2021 မှာ တိုးတက်လာတဲ့ soft skills တွေ
2021 မှာ တိုးတက်လာတဲ့ soft skills တွေ
မဆုအရင်ဆုံး ရှင်းပြချင်တာက soft skills ဆိုတာ လူတွေရဲ့ personality နဲ့ သတ်ဆိုင်ပြီး အသိဉာဏ် နဲ့ခံစားချက် အပေါ်မှာ မူတည်တဲ့ ကျွမ်းကျင်မှုတွေဖြစ်ပါတယ်။ အဲ့ဒါကြောင့် စာမေးပွဲစစ်သလို စစ်ဖို့တိုင်းတာဖို့ခက်ခဲ တဲ့ skills တွေပေါ့။ ဒီခေတ်ကြီးမှာ အများနဲ့ရင်ဘောင်တန်းနိုင်ဖို့၊ နောက်ကောက်ကျမကျန်ခဲ့ဖို့၊ မိမိကိုယ်ကိုယ်ယုံ ကြည်မှုှရှိ ဖို့ soft skills တွေ ပြည့်ဝနေ ဖို့ လိုအပ်တယ်။။ ၂၀၂၁ ဟာမဆုအတွက် self-exploration လုပ်ဖို့ အတွက် ကြီးမားတဲ့အခွင့်အရေးတစ်ရပ်ဖြစ်တဲ့ အဖိုးထိုက်တန်တဲ့ နှစ်တစ်နှစ်လို့ပြောလို့ရပါတယ်။ အဆိုးထဲကအကောင်းတစ်ခုပေါ့။ ၂၀၂၁ ထဲမှာ မဆုဟာ self-development တွေ အများဆုံးလုပ်ဖြစ်ခဲ့ တာကြောင့် Personality က တဖြည်းဖြည်း evolve ဖြစ်လာတယ်ပေါ့။ အဲ့အထဲကမှ ဘယ်အရာတွေဟာ အသိသာဆုံးလဲဆို တော့ အောက်မှာ အသေးစိတ် ဆက် ဆွေးနွေးကြမယ်လေ…..
1) Time-management
ဘဝမှာ အရေးအကြီးဆုံးက ဘာလဲသိလား။ အချိန်ပဲ။ မိမိအချိန်ကို မိမိပိုင်ရင် မိမိဘဝကိုလဲမိမိ ပိုင်တယ်။ သူတပါလွှမ်းမိုးမှု၊ ခိုင်းစေ မှု၊ တွန်းအားပေးမှု ကနေ ကင်းဝေးတယ်။ အရမ်းလွတ်လပ်သွားတယ်။ အခုနောက်ပိုင်းလူတွေဟာ Time-management ဆိုတဲ့ စကားလုံးကို နားနဲ့ မဆန့် အောင် ကြားနေကြတော့ သူ့ရဲ့အနှစ်သာရဟာ တဖြည်းဖြည်းပေါ့လာတယ်လို့ထင်တယ်။ တကယ်တော့ Time-management ကောင်းကောင်းလုပ်နိုင်ရင် ဘဝကြီးဟာ ပဲ့ကိုင်ရတာ တဖြည်းဖြည်းလွယ်သွားလိမ့်မယ်။ Time-management ဆိုတာ တနေ့တာရဲ့အသေးစိပ်ကို အချိန်ဇယားဆွဲပြီးလိုက်လုပ်ဆောင်တာ မဟုတ်ပါနော်။ အချိန်ဇယားတွေ to-do list တွေ ဆိုတာ အဓိကမဟုတ်ဘူးလို့ပြောချင်တယ်။ ပိုမိုစနစ်ကျအောင် ပြုလုပ်လို့ရပင်မဲ့ မရှိမဖြစ်မဟုတ်ဘူး။ Time-management ရဲ့အနှစ်သာရ က မိမိ ဘဝမှာ အရေးကြီးတဲ့ အရာတွေကိုဖိဖိစီးစီးနဲ့အပြည့်အဝလုပ်ဆောင်နိုင်ဖို့အရေးမကြီးတဲ့ အရာတွေကို တက်နိုင်သမျှရှောင်ကျဉ်တာ။ စွန့်လွှတ်လိုက်တာ။ လူတွေအတွက် ဘဝမှာ အရေးကြီးတာ တွေက ဘယ်အရာတွေဖြစ်မလဲ။ မိသားစု၊ ခန္ဓာကိုယ် ကျမ်းမာရေး၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ အသိဉာဏ်ဖွင့်ဖြိုးဖို့၊ ဝင်ငွေ ကောင်းဖို့၊ ပျော်ရွှင်ဖို့၊ စတာတွေဖြစ်တယ်။ ဒါပင်မဲ့ တစ်ယောက်နဲ့တစ်ယောက် ဘဝမှာ တန်ဖိုးထားပုံခြင်းကမတူနိုင်တဲ့ အတွက် တသမတ်ထဲတော့ မှတ်လို့မရနိုင်ဘူးနော်။ မိမိကိုယ်ကို ပဲ ပြန်မေးကြည့်ပါ။
