Flying Monkeys (Narcissist တွေရဲ့အစေအပါးတွေ)
Flying Monkeys (Narcissist တွေရဲ့အစေအပါးတွေ)
မနေ့က Narcissism အကြောင်းရေးဖြစ်ခဲ့တာကြောင့် Narcissist တွေရဲ့ အခြွေအရံတွေလို့ခေါ်တဲ့ (မဆုအဆင်ပြေသလိုဘာသာပြန်လိုက်တာနော်) Flying monkeys တွေအကြောင်းပါ ထပ်မံစဉ်းစားဖြစ်ခဲ့တာကြောင့် သူတို့အကြောင်းကိုပါအခု နဲနဲထပ်ဆွေးနွေးသွားမယ်။
အားလုံးသိကြပြီးတဲ့အတိုင်း Narcissist တွေဆိုတာ Self-importance အရမ်းကြီးတာကြာင့် လူတွေရဲ့ အသိအမှတ်ပြုမှု၊ အချစ်ခံရမှု နဲ့ ထောက်ခံအားပေးမှုကို အချိန်မလပ် ငတ်မွတ်ခေါင်းပါးနေတဲ့ လူတွေပါ။ အဲ့ဒါကြောင့် သူတို့တော်တော်များများဟာ သူတို့ရဲ့ ego ကိုအစားကျွေးနိုင်ဖို့ Flying monkeys တွေမွေးလေ့ ရှိကြပါတယ်။ Flying Monkeys တွေ ကို သူတို့က နောက်ကွယ်က ကြိုးကိုင်တယ်။ လိုသလိုအသုံးချတယ်။ သူတို့လုပ်ကြံထားတဲ့အတင်းအဖျင်းတွေကို ယုံကြည်စေတယ်။ Flying monkeys တော်တော်များများ ဟာ Narcissist တွေ လောက် အတ္တမကြီးပင်မဲ့ သူတို့ရဲ့ အယုံလွယ်မှု၊ အမှီအခိုလွန်ကဲမှု၊ စဉ်းစားဆင်ခြင် နိုင်စွမ်းအားနည်းမှု၊ အညှာလွယ်မှု၊ လက်တွေ့ ကျကျ မစဉ်းစားနိုင်မှုတို့ကြောင့် Narcissist တွေရဲ့ traits တွေ pattern တွေကို မြင်နိုင်စွမ်းမရှိကြဘူး။ အဲ့ဒါကြောင့်လည်း Narcissist တွေရဲ့ victim ဖြစ်လို့ဖြစ်နေမှန်းမသိစွာပဲ Narcissist တွေရဲ့ ချယ်လှယ်သမျှ၊ ခိုင်းသမျှ ကို ကြည်ကြည်ဖြူဖြူကိုလုပ်ကြတာပါပဲ။
သူတို့ဟာ Narcissist တွေရဲ့ စိတ်ဝင်စားစရာကောင်းပြီး လက်တွေ့မဆန်တဲ့ ကောလဟာလ အတင်းအဖျင်းတွေ အပေါ်မှု စီးမျောကြပြီး Narcissist တွေ အပေါ်အထင်ကြီးပြီး စွဲလန်းနေတာကြောင့် သူတို့ရဲ့ လွှမ်းမိုးမှုကို အပြည့်အဝခံယူနေကြတဲ့ လက်ကိုင်တုတ်လေးတွေသာသာပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် အလုပ်ခွင်မှာဆိုရင် အထက်လူကြီးက Narcissist ဖြစ်နေတက်ပြီး သူ့လက်အောက်ငယ်သားအချို့က Flying monkeys တွေဖြစ်နေတက်ပါတယ်။ Narcissist နောက်ကို မဝန်းရံတဲ့ သူကို Narcissist က သူ့flying monkeys တွေကို ဒီလူကို ဒုက္ခပေးဖို့ထောက်လှမ်းခိုင်းတာ၊ ဒီလူကိုအင်အားသုံးပြီး ဝိုင်းကျင်ထားတာ တွေ လုပ်တက်ပါတယ်။ Flying monkeys တွေအမြင်မှာ တော့ ခံရတဲ့ victim အပေါ် ဘက်က တဖက် လှည့်ပြီး perceive လုပ်ပေးဖို့ထက် သူ တို့ရဲ့ Narcissist လူကြီး ခိုင်းတာသာ တသွေမသိမ်းလုပ်ရဖို့သာ မှိုင်းမိနေတက်ကြပါတယ်။ ဒီလို အခြေအနေမျိုးဟာ မိသာစုထဲမှာ ရော အပြင်လောကက မိမိသူငယ်ချင်း စက်ဝန်းထဲမှာ ပါရှိတက်ပါတယ်။ အထူးသဖြင့် အရင်က flying monkey ဟာ ကိုယ်နဲ့ရင်းနှီးဖူးပြီး အခု Narcissist ရဲ့ စနက်ကြောင့် မိမိကိုဖယ်ကျင်ထားတဲ့အခါ၊ အဖက်မလုပ်တော့တဲ့အခါ အရမ်းခါးသီး အထီးကျန်ရတက်ပါတယ်။
အဲ့ဒါကြောင့် Flying monkeys တွေ နဲ့တွေ့တဲ့ အခါ
မိမိရဲ့ Reality ကို ဆုပ်ကိုင်ထားပါ။ သဘောကသူတို့ပြောတဲ့ narrative သူတို့မိမိကို မြင်နေတဲ့ version ကို လက်မခံပါနဲ့။ မိမိ မှန်တယ်ထင်တဲ့ ဘက်မှာ အမြဲရပ်နေပါ။
Narcissist ကိုမိမိက မကျော်လွှားနိုင် တိုင်း မိမိကိုယ်ကို Flying monkeys ဘယ်တော့ မှ အဖြစ်မခံပါနဲ့။ Flying monkeys တွေဆိုတာလဲ ခဏတာတွေပါပဲ။ ဒီလိုလူရဲ့ အစေအပါးတော့ ဘယ်တော့မှမလုပ်နဲ့။
Flying monkeys တွေ ဟာမိမိကိုအရင် က Narcissist နဲ့ပေါင်းပြီး ဒုက္ခပေးခဲ့ဖူးကောင်းပေးခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ တချိန် ချိန်မှာ မိမိဆီ ပြန်လာတက်ကြပါတယ်။ အဲ့အခါကျရင် သတိထားပါ။ Boundary ကိုရှင်းရှင်းလင်းလင်းချမှတ်ပါ။ စည်းမကျော်ပါစေနဲ့။ အရမ်းကြီးပြန် အရောတဝင်မနေပါတော့နဲ့နော်။
စေတနာဖြင့်
မဆု
Narcissism အကြောင်းမဖတ်ရသေးတဲ့ သူတွေအတွက်
https://www.facebook.com/147651869214605/posts/976874466292337/?d=n