန်း ကြတဲ့လူငယ်တွေမိမိပတ်ဝန်းကျင်မှာ ကြည့်ရက်စရာမရှိပါဘူး။
အဲ့ဒီတော့ ကျွန်မတို့ပညာရေး ဆိုတဲ့ အနက်အဓိပ္ဗယ်နဲ့ ကျောင်းတက်တယ်ဆိုတာရဲ့ရည်ရွယ်ချက်ကိုစဉ်းစားကြည့်လိုက်ကြစို့။
ကျောင်းတက်တယ်ဆိုတာ စာမေးပွဲအောင်ဖို့၊ အမှတ်ကောင်းဖို့၊ဆိုတဲ့ အပေါ်ယံဆန်တဲ့ အယူအစတွေ ထက် အဓိက အနှစ်သာရ ဟာ
* Well-informed ဖြစ်ဖို့။ ခေတ်ရေစီးကြောင်းအလိုက် ဖြစ်ပျက်နေတဲ့ အရာတွေကိုအမှီလိုက်နိုင်ဖို့။
* Civilized ဖြစ်ဖို့။ လူ့အသိုင်းအဝိုင်းထဲမှာ အများတူ ဝင်ဆံ့နိုင်တဲ့ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို့ ။ ယဉ်ကျေးတဲ့ အပြု အမူ၊ အပြောအဆိုနဲ့မှန်ကန်တဲ့ လုပ်ရပ်တွေ လုပ်နိုင်ဖို့။
* အမြင်ကျယ်ဖို့။ တွေးခေါ်နိုင်တဲ့ စွမ်းရည် နဲ့အမြဲ ဖွင့်ဖြိုးနေတဲ့ mindset တစ်ခုရှိဖို့။
* Lifelong learning ဖြစ်နေဖို့။ လေ့ လာမှုတွေဘယ်တော့ မှရပ်တန့်မသွားဖို့။
အစရှိတဲ့ အဓိပ္ဗယ်ရှိတဲ့ တန်ဖိုးတွေကိုအခြေခံ ထားတဲ့ လေ့လာသင်ယူစရာကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုကိုကျောင်းလို့ခေါ်သင့်ပါတယ်။ ကျွန်မတို့ရဲ့ စာသင်ကျောင်းတွေ မှာ ဒီလိုတန်ဖိုးတွေ ကိုအခြေခံဖို့ မဆိုထားနဲ့ ဒီလို concept တွေတောင် ဆရာ ဆရာမတွေ အနေနဲ့ ကြားဖူး ကြရဲ့လား။
အဲ့ဒီတော့ အခုအချိန် မှာ ကျွန်မတို့အဆိုးထဲက အကောင်းတွေ ကိုရှာကြည့်မယ်ဆိုရင်ကလေးတွေနဲ့လူငယ်တွေ ရဲ့တန်ဖိုးရှိလှတဲ့ အချိန်တွေကိုအလဟသမဖြစ်အောင် ကျောင်းမတက်စေတော့ပဲ အိမ်မှာပဲ informal education အသွင်နဲ့လေ့လာမှုတွေ ဆက်လက်လုပ်ကြပါစို့။ အတန်းပညာ တွေ ၊ အောင် လက်မှတ် တွေ ၊ ဘွဲ့ လက်မှတ်တွေ က အနာဂတ်အတွက် မရှိမဖြစ်ဆိုတဲ့ အယူအဆကြီးကို တွန်းလှန်ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိပြီး အတွေးအခေါ် မြင့်မား တဲ့ လူသားတစ်ယောက်ဖြစ်အောင် အလေးပေးကြစို့။
ဘာတွေလုပ်ကြမလဲ။
၁) အင်္ဂလိပ်စာ သည်အရေးကြီးဆုံးပါ။
