CELTA သင်တန်းမှာ ဘာတွေ အထူးသတိထားရမလဲ။
CELTA သင်တန်းမှာ ဘာတွေ အထူးသတိထားရမလဲ။
နောက်ပိုင်းမှာ CELTA တက်မည့်သူတွေ တဖြည်းဖြည်းများလာတာသိရတော့ အတိုင်းထက်အလွန်ကို ၀မ်းသာမိတယ်။ အထူးသဖြင့် အရဲစွန့်ပြီး မိမိ ပန်းတိုင်ကိုရောက်အောင်သွားမယ်ဆိုတဲ့ သတ္တိ နဲ့ တိုးတက်ချင်စိတ် ရှိတဲ့ သူတွေဆိုအရမ်း ကြိုဆိုတယ်။ လေးလဲလေးစားတယ်။ အဲ့ဒါကြောင့် မကြာတော့မည့်အနာဂါတ်မှာ CELTA သွားတက်မည့်သူတွေ နဲ့ရော CELTA တက်ဖို့ရည်ရွယ်ထားတဲ့ သူတွေအတွက် ပါ ရည်ရွယ်ပြီး အောက်ပါ Tips လေးတွေကို လက်ဆောင်အဖြစ်ပေးလိုက်ပါရစေ။
၁) Trainers တွေရဲ့ Input ကိုသေချာနားထောင်ပါ။
များသောအားဖြင့် Input sessions တွေက နေ့လည်ပိုင်းတွေဖြစ်တယ်။ Lunch ပြီးပြီးချင်း။ Trainers တွေက သူတို့လိုချင်တဲ့ ပွိုင့်တွေ အသေးစိတ်ပြောပြလိမ့်မယ်။ အိပ်မငိုက်ပဲသေချာ လိုက်နားထောင်ပါ။ သူတို့ပြောတဲ့ အတိုင်းကို သာ တသွေမတိမ်း Lesson plan လုပ်ပါ။ ကွန့်ညွှန့် ပြီး Creative ဖြစ်စရာမလိုဘူး။ သူတို့လို ချင်တဲ့ အမှတ်ပေးတဲ့ ပွိုင့်တွေ ကို Lesson plan ထဲ မှာရော TP (Teaching practice) မှာ ပါမတွေ့ရရင် (သို့) အောင်အောင်မြင်မြင်မလုပ်နိုင်ရင် အမှတ်လျှော့ပါတယ်။
၂) Feedback ရဲ့ အရေးပါမှု
TP တစ်ခုပြီးတိုင်း Trainers တွေ ဆီက ရော ကိုယ့် အတန်းဖော်တွေဆီက က Feedback ရပါတယ်။ အထူးသဖြင့် Trainers တွေက မိမိရဲ့ TP ကို သေချာ evaluate လုပ်ပြီး အသေးစိပ် Feedback ပြန်ပေးပါတယ်။ မိမိ အတွက် အနှစ် ကြီးပဲ။ အပေါ်ယံ သာနားထောင်ခြင်းမဟုတ်ပဲ သူ ပြောတဲ့ ပွိုင့်တွေ ကို မိမိ ဘာသာ လဲပြန် Reflect လုပ်ပြီး နောက် TP မှာ မွန်းမံပြီးပိုကောင်းအောင်လုပ်ပါ။
၃) ကျောင်းသားတွေရဲ့ အမှားတွေ အမြဲ နားစွန့်ပါ
CELTA က instruction နဲ့ clarification ပေးတက်ရုံသာ မကပဲကျောင်းသူကျောင်းသားတွေ လုပ်မိတဲ့ အမှားတွေပြင်ပေးတက်မှုကိုလဲအကဲဖြတ်ပါတယ်။ ကျောင်းသားတွေ speaking activity လုပ်နေတဲ့ အခါ သတိလက်လွတ် မတ်တက်ရပ်မနေပါနဲ့။ ကျောင်းသားတွေ အားလုံးကို တစ်ယောက်ချင်း ခဏစီလိုက်ကြည့်ပြီးနားစွန့်ပါ။ ဒါကို Monitoring လို့ခေါ်ပါတယ်။ အခြေအနေပေးရင် သူတို့ error တွေကို နုတ်သေးသေးလေးထဲ ပြေးမှတ်ပါ။ အတန်းတစ်ခုလုံးပြီးလို့၅ မိနစ်လောက်ပို နေရင် ဒီ အမှားတွေအားလုံး ကို သင်ပုန်းပေါ်မှာ ပြန်ရှင်းပြပေးပါ။ ဘယ်သူကဘယ်နေရာမှားလဲပြောစရာမလိုပါဘူး။ အမှားတွေကိုပဲ ခြုံငုံပြီး ရှင်းလင်းကျစ်လစ်စွာ ရှင်းပြပါ။
၄) Time management
