မဆုတို့ EQ ဆိုတဲ့ အရေအသွေးတစ်ခုကို ဘယ်လိုမြင့်မားအောင် လုပ်ဆောင်ကြမလဲ။ ဘယ်လို Activities တွေ က EQ အတွက် အထောက် အကူဖြစ်စေလဲ ဆို တာစဉ်းစားကြစို့.... EQ ဟာ soft skills ဖြစ်တာကြောင့် စိတ်ပိုင်းဆိုင်ရာ နဲ့ စဉ်းစားမှု ပိုင်းဆိုင်ရာ မှာ EQ မြင့် မားသူတို့ရဲ့ mindset ကိုadopt လုပ်ပြီး အလေ့အကျင့် လုပ်သွားရမှာပါ။ အရမ်းသိမ်မွေ့ ပင်မဲ့ အလေ့အကျင့် ရသွားပြီဆိုရင် တော့ တစ်ဘဝလုံးအတွက် ရတနာတစ်ပါးလို့ပြောလို့ ရပါတယ်။ အောက်ပါအချက်တွေက တော့ EQ မြင့်တက်ဖို့ မဆုရဲ့ ဗဟုသုတ၊ ဘဝအတွေ့ အကြုံနဲ့ ရဲ့ self-reflection တို့ကနေပြီး ဆင်းသက်လာတဲ့ တွေ့ရှိချက်လေးတွေ ဖြစ်ပါတယ်။
အပြုသဘောဆောင်ပါ။
ကျွန်မတို့ရဲ့ ဖြစ်တည်မှုဟာကျွန်မတို့ရဲ့ တွေးခေါ်မှုစနစ် နဲ့ ၁၀၀% အချိုးကျတယ်၊ သက်ဆိုင်နေတယ်။ ကျွန်မတို့ရဲ့ တွေးခေါ်မှုစနစ်ဆိုတာလဲ အပြင်လောကရဲ့ လွှမ်းမိုးမှုတွေကနေ default mode ဖြစ်သွားတာဖြစ်ပင်မဲ့ တွေးခေါ်မှုပုံစံ ကိုမိမိကိုယ်တိုင် ပြန် design လုပ် လို့ရပါတယ်။ အမြဲအပျက်ဘက်က ပဲစဉ်းစားပြီး တချိန်လုံးစိုးရိမ်ပူပန် နေတဲ့ သူဟာ စိုးရိမ် စိတ်အခံရှိတာရယ် မဖြစ်သေးတဲ့၊ ဖြစ်မလာမဲ့ အရာတွေကိုတွေးပြီး ကျန်ဖန် အပူရှာတက်တဲ့ အကျင့်ကိုရှိတာကြောင့်ပါ။ အဲ့ဒီလိုပဲ ဘဝမှာ အခက်အခဲတွေ စိတ်ညစ်စရာတွေရှိလာတိုင်း အဖြေ ရှာတက်တဲ့ အကျင့်၊ Positive perceptive က နေ ပြောင်းကြည့်တက်တဲ့ အကျင့် လေးလုပ်ထားရင်အခက်အခဲတွေ ဟာ မိမိနဲ့ကြာကြာ နေလို့မရပါဘူး။ အဲ့ဒါကြောင့် အပြုသဘောဆောင်တဲ့ အတွေး၊ အကြည်ဓါတ်ရစေမဲ့ ရှုထောင့်၊ ပြသနာတိုင်းမှာ အဖြေရှိတယ်ဆိုတဲ့ ယုံကြည်ချက်ကိုအကျင့်လေးတစ်ခုလုပ်ပြီးမွေးမြူပေးပါ။
အစွဲအလမ်းအရမ်းမထားနဲ့။
ငွေကြေးဆုံးရှုံးတာ။ ချစ်ခင်တဲ့ သူတွေနဲ့သေကွဲ (သို့) ရှင်ကွဲ ကွဲတာ။ သစ္စာ ဖောက်ခံရတာ။ ဂရုစိုက်မခံရတာ၊ စော်ကားခံရတာတို့က လူတိုင်း အသက်အရွယ်မရွေးဖြစ်လေ့ ဖြစ်ထရှိပါတယ်။ အဲ့ဒီအခါ အစွဲအလမ်းမထားပဲ လွှတ်ချစရာရှိတာ ရဲရဲ လွှတ်ချခဲ့ပြီး ရှေ့ဆက်ပါ။ တခါတလေ မိမိ အတ္တကြောင့် တစ်ခုခု ကို သက်သေပြချင်စိတ်ဖြစ်ကောင်းဖြစ်လိမ့်မယ်။ အဲ့ ဒီအခါ မိမိ စွန့်လွှတ်ရမဲ့ အရာတွေထဲမှာ မိမိရဲ့ အတ္တလဲ ပါနေတက်ပါတယ်။ ရဲရဲ ကြီး လွှတ်ချခဲ့ပါ။ အတိတ်တွေကိုတူးဖော်ပြီး တွေးတောခံစားမှုတွေ နဲ့အချိန် မဖြုန်းပါနဲ့။ အနာဂါတ်ကိုဖန်တီးပါ။ ပစ္စုပန်ကိုရှင်သန်ပါ။
နားထောင်ပါ။
