မိမိကိုယ်ကိုယ်ယုံကြည်မှုတည်ဆောက်ခြင်း
မိမိကိုယ်ကိုယ်ယုံကြည်မှုတည်ဆောက်ခြင်း
ဒီအကြောင်းလေးက လဲမဆု စိတ်ထဲမှာ တနုံ့နုံ့နဲ့ဆွေးနွေးချင်နေတာ အချိန်ကာလတစ်ခုရှိပါပြီ။ ကျွန်မတို့လူသားတွေဟာ လူ့အသိုင်းအဝိုင်း ရဲ့ Standard တွေ expectation တွေကြောင့် လှောင်အိမ်ထဲက ယဉ်ပါး အောင်လုပ်ထားတဲ့ ကျားသစ်တစ်ကောင် ဖြစ်နေကြပါ တယ်။ ကျားသစ်ရဲ့ သဘာဝဟာ ရဲရင့်တယ်။ အရိုင်း ဆန်တယ်။ အကြောက်တရားဆိုတာမရှိဘူး။ပြုပြင်မွန်းမံထားတာမရှိဘူး။ တောထဲမှာ သူ့ထက်အားအင်ကြီးမားတဲ့ သတ္တဝါမရှိတဲ့ အတွက် ဘယ် တိရိစ္ဆာန်ကိုမှ ဂရုမစိုက်ဘူး။ ထင်သလို နေတယ်။ ဒါပင်မဲ့ ကျားသစ် ပေါက်လေးကို မွေးစားပြီး လှောင်အိမ်ထဲမှာ မွေးထားမယ် ယဉ်ပါးအောင်လုပ်ထားမယ်ဆိုရင်တော့ သူ့ရဲ့ authentic ဖြစ်တဲ့ သဘာဝတရားဟာ ပျောက်ကွယ်သွားမှာဖြစ်ပြီး သူ့ဘဝတစ်လျှောက်လုံးအိမ်မွေးကြောင်လေးလိုလဲပြုမူချင်ပြုမူနေလိမ့်မယ်။ ကျွန်မတို့တော်တော်များများဟာ ဒီ ကျားသစ်ပေါက်လေးရဲ့ဘဝလို နေလာခဲ့ကြတာများပါတယ်။ အဖေအမေရဲ့ လွှမ်းမိုးမှု၊ သူငယ်ချင်းတွေကြားထဲ ဝင်ဆန့် အောင် နေထိုင်ရမှု၊ ပတ်ဝန်းကျင်မှာ နာမည်ကောင်းရအောင် ကြိုးစားရမှု နဲ့ နမည်ပျက်မရှိအောင် ထိန်းသိမ်းနေရမှုတို့ကြောင့်ကျွန်မတို့ရဲ့ ပင်ဂိုဖြစ်တည်မှု (true self) ဆိုတာ ကျွန်မတို့ကိုယ်တိုင် ပျောက်ဆုံမေ့ လျော့တက်ကြတယ်။ အမှန်စင်စစ်က လူ့ဘဝဆိုတာ တိုတိုလေးနော်… ကျွန်မထပ်ရေးအုံ;မယ်… လူ့ဘဝဆိုတာ တိုတိုလေးပါ… ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေ အောက်က ရုန်းမထွက်ရင် ပတ်ဝန်းကျင်ကို သင့်ဘဝကို ကြိုးကိုင် ထိန်းချုပ်ဖို့သင်ကိုယ်တိုင် ကြိုးပေးလိုက်သလိုပါပဲ။