TP တစ်ခုကို ၄၅ မိနစ်ကြာပါတယ်။ မိမိ အတန်းမစခင် အစထဲက ပေးမဲ့ worksheet တွေ နဲ့ တခြားလိုအပ်တာမှန်သမျှ စားပွဲပေါ်မှာ အစဉ်လိုက်စီစဉ်ထားပါ။ Activity အလိုက် အကန့်လေးတွေခွဲပြီး စီထားပါ။ အတန်းစပြီဆိုတာနဲ့ Lead-in ၀င်ပြီးတန်းသင်ရမှာပါ။ ၄၅ မိနစ် တိတိ မှာ Lesson plan ထဲက stage အကုန် cover ဖြစ်ရပါတယ်။ ဖြစ်နိုင်ရင် ၅ မိနစ်လောက်စောပြီးအောင် လုပ်ပါ။ အဲ့ဒါမှ အပေါ်မှာပြောခဲ့သလို Error Correction အတွက် အချိန်ပေးလို့ရပါမယ်။ တခါတလေ ကျောင်းသားတွေ activity လုပ်ရင်း instant correction ပေးလဲ ရပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေအသံတွေနဲ့ မိမိ Trainer က မိမိ correction ပေးတာ မမြင်လိုက်တာ၊ မကြားလိုက်တာမျိုးဖြစ်တက်တာကြောင့် အတန်းပြီးခါနီးကျမှ အားလုံးခြုံပြီး လုပ်တာ ပိုသေချာပါတယ်။
၅) မိမိ assignments တွေ ကိုသေချာ ထပ်ခါထပ်ခါ ပြန်စစ်ပြီးမှတင်ပါ။
CELTA မှာ assignments ၄ ခုကို တစ်ပတ်ကို ၁ ခု တင်ရတယ်။ ယူတို့ထင်သလို essay type မဟုတ်ဘူးနော်။ များသောအားဖြင့် template တွေထဲမှာ ဖြည့်ရုံပဲ။ ဒါပင်မဲ့ မိမိဖြည့်ထားတဲ့ စာတွေကို မတင်ခင် ၂ ခါ အနည်းဆုံးပြန်စစ်ပါ။ အထူးသဖြင့် Grammar slip တွေလုံး၀မပါပါစေနဲ့။ Informal တွေ မသုံးပါနဲ့။ Standard ရှိတဲ့ အရေးအသားကိုမှ ရိုးရိုးရှင်းရှင်း ကျစ်ကျစ် လစ်လစ် ရေးပါ။ ပြန် စစ် ဖို့လုံး၀မမေ့ပါနဲ့။ ဖြစ်နိုင်ရင် မိမိ အတန်းဖော် နဲ့ အပြန် အလှန် စစ် ခိုင်းပါ။
၆) မိမိ လုပ်မည့် TP တစ်ခုလုံးကိုစိတ်ထဲ အသေးစိပ် ပုံဖော်ထားပါ။ (Visualization)
ဒီ concept တော့ မဆုတို့လို manifest လုပ်တဲ့ သူ တို့၊ Visualize လုပ်လေ့ရှိတဲ့ သူ တို့အတွက်ဆို သိပ်မစိမ်းဘူး။ အဓိကက ဘာလဲဆိုတော့ အတန်းမစခင် အတန်းထဲမှာ ဘာတွေ ပြောမလဲ၊ ကျောင်းသားတွေက ဘာတွေ မေးလာရင် ဘယ်လိုပြန်ဖြေမလဲ၊ မိမိက အတန်းရဲ့ ဘယ်နေရာမှာ မတ်တပ်ရပ်မလဲ၊ Activity လုပ်တဲ့ အခါ ဘယ်လို mingle လုပ်မလဲ၊ ကျောင်းသားတွေ ရဲ့ အမှားလေးတွေ မှတ်ဖို့ sticky note နဲ့ဘောပင်ကို အိပ်ကပ်ထဲထည့်ထားမလား အစရှိသဖြင့် အတန်းတစ်ခုလုံးကို စိတ်ထဲမြင်ရောင်ကြည့်ပါ။ အထူးသဖြင့် မိမိ မလုပ်ဖူးတဲ့ အရာကိုအဲ့လို ပုံဖော်ကြည့်ထားခြင်းဟာ တကယ့်လက်တွေ့မှာရင်ဆိုင်ရတဲ့အချိန် ပိုပြီး smooth ဖြစ်ပါတယ်။ Mental preparation လုပ်ခေါ်မလား။
CELTA ခရီးကို အောင်မြင်စွာဖြတ်ကျော်နိုင်ပြီး အနာဂါတ်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရရှိကြပါစေ။
မဆု