မဆု က တော့ Movie ကြည့်ခြင်း၊ social activities တွေမှာ ပါဝင်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ social media အလွန် အကျွံအသုံးပြုခြင်း၊ overthinking လုပ်ခြင်း၊ စတဲ့ အရာတွေကို တတ်နိုင်သမျှ နည်းသွားအောင် သတိနဲ့နေ ပြီး စာဖတ်ခြင်း၊ စာရေးခြင်း၊ အသစ်တွေ လေ့လာခြင်း၊ ဖန်တီးမှုတွေပြုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ လမ်းလျှောက်ခြင်း စတဲ့ အရာတွေအတွက် အချိန်ကို ပေါပေါလောလော သုံးပါတယ်။ ဒီအရာတွေကိုကိုယ်တိုင်ရွေးချယ်ပြုလုပ်တာဖြစ်တာကြောင့် စိတ်ဖိစီးတာမရှိဘူး၊ deadline မရှိဘူး၊ ကိုယ့်ဘဝကိုကိုယ် အစိုးရတယ် လို့ခံစားရတယ်။ အမှီအခိုကင်းသွားပြီး လွတ်လပ်သွားတယ်။
2) Emotional management (Self-awareness and self-regulation)
ပွင့်ပွင့်လင်းလင်းပြောရရင် မဆုဟာ ငယ်ငယ်က Toxic environment မှာ ကြီးပြင်းလာခဲ့တာကြောင့် EQ ကို သာမန်လူတွေထက် တော်တော် အားနည်းခဲ့တယ်။ အဲ့ဒါရဲ့ရလဒ်ကတော့ အရွယ်ရောက်လာတော့ အလုပ်ခွင်၊ Social နဲ့ relationship မှာ ချောချောမောမော ပေါ့ပေါ့ ပါးပါး ရှိတယ်ဆိုတာ မရှိခဲ့ရဘူး။ ကိုယ်တိုင်မှာ မိမိကိုယ်ကို ယုံကြည်မှုမရှိမှု၊ မိမိကိုယ်ကိုယ် နားမလည်မှု၊ စိတ်မလုံခြုံမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်လိုက်မာန်ပါ ပြုမူမှု၊ စိတ်မရှည်မှု တွေနဲ့ အသားတကျ နေထိုင်ခဲ့ရတဲ့ လူသားတစ်ယောက်ဖြစ်ခဲ့တာပေါ့။ (အခုအချိန်ထိလဲ ဒီ trait တွေ နည်းပါးသထက် နည်းပါးသွားအောင် သတိထားပြီး ပြုပြင်ပြောင်းလဲနေဆဲပဲ)။ အဲ့ဒါကြောင့် စိတ်ထဲမှာ အမြဲ တစ်ခုခုကို ရှာကြံပြီး စိတ်ဖိစီး တဲ့ အကျင့်ရှိခဲ့တယ်။ ဒီ အကျင့်တွေကို နောက်ပိုင်းတရားထိုင်၊ အဓိဌာန်တွေ ဝင်၊ self-help စာအုပ်တွေဖတ်ပြီး မိမိကိုယ်ကို ဆင်ခြင်သုံးသပ်မှုတွေ ပြုလုပ်ရင်းနဲ့မိမိရဲ့ စိတ် ရဲ့သဘောသဘာဝကို အရင်ထက်ပိုပြီး နားလည်လာတယ်။ အဲ့ဒီနောက်မှာ အသိစိတ်ရယ် logic ရယ် တွဲပြီး ကိစ္စတွေကို ဆင်ခြင်သုံးသပ်ပြီး မှန် ကန်တဲ့ တုံ့ပြန်မှုတွေကိုရွေးချယ်တက်လာတယ်။ အထူးသဖြင့် စိတ်ထဲမှာ အဖျက်သဘောတွေရှိနေတဲ့အခါ သူ့နောက်မလိုက်ပဲ မတူညီတဲ့ ရှုထောင့်တစ်ခုက ပြန်တွေးပြီး အပြုသဘောဆောင်တဲ့ တုံ့ပြန်မှု နဲ့လုပ်ဆောင်မှုကို ရွေးချယ်ဖြစ်လာတယ်။ မိမိကို ဒေါသဖြစ်စေမဲ့ အရာတွေ၊ လူတွေ ကိုထိပ်တိုက်မတွေ့တော့ပဲ မိမိ system ထဲက ပယ်ထုတ်တက်လာတယ်။ အဲ့ဒါကြောင့် ဘဝဟာ အရင်လိုအရမ်းကာရော ဖရိုဖဲရဲဖြစ်မနေတော့ဘူး။ Drama တွေ နဲ့ပြည့်မနေတော့ဘူး။
3) Expectation management
လူတွေဆီက မျှော်လင့်ချက်ကိုလျှော့ချပစ်နိုင်တာဟာလဲ လွတ်လပ်မှု တစ်မျိုးပဲ။ ကိုယ့်ဘက်ကပဲ တက်နိုင်သမျှ ပေးဆပ်လိုက်တယ်။ ကူညီလိုက်တယ်။ ရက်ရောပေးလိုက်တယ်။ အဲ့ဒီအတွက် သူ့ဘက်က တော့ ငါ့ကိုဘာတော့ ပြန်လုပ်ပေးနိုင်ကောင်းပါရဲ့၊ ဘာတော့ပြန် လုပ်ပေးသင့်တယ် စသည်ဖြင့် တွက်ချက်မနေတော့ဘူး။ limit တစ်ခု အတိုင်းအတာတစ်ခုအထိ စိတ်နှစ်ပြီး လုပ်ပေးလိုက်တာပဲ။ သူ ကျေးဇူးမတုံ့ပြန်လဲ ကိုယ့်ဘက်က သိပ်မခံစားဘူး။ သူ့ဘက်က တန်ဖိုးမထားရင်တော့ထပ်ပြီး မပေးတော့ဘူး။ ဒီလောက်ပဲ။ ငါကတော့ ဒါတွေ လုပ်ပေးလိုက်ရတာ၊ စိုက်ထုတ်ပေးလိုက်ရတာ သူ ကတော့ ငါ့ကိုဒီလိုလုပ်ရက်တယ်ဆိုတဲ့ အတွေးမျိုး၊ နောင်တမျိုး၊ ဒေါသမျိုး (လုံးဝမရှိတော့ဘူးလို့မဆိုလိုဘူးနော်) တော်တော်နည်းသွားတဲ့အခါ ဘယ်အရာမဆို move on လုပ်ပြီး ရှေ့ဆက်ဖို့ မြန်ဆန်လွယ်ကူလာတယ်။ (အရင်ထက်)
4) Setting boundaries
ဘဝမှာလေ လူဆိုးလူကောင်းဆိုတာထက် မိမိအပေါ် သိတက်တဲ့ သူနဲ့ မိမိကို အကျိုးယုတ်အောင် ပြုလုပ်တဲ့သူ ဆိုပြီးပဲ နှစ်စုခွဲ လိုက်ပါ။ အဲ့ဒီထဲမှာ မိမိကို အကျိုးယုတ်အောင် တမင်တကာဖြစ်စေ၊ မသိလိုက်မသိဖာသာဖြစ်စေ ပြုလုပ်တက်တဲ့ သူတွေရှိတယ်။ သူတို့ရဲ့ Negative energy က ကိုယ့်ကိုလွှမ်းမိုးစေပြီး မိမိစိတ်ကို အားအင်ချိနဲ့အောင်၊ ပါဝါကျအောင် ထိုးနှက်နေတဲ့ trigger တွေပေါ့။ ကိုယ်နဲ့ အရင်းနှီးဆုံး မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေ ထဲက တစ်ယောက်မဟုတ်တစ်ယောက်မလွဲမသွေပါဝင်မှာပဲ။ အဲ့ဒါကြောင့် ကိုယ်နဲ့အဆင်မပြေတဲ့သူ တိုင်း ကို လုံးဝကြီးအဆက်အသွယ်ဖြတ်လိုက်ဖို့၊ တသတ်လုံး မခေါ်မပြော ပဲနေသွားဖို့ခဲယဉ်းပါတယ်။ အဲ့ဒီအခါမျိုးကြရင် ကိုယ့်စည်းနဲ့ကိုယ်နေတက်ဖို့၊ မိမိက မိမိဘာသာ နေပင်မဲ့ တဖက်သားက စည်းကျော်လာရင် အားမနာတန်း၊ ရဲရဲဝံ့ဝံ့ တွန်းဖယ်ဖို့အရေးကြီးတယ်။ မိမိက ပျော့ညံ့နေပြီး နောင်အခါမှ သူတို့က ငါ့ ကိုဒီလို လုပ်တယ်ဆိုတာမျိုး မကျေမနပ် ညည်းညူ ခြင်းက ဘာမှအကျိုးမရှိဘူး။ (မဆုက တော့ ဘယ်သူနဲ့ကိုယ်နဲ့ကီးမကိုက်ရင် အဆက်အဆံကိုလုံးဝမလုပ်တာ။ လမ်းတွေ့ ရင်လဲမျက်နှာပြောင်ပြောင်နဲ့ ပြုံးပြပြီး ရှေ့ဆက်သွားလိုက်တာပဲ။ အခုအချိန်အထိတော့ အေးဆေးပဲ။)
5) Staying true to myself
ကျွန်မတို့ဟာ မြန်မာယဉ်ကျေးမှုအရ၊ မိဘတွေရဲ့ အုပ်ထိန်းမှုပုံစံအရ၊ ပတ်ဝန်းကျင်ရဲ့ အကဲဖြတ်မှုအရ (မိန်းကလေးရော ယောက်ျားလေးပါ) အရှိအရှိအတိုင်း နေဖို့မဝံ့မရဲဖြစ်ခဲ့ကြတယ်။ ဖြစ်နေကြတုံးပါပဲ။ (ယောက်ျားလေးဆိုရင် လဲ ကျားကျားယားယားနေဖို့၊ မိန်းကလေးဆိုလဲဗိုင်းကောင်းကြောက်ဖိနေဖို့)
ကျွန်မတို့ဟာ ကိုယ့်ကို လက်မခံမှာ၊ ငြင်းပယ်မှာ၊ ငြိုငြင်မှာ စိုးရိမ်ကြတယ်။ အဲ့ဒါကြောင့်မိမိကိုယ်မိမိပျောက်ဆုံးတက်ကြပါတယ်။ မိမိ ဘာလိုချင်မှန်း၊ ဘာလိုအပ်မှန်း၊ ဘာလုပ်ချင်မှန်း၊ ဘာကြိုက်မှန်း၊ ဘာကိုတန်းဖိုးထားရကောင်းမှန်း၊ ဘာတွေကိုတော့ အပြတ်အသတ် လက်မခံရမှန်း မသိတော့ဘူး။ မဝေခွဲတက်တော့ဘူး။ အများက ဒါဆို ဒါလိုက်တာပဲ။ ရှေရှေဝေးဝေးတွေးမနေတော့ဘူး။ အကြောင်းအရင်းကိုမစဉ်းစားတော့ဘူး။ အဲ့ဒါဟာ မိမိ identity ပျောက်နေတယ်ဆိုတဲ့ လက္ခဏာပဲ။ မိမိကိုယ်တိုင်တောင် ကိုယ့်ကိုယ်ကို မသေချာဘူးဆိုရင်မိမိ နဲ့ဆက်ဆံနေတဲ့ သူတွေ အတွက်ပိုပြီး burdern ဖြစ်စေတယ်။ မသေချာမှုတွေ က အရာရာကိုေ၀ဝါးစေတယ်။ ကျွန်မဆို အရင်က အရမ်းအားနာတက်တယ်။ ဘာကြောင့်လဲဆိုတော့ တဖက်သားက ကိုယ့်ကို စိတ်ကွက်သွားမှာ စိုးတာရယ်၊ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ယုံကြည်မှု မရှိတာရယ် ကြောင့် မိမိစိတ်ထဲက မှန် တယ် ယုံကြည်နေပင်မဲ့ နောက်ဆုတ်လိုက်ရတဲ့ အခြေအနေတွေ၊ ငုံ့ခံလိုက်ရတဲ့ အချိန်အခါတွေ အများကြီးပဲရှိခဲ့တယ်။ သူတပါးနဲ့ confront လုပ်ဖို့သတ္တိမရှိတာပေါ့။ အခုနောက်ပိုင်း တော့ အဲ့လိုမဟုတ်တော့ဘူး။ မိမိဘက်မှာ မိမိပဲရှိတယ်။ မိမိ ရဲ့ ထင်မြင်ချက်၊ အယူအဆ၊ မိမိအတွေးအခေါ် နဲ့ judgement မှန် သမျှကို မိမိကိုယ်တိုင်က မှ ရဲရဲရင့်ရင့် present လုပ်ဖို့ တွန့်ဆုတ်နေရင် မိမိဟာ လူပျော့တစ်ယောက်ပဲ။ အဲ့ဒါကြောင့်သတ္တိရှိရှိ ကိုယ့်ကိုယ်ကို