မဆုက အင်္ဂလိပ်စာဆရာမ မို့လို့ လိုရာဆွဲ ပြောခြင်းမဟုတ်ပါ နော်။ ယနေ့ ခေတ်မှာ အင်္ဂလိပ်စာ ရဲ့ အရေး ပါပုံ အသုံးဝင်ပုံက ကျွန်မတို့ နေစဉ် ထမင်းစားရေသောက် လုပ်တဲ့ အလုပ်တစ်ခုလို အကျွမ်းတဝင်ရှိနေသလိုမျိုး၊ ကမ်းရိုးတန်းမှာ နေတဲ့ ကလေးတွေ က ငယ်စဉ်ထဲ က ရေကူးကျွမ်းပြီး ဖား ရိုက် ငါးဖမ်းကျွမ်းသလိုကို အင်္ဂလိပ် ဘာသာကို ကျွမ်းကျင်နေရပါမယ်။ နိုင်ငံတစ်ဝှမ်းနော်။ အင်္ဂလိပ်စာသာ တကယ် ကျွမ်းကျင်စွာတက်မြောက်သွားရင် ဘယ်အရာမဆိုမိမိကိုယ်တိုင် လေ့လာနိုင်သွားပါပြီ။ မိမိရှေ့ရေးအတွက်လဲ personal ရော professional development တွေပါ ကိုယ်တိုင် လုပ်နိုင်သွားပါပြီ။ ယနေ့ခေတ်မှာ ဘယ်ဘာသာရပ်မဆိုအင်တာနက်မှာ အခမဲ့လေ့လာသင်ယူနိုင်ပါတယ်။ မိမိ research လုပ်ရင် လုပ်နိုင်သလိုကိုအကျိုးများပါတယ်။ အင်္ဂလိပ်စာဟာ ကမ္ဘာသုံး ဖစ်တာကြောင့် အင်္ဂလိပ်စာသာ အဆင့်တစ်နေရာလောက်ရောက်ရင် ကမ္ဘာကြီးဟာ ကိုယ့်လက်ခုတ်ထဲမှာ သာရှိပါတယ်။
၂) စာဖတ်ခြင်း။
အရင်ကလဲမဆုရေးခဲ့ဖူးပါတယ်။ စာဖတ်နေပါ။ မည်သည့်စာမဆိုမိမိ စိတ်ဝင်စားရင် ဖက်နေပါ။ စာဖတ်နေ ခြင်းဟာ စိတ်ကိုစုစည်းပြီးသားဖြစ်သလိုစာထဲက အကြောင်းအရာတွေက မိမိရဲ့ဦးနှောက်ကိုဆက်စပ်တွေးခေါ်အောင် ခေါ်ဆောင်သွားတက်ပါတယ်။ အဲ့ဒါကြောင့် စာဖတ်တဲ့ သူ ရဲ့ intuition က မဖတ်တဲ့ သူထက် အစမတန် မြင့်မားပါတယ်။ လူငယ်တွေအနေနဲ့လဲ mobile game တွေ နဲ့ဇတ်လမ်းတွေ ထဲမှာပဲအချိန်ကုန်မနေစေပဲ စာဖတ်နေခြင်းဖြင့် အချိန် ကုန်စေချင်ပါတယ်။
၃) ဝါသနာ တစ်ခုပျိုးထောင်ခြင်း။
မိမိဘာဝါသနာပါသလဲ။ အားကစား၊ အနုပညာ၊ စာပေ၊ ဂီတ၊ ဘာသာရေး အစရှိသဖြင့်ပေါ့။ မိမိ ဝါသနာကိုအစဉ်တစိုက် လေ့လာ မှုတွေပြု လုပ်ပြီး လေ့ကျင့် နေပါ။ တချိန် ချိန်မှာ မိမိ မျှော်လင့်မထားတဲ့ နည်းလမ်းနဲ့မိမိ ကျွမ်းကျင်တဲ့ ဝါသနာက အကျိုးပြန်ပြုတက်ပါတယ်။ အဓိက ကတော့ မိမိရဲ့စိတ်ကလေးကိုနူးညံ့သိမ်မွေ့နေဖို့၊ တည်ငြိမ် ပြီး ဘဝကို optimistic ဖြစ်ဖြစ် ဖြတ်သန်း နိုင်ဖို့ဝါသနာကောင်းတစ်ခုကိုတော့ ပုံမှန် ပျိုးထောင်ပေးသင့်ပါတယ်။