ဥပမာကျွန်မပြောမယ်…. လွန်ခဲ့တဲ့ လအနည်းငယ်က အသက် ၄၀ ဝန်းကျင်နိုင်ငံခြားသားသူငယ်ချင်းတစ်ယောက် က ကလောကို အလည်လာရင်းကျွန်မကိုမေးတယ်။ နင် အိမ်ထောင်ပြုဖို့အစီအစဉ်မရှိတော့ဘူးလားတဲ့။ ကျွန်မအသက်ကအိမ်ထောင်ပြုပြီး ကလေးယူဖို့အတွက် နောက်ထပ် ဘယ်နနှစ်မှ မကျန်တော့ဘူးတဲ့။ ဒါကတော့ လူ့အသိုင်းအဝိုင်းတစ်ခုက သတ်မှတ်ထားတဲ့စံနှုန်းတစ်ခုကို စေတနာနဲ့ သတိပေးတာပါ။ ဒါပင်မဲ့ ကျွန်မအတွက်ကတော့ လူ့ဘဝရဲ့ အနှစ်သာရဆိုတာ အိမ်ထောင်ပြု ပြီးကလေးတွေ မွေးပြီးမှ ရနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းလို့ လက်ခံမထားဘူး။ အဲ့ဒါကြောင့် ကျွန်မ ပြန်ဖြေလိုက်တယ်။ အိမ်ထောင်ပြုဖို့က ငါ့ရဲ့ ရည်မှန်းချက်တစ်ခုမဟုတ်သလို အလျင်စလို ဦးစားပေးလုပ်ဆောင်ရမဲ့ အရာတစ်ခုလည်းမဟုတ်ဘူး။ အာ့ကြောင့် အဲ့ဒီကဏ္ဏကို ငါမစဉ်းစားဖူးလို့။ အဲ့တော့ သူကထပ်မေးတယ်။ အဲ့ဒါဆိုနင့် ရည်မှန်းချက်ကဘာတုန်းတဲ့။ ငါ့ရည်မှန်းချက်က ငါ အခုရရှိနေတဲ့အခြေအနေပဲ။ လက်ရှိ အခြေအနေမှာ ငါနဲ့အဆင်မပြေတဲ့ လူတွေကို တစ်ခုခုကို ထောက်ထားပြီး အောင့် အီးပြီး သည်းခံ ပြီး ပေါင်းသင်းဆက်ဆံနေစရာမလိုတဲ့ အခြေအနေ။ အသက်ရှင်နေထိုင်ဖို့အတွက် ပိုက်ဆံရအောင် ကိုယ် မပျော်တဲ့ အလုပ်မှာ စိတ်ပင်ပန်းခံပြီး နေနေစရာမလိုတဲ့ အခြေအနေ။ ငါ့ ကို အပြစ်မြင်နေတဲ့ သူတွေကို အပြစ်မမြင်အောင် အလိုက်အထိုက်နေပေးစရာမလိုတဲ့အခြေအနေ။ ငါ စိတ်ပျော်တဲ့ အလုပ်တွေကိုပဲရွေးချယ်ပြီး လုပ်လို့ရတဲ့အခြေအနေပဲလေ။ ကျွန်မအဖြေကို သူ ကျေနပ်သွားပါတယ်။
အောက်ပါ အချက်တွေက တော့ မဆု ရဲ့ Evolution ဖြစ်ပါတယ်။ အဲ့ဒီအတွက် စာဖတ်သူတို့အတွက် အကြံဉာဏ်ကောင်း တွေ ဖြစ်ဖို့ မျှော်လင့်ပါတယ်။
၁) ပတ်ဝန်းကျင်က သင့်ရဲ့ ဖြစ်တည်မှု ကို အသိအမှတ်မပြုရင်၊ သင့်ကို ပယ်ထားရင်တောင် မှ သင့်ရဲ့ အရှိအတိုင်းပဲဆက်နေသွားပါ။ ဘာကြောင့်လဲ ဆိုတော့ သင့်ရဲ့ ဖြစ်တည်မှုကို လက်ခံတဲ့ ပတ်ဝန်းကျင် နောက်တစ်ခုဆိုတာ အမြဲရှိပါတယ်။
