မွေးရာပါ ပါရမီ လား။ အလုပ် လား။
မွေးရာပါ ပါရမီ လား။ အလုပ် လား။
“ငါ့ မှာ ပါရမီအခံရှိပြီးသား၊ ငါက ဉာဏ်ကောင်းတယ်။ ပျင်းနေလို့သာပေါ့” ဆိုတဲ့ အတွေး ရှိတဲ့ သူ ဟာ ဘယ်ပန်းတိုင်မှ မရောက်နိုင်သလို အခွင့်အရေးဆိုတာ သူ့အတွက် ပေါ်မလာတက်ပါဘူး။
အမေရိကန် ရဲ့ First Lady ဖြစ်ခဲ့ ဖူးတဲ့ Michael Obama ဟာဆိုရင် သူမ ဟာ woman of color တစ်ယောက်ဖြစ်တာကြောင့် ပတ်ဝန်းကျင်မှာ အထင်သေးခံခဲ့ရတဲ့ အတွက် impostor syndrome ခံစားခဲ့ တယ်။ Impostor syndrome ဆိုတာ မိမိဟာ မိမိရဲ့ပတ်ဝန်းကျင်ကလူတွေ ထဲကို တန်းတူဝင်ဆန့်နိုင်ဖို့အရည်အချင်းမရှိဘူးလို့ခံစားရတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ယုံကြည်မှုသိပ်မရှိတာပေါ့။ ဒါပင်မဲ့ သူမဟာ အပတ်တကုတ်ကြိုးစားခဲ့ပြီး ရလဒ်တွေနဲ့သတ်သေထူနိုင်ခဲ့ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ Elon Musk ဟာဆိုရင် ကလေးဘဝတုံးက ဉာဏ်ကြီးရှင်လေးတစ်ယောက်ပေါ့။ ဒါပင်မဲ့ ဉာဏ်ကောင်းတဲ့ ကလေးဟာ စာကြိုးစားဖို့သိပ်မလိုဘူးဆိုတဲ့ fixed-mindset ထဲ အဝင်မခံခဲ့ပါဘူး။ သူဟာ အခုအချိန်အထိအလုပ်သရဲ တစ်ယောက်ဖြစ်ပြီး တခါတလေ ဆိုတစ်ရက် ကို၂၁ နာရီအထိ အလုပ်လုပ်ပါတယ်။
New York times ရဲ့Best selling စာအုပ်တစ်အုပ်ဖြစ်တဲ့ Limitless ကိုရေးတဲ့ စာရေးဆရာ Jim Kwik ဟာဆိုရင် ငယ်ငယ်က စာသင်ယူတဲ့ အခါမှာ နှောင့် နှေးမှုတွေနဲ့အဆင်မပြေမှုုတွေကြောင့် ဆရာတစ်ရောက်က “ဦးနှောက်ပျက် နေတဲ့ ကောင်းလေး” ဆိုပြီး ခေါ်တာ ကြားလိုက်ရပါတယ်။ ဒါပင်မဲ့ သူ ဟာ ညလုံးပေါက်တွေ မအိပ်ပဲကြိုးစားခဲ့တယ်။ စာဖတ်တက်အောင်၊ စာဖတ် နှုန်းမြန်အောင် သူ့ကိုယ်သူ အမြဲလေ့ကျင့်ခဲ့ ပြီး အခုဆိုုရင် New York times best selling author ရော အောင်မြင်နေတဲ့ mentor တစ်ယောက်အဖြစ်ပါရပ်တည်နေပါပြီ။
အဲ့ဒါကြောင့် မိမိ ရဲ့mindset ကိုဒီလိုလေးပြောင်းလိုက်ကြရအောင်။
“ငါ ဟာ ဉာဏ်ကောင်းသူတစ်ယောက် ဖြစ် တာမဖြစ်တာ ထူးခြားတဲ့ ပါရမီ ပါတာမပါတာထက် ကြိုးစား ရင် လိုချင်တဲ့ ပန်းတိုင် ရောက်မှာ အသေအချာဖြစ်တယ်။ အဲ့ဒါကြောင့် ငါလိုချင်တဲ့ ပန်းတိုင်ရောက်ဖို့အလုပ်နဲ့ ပဲ သတ်သေထူမယ်”
မဆု