အပွင့်လင်းဆုံးဆုံးပြောရရင် မဆုမှာသာ သားသမီးတွေရှိရင် သူတို့ကိုအစိုးရကျောင်းလုံးဝမထားဘူး။ International school တွေ တောင် မဆုရဲ့စိတ်တိုင်းကျတဲ့ ကျောင်း ကခပ်ရှားရှားရယ်။ အဲ့ဒါကြောင့် မိဘတစ်ယောက်အနေနဲ့ homeschool ပဲလုပ်ပြီး ကလေးတွေအတွက် သင့်တင့်တဲ့ learning atmosphere လေးလုပ်ပေးမယ်။ standard curriculum တွေကိုအတင်းအကြပ် သင်ပေးတာထက် မိမိကလေးရဲ့ဝါသနာပါတဲ့ နယ်ပယ်ကိုအဆုံးထိ ပံ့ပိုးပေးလိုက်မယ်။ ကလေးတွေဟာ self-directed learning ကို ရသွားပြီဆို နောက်ပိုင်း သူတို့လိုအပ်တဲ့ skills တွေ ကို သူတို့ ဘာသာသူတို့ လေ့လာတက်သွားပါပြီ။ တကူးတက ကြီး သင်ပေးစရာကို မလိုတော့ပါဘူး။ Youtube video တစ်ခုမှာ Elon Musk ပြောတာလေး အမှတ်ရမိတယ်။ သူ ကသူ့ကလေးတွေ ကိုသာမန်ကျောင်းကိုမလွှတ်တော့ဘူးတဲ့ သူကိုယ်တိုင် အိမ်မှာပဲ ကလေးတွေ အတွက် သီးသန့်ကျောင်းဖွင့် ပေးလိုက်တယ်ဆိုလား။ ဒီလိုidea မျိုးကိုသဘောကျတယ်။ Efficient ဖြစ်တယ်။ ကလေးတွေ အတွက် လက်တွေ့ကျပြီး ပျော်စရာကောင်းတယ်လို့လဲမြင်တယ်။ Long-term အတွက် လဲ အကျိုးသက်ရောက်မှုကတော်တော် ကြီးတယ်။
စာနဲ နဲရှည်သွားလို့တောင်းပန်ပါတယ်။ ဒီအကြောင်းအရာကိုခေါင်းထဲမှာ ဥထားတာကြာပြီ။ အချိန်လေးရတုံးရေးလိုက်တာ။ ကလေးတွေကိုကျောင်းမလွှတ်တဲ့ မိဘတွေအနေနဲ့ရော အရွယ်ရောက်ပြီးတဲ့ လူငယ်တွေအတွက်ပါ သတိလေးချပ်စေချင်တာပါ။ ကျွန်မတို့ဒီ အရေးခင်းကြောင့် အရာရာဟာရပ်တန့်နေသလိုဖြစ်နေပင်မဲ့ ကမ္ဘာကြီးကတော့ ရှေ့ဆက်သွားနေမြဲပါ။ ရပ်တန့်မနေကြပါနဲ့။ လေ့လာသင်ယူမှုတွေအဆက်မပျက်လုပ်နေပါ။ ဒီလိုလုပ်ခြင်းဟာလဲကျွန်မတို့ရဲ့အနာဂါတ်မှာရရှိလာ မဲ့ democratic နိုင်ငံတစ်ခုအနေနဲ့လဲအများကြီးပြင်ဆင်ပြီးသားဖြစ်လာမှာဖြစ်ပါတယ်။
မဆု