၂) လွှတ်ချစရာရှိတာ ရဲရဲကြီးလွှတ်ချပစ်လိုက်။ မသင့်တော်တဲ့ တစ်ခုခု (သို့) တစ်စုံတစ်ယောက်ကို စွဲလမ်းနေသမျှကာလပတ်လုံး Logical thinking မရနိုင်တဲ့ အတွက် ပူလောင်ပါတယ်။ ကျွန်မတို့အလိုရှိတာက အပူတွေ မဟုတ်ဘူး။ အငြိမ်းဓါတ်။ စိတ်ကိုပိုင်းဖြတ်ပြီး အငြိမ်းဓါတ်ရအောင်ပြန်တည်ဆောက်ဖို့ပဲ။
၃) မိမိကိုယ်ကိုယ်အတွက်ပဲအသက်ရှင်ပါနော်။ စပန့်ဘောင်းဘီ နဲ့သရေဖိနပ်နဲ့ပဲနေရတာ သက်သောင့်သက်သာရှိတယ်ဆိုရင် ဘာကြောင့်မို့အဝတ်တန်ဆာတွေ ဆင်မြန်းနေမလဲ။ အဝတ်အစားအပြင်အဆင်က အစ တပါးသူတွေကို စွဲဆောင်ဖို့အထင်ကြီးစေလိုဖို့ထက်မိမိသက်သောင့် သက်သာဖြစ်မှု၊ ဒီအဝတ်ဝတ်ထားမှ မိမိကိုယ်ကိုယ်လုံခြုံစေမယ်ဆိုတဲ့ အပြင်အဆင်မျိုးပဲ ရွေးချယ်ဝတ်လိုက်တော့နော်။
၄) သူများပြောတိုင်းနားမရောင်နဲ့။ ကိုယ် ယုံကြည်ရာတစ်ခု (သိုံမဟုတ်) ကိုယ့် ထင်မြင်ချက်တစ်ခု က တပါးသူ ပြောတာနဲ့ဆန့်ကျင်နေရင် မျက်စိမှိတ် ပြီး လိုက်မရောင်လိုက်ပါနဲ့နော်။ သေချာ လေ့လာစဉ်းစားပြီးမှ လက်ခံသင့် မခံသင့်ဆုံးဖြတ်ပါ။ လက်မခံ နိုင်ရင် လက်မခံနိုင်ကြောင်း မားမားမတ်မတ် ပြောဝံ့ပါ။
၅) ခန္ဓာကိုယ်အနေအထား၊ မျက်နှာ အမူအရာ နဲ့စကားပြောဆိုတဲ့ tone ကို သတိပြုပါ။ ပြင်ဆင်ဖို့လိုရင် ပြင်ဆင်ပါ။ ခန္ဓာကိုယ် ကိုကျုံ့နေတဲ့ပုံစံ ထက် ကျယ်ပြန့်မားမတ်တဲ့ posture ကို လေ့ကျင့်ပါ။ စကားပြောရင် တဖက်သားကိုမျက်လုံးချင်းစိုက်ကြည့်ပါ။ မျက်လွှာချထားတာတို့စကားပြောနေတဲ့အချိန်အကြည့်လွှဲတာတို့က self-confidence ရှိတဲ့ သူတွေ အတွက်မဟုတ်ဘူးနော်။ စကားပြောတဲ့အခါ လေသံကို မတိုးမကျယ်နဲ့အေးအေးဆေးဆေးပြောပါ။ အရမ်းမြန်မြန်ပြောစရာမလိုပါဘူး။
၆) ကြွားဝါခြင်းဟာ နဲ့ အာဏာပြခြင်း ဟာ မိမိ ကိုယ်မိမိ လုံခြုံမှုမရှိတဲ့ သူတွေလုပ်တဲ့ အလုပ်နော်။ မိမိစိတ်ထဲမှာ မိမိဟာ ရဲရင့်တဲ့ ကျားသစ်တစ်ကောင်ဆိုတာ ယုံကြည်နေသမျှကာလပတ်လုံး လိုက်သက်သေပြစရာမလိုဘူး။