ရပ်တည် နိုင် လောက်တဲ့တဲ့ယုံကြည်မှု၊ သေချာမှုတော့ ရှိရမယ်။ အထူးသဖြင့် ကျွန်မတို့ လို idealist တွေ၊ Non-conventionalist တွေ၊ Revolutionlist တွေ၊ အို ကုန်ကုန် ပြောရရင် rebel တွေအတွက် မိမိကိုယ်ကို ယုံကြည်မှုနဲ့ secure ဖြစ်မှုကအရမ်းအရေးကြီးတယ်။ အများ သဘောတူလက်ခံတဲ့ ယဉ်ကျေးမှုအစဉ်အလာတွေ ကို ဂရုမစိုက်ပဲ နည်းလမ်းသစ် တွေ၊ နေထိုင်မှု ပုံစံအသစ်တွေ၊ တွေးခေါ်မှုပုံစံ အသစ်တွေကို လေ့လာလိုက်စားရင်း သဘာဝကျကျ တွေးခေါ် နေထိုင်နိုင်ဖို့၊ ဘောင်အပြင်ဘက်က လွတ်လပ်စွာတွေးခေါ်နိုင်ဖို့ အတွက် အဓိပ္ဗယ်မရှိတဲ့ ရှေးရိုးစွဲအစဉ်အလာတွေ နဲ့လွှမ်းမိုးခံဖို့လုံးဝအဆင်မပြေဘူး။
လူတွေ က မိမိ ကို အတင်းအကြပ် ဝေဖန်လာတာမျိုးဆိုရင် ရှောင်ထွက်သွားလို့ အခြေအနေမပေးရင် ခေါင်းငုံံ့မခံတက်တော့ဘူး။ မိမိစိတ်ထဲမှာ မိမိလက်ခံတဲ့ တန်ဖိုး (သို့) အယူအဆတစ်ခုကို တဖက်သားနဲ့ဆန့်ကျင်နေတယ်ဆိုရင်တောင် ပေါ်ပေါ်ထင်ထင်ကို ပြောရဲရမယ်။
6) Strategic Planning
Strategic Planning ဟာလူတိုင်းအတွက် လိုအပ်တဲ့ skill တစ်ခုမဟုတ်ပင်မဲ့ မိမိမှာ ကြီးမားတဲ့ idea တွေ plan တွေရှိတယ်ဆိုရင် မရှိမဖြစ် ရှိရမဲ့ skill တစ်ခု ဖြစ်တယ်လို့ထင်ပါတယ်။ မဆုဟာ အရင်ကဆို မိမိ ပြုလုပ်ရမဲ့ နေ့စဉ် တာဝန်လောက်က လွဲလို့ ခြုံငုံသုံးသပ် တွေးခေါ်မှု တွေ ၊ long-term Planning တွေ သိပ်မလုပ်တက်ဘူး။ လုပ်ဖို့ လဲအခြေအနေမပေးခဲ့တာလဲပါတာပေါ့။ ဒါပင်မဲ့ အခု Ma Su Training ကို ၂၀၂၁ နှောင်းပိုင်းလောက်မှာ grow ဖြစ်အောင် လုပ်ဖို့Motivation ရလာခဲ့တာကြောင့် Plan တွေဆွဲတယ်။ ပြီးမြောက်သွားတဲ့အရာတွေအပေါ် observe လုပ်ပြီးသုံးသပ်တယ်။ လိုအပ်တဲ့ အရာတွေကို ချက်ချင်း action ယူပြီး ဖြည့်စွက်တယ် အစရှိသည်ဖြင့်ပေါ့။ အထူးသဖြင့် မဆုမှာ teaching background ကလွဲလို့ social media marketing ၊ Content creating ၊ IT နဲ့တခြားကျွမ်းကျင်မှု တွေ အတွက် ဘာအတွေ့ အကြုံမှမရှိခဲ့သလို မဆုကို supervise လုပ်ပြီး mentor လုပ်ပေးတဲ့ သူတစ်ယောက်မှမရှိဘူး။ အဲ့ဒါကြောင့် ကိုယ့်တက်ကိုယ်လှော်ပြီး စမ်းသပ်၊ ပြင်ဆင်၊ ပြန် လုပ်၊ တီထွင် စတဲ့ အလုပ်တွေ ပိုလာခဲ့တယ်။ နောက်ပိုင်း မှာ idea ရပြီဆို တခါတည်း plan ကောင်းကောင်းဆွဲပြီး တခါတည်း အပြီးထိသွားလိုက်တော့တယ်။
မဆု