၇) တခြားသူတွေ အောင်မြင်မှုရတာ တွေ့မြင်ရရင် ဂုဏ်ယူပေးလိုက်ပါ။ ဒါပင်မဲ့ တခြားသူတွေ နိမ့်ကျတဲ့အခါ၊ မိမိနဲ့အဆင်မပြေတော့တဲ့ အခါ အတင်းပြောတာ ဝေဖန် တာ စတာတွေ ကိုရှောင်လိုက်တော့။ သူ တို့energy တွေ ကိုကိုယ့် system ထဲထုတ်လိုက်ဖို့အထိရောက်ဆုံးနည်းက သူတို့နဲ့ပတ်သက်သမျှကို တက်နိုင်သမျှ မစဉ်းစားဖြစ်အောင်၊ သူတို့အကြောင်းမပြောဖြစ်အောင် နေလိုက်ခြင်းပါပဲ။ တစ်နည်းပြောရရင် Positive vibe တွေဆိုရင် မိမိ ထဲကိုစီးကူးပါ။ Negativity ဆိုရင် တက်နိုင်သမျှ လျစ်လျူရှုပါ။ မစီးမျှောပါနဲ့နော်။
၈) ပညာရပ်အသစ်တွေ လေ့လာပါ။ မိမိစိတ်ဝင်စားတဲ့အရာတွေကို explore လုပ်ပါ။ အဲ့လိုလေ့လာခြင်းအားဖြင့် မိမိဟာ အချိန် နဲ့အမျှ တိုးတက်နေတယ်ဆိုတဲ့ခံစားမှုရရှိတဲ့အတွက် မိမိကိုယ်ကိုယုံကြည်မှု တိုးတက်ပါတယ်။
၉) ငါမလုပ်နိုင်ဘူး။ ငါက အဲ့လောက်ထိ အစွမ်းအစမရှိဘူးဆိုတဲ့ အတွေးမျိုး မတွေးနဲ့နော်။
ငါလုပ်နိုင်တယ်။ လုပ်ကြည့်အုံးမယ် ဆိုပြီး လုပ်ကြည့်ပါ။ လုပ်ဖို့ မရဲရင် plan ကောင်းကောင်းလုပ်ပြီး စိတ်ထဲမှာ ပုံဖော် ကြည့်ပါ။ ဒီလို visualize လုပ်လိုက်တဲ့ အတွက် ဒီ challenge ဟာ မိမိနဲ့ရင်းနှီးသွားတဲ့အတဲ့ တကယ်လုပ်တဲ့အခါ ပိုပြီးကျွမ်းကျင်လာပါတယ်။
နောက်တစ်နည်းက လုပ်နိုင်တဲ့ ပုံစံ လုပ်ဖူးတဲ့ပုံစံ။ တကယ်အောင်မြင်ပြီးတဲ့ ပုံစံကို ပုံဖော်ပြီး ဟန်ဆောင်ကြည့်ပါ။ Fake it till you make it ဆိုသလိုပဲ။ ဟန်ဆောင်ရင်းနဲ့ action တွေက second nature ဖြစ်လာပြီး လိုချင်တဲ့ vision ထဲ က မိမိပုံ စံအတိုင်းတကယ်ဖြစ်ပါတယ်။
မိမိကိုယ်ကိုယ်ယုံကြည်မှုဆိုတာ မိမိကိုယ်မိမိခံယူချက် ဖြစ်တဲ့အတွက် အပြင်လောကက လာတာမဟုတ်ပါဘူး။ သူများက တော်တယ်လို့ချီးမွမ်းပေးမှ ယုံကြည်မှုတိုးသွားမယ်ဆိုတဲ့ stage ဆိုရင် ကိုယ့်ကိုယ်ကိုယ် တကယ်ယုံကြည်မှု အားနည်းနေသေးလို့ပါ။ မိမိကိုယ်ကိုယ်ကျေနပ်နေ ရင်၊ မိမိအရှိန်အဝါကို မိမိယုံကြည်နေရင်၊ တပါးသူ အသိအမှတ် မပြုလဲမိမိကိုယ်ကို ယုံကြည်မှုရှိနေရင်၊ လူတွေရဲ့ ချယ်လှယ်မှုကို မခံယူတော့ရင် အဆင်ပြေနေပါပြီ...
မဆု