လူအများစုဟာ များသောအားဖြင့် အကြောင်းအရင်းဇစ်မြစ်ကိုဂဃနဏ မသိပဲ ထင်ရာမြင်ရကို ဝေဖန်စောကြတယ်။ ကဲ့ရဲ့စောကြတယ်။ Relationship မှာဆိုရင် လဲမိမိဖြစ်ချင်တာတွေ နဲ့မိမိကို တစ်ဖက်သား ကအထင်ကြီးအောင် မိမိဘက်ကပဲစွတ် ပြောနေတာတွေ များတယ်။ တဖက်သား က ဘာကိုရှာနေတာလဲ။ ဘယ်အရာက သူတို့ကိုစွဲဆောင်လဲဆိုတာ မသိသေးသ၍ မိမိ ပေးချင်တဲ့ မက်စေ့ကိုသူတို့မယူပါဘူး။ အဲ့ဒီတော့ ဆန္ဒစောပြီး အချိန်ကုန်ခံပြီး မိမိဘက်က သတင်းအချက်အလက်တွေကိုပေးနေမဲ့အစား တဖက်သား ဘက်ကိုစကားပေးပြောပါ။ စကားလမ်းကြောင်းဖွင့်ပေးပါ။ သူတို့စိတ်တံခါးကို ဟပေးပါ။ များများနားထောင် ပါ။ ကိုယ်ဟာ သူတို့ရဲ့ လုံခြုံရာ နားခိုရာ နေရာ ဖြစ်ပါစေ။ တဖက်သားကိုနားလည်မှ၊ တဖက်သားက မိမိ နဲ့ comfortable ဖြစ်မှ မိမိ နဲ့ထိုသူနဲ့ချိတ်ဆက်ပြီး ကောင်းမွန်တဲ့ relationship ကိုတည်ဆောင်နိုင်မှာ ဖြစ်တယ်။ (Relationship လို့ပြောတဲ့ အခါ Friendship, marriage ကအစ မိသားစု အချင်းချင်း ဆက်ဆံရေး အားလုံး ခြုံငုံပြီးပါဝင်ပါတယ်)
ခံစားချက်တွေသင့်ကိုထိန်းချုပ်မခံပါနဲ့။ ခံစားချက်ပေါ်အခြေခံတဲ့ သင့်ရဲ့တုန့်ပြန်မှုကိုသင်ကိုယ်တိုင် အသိစိတ်နဲ့ ထိန်းချုပ်ပါ။
ဒါကတော့ ရိုးရှင်းပါတယ်။ EQ အားနည်းတဲ့ သူတွေ က သူတို့လုပ်ထုံးလုပ်နည်းအတိုင်း ကိစ္စတစ်ခုဖြစ်ပြီဆိုတာ နဲ့အဖြေရှာမဲ့ အစား ညည်းတွားတယ်။ လူတွေ ကိုအပူကပ်တယ်။ Complain တွေကိုဘက်ပေါင်းစုံက ပေးနိုင်တယ်။ သူတို့ အတွေးနဲ့ သူတို့ ပြန် အကျဉ်းကျနေတက်တယ်။ ဒီလိုတွေလုပ်နေရုံနဲ့ ဘယ်အရာကမှ အလိုက်သင့် မိမိဖြစ်ချင်တဲ့ လမ်းကြောင်းပေါ်ရောက်မသွားနိုင်ပါဘူးနော်။ ခံစားချက်တိုင်း အပေါ် action ယူပြီး လိုက် လုပ်ရမယ်ဆိုတဲ့ နည်းလမ်းတစ်လမ်းတည်းရှိမနေပါဘူး။ ဥပမာ ဒေါသထွက်နေရင် လူတွေကိုလိုက်ရမ်းတာမျိုးလုပ်တာထက်၊ ရေရှည်မှာ နှစ်ဦးနှစ်ဖက် ပြေရာပြေကြောင်းဖြစ်မဲ့ အပြုသဘောဆောင်တဲ့ တုံ့ပန် မှုမျိုးကိုရွေးချယ်တာမျိုး။
သင့်ကိုအတုယူနေတဲ့ သူ၊ လေးစားတဲ့ သူ ဆိုတာ အမြဲ ရှိတယ်ဆိုတာ မမေ့ပါနဲ့။
သင်ဟာသင့်ကိုသင် ဘယ်လောက် ယုံကြည်မှုနည်းနေသည်ဖြစ်ပါစေ သင့်ကိုလေးစားအားကျတဲ့သူဆိုတာ အမြဲရှိတယ်။ သင်မသိတာ သတိမထားမိတာသာဖြစ်ပါလိမ့်မယ်။ ဒါက တော့ မဆုရဲ့ကိုယ်တွေ့ ပါ။ Ma Su Training ဆိုတာကလဲစစခြင်းတုံးက မဆုဘာသာ တစ်ယောက်တည်း လုပ်သာလုပ်နေရတယ် တခါတရံ Motivation က သိပ်မရှိလှဘူး။ လူတွေ အရေးမလုပ်ကြဘူးထင်ခဲ့တာလေ။ နောက်ပိုင်းကျမှ မဆု followers တွေက အတန်းတွေလာအပ်ကြတယ်။ အားပေးကြတယ်။ ယုံကြည်ပေးကြတယ်။ ဆိုတဲ့ ခံစားမှုမျိုးတွေ ပြန်ရတဲ့ အတွက် တဖြည်းဖြည်းနဲ့ စံပြ တစ်ယောက်ဖြစ်ဖို့ Personal development တွေ လုပ်ဖြစ်လာတယ်။ စာတွေဖတ်လာတယ်။ ဗဟုသုတတွေ ကိုစေတနာ သန့်သန့်နဲ့ ဝေမျှ ချင်လာတယ်။
အမုန်းနဲ့လမ်းမခွဲကြစို့။
အလုပ်က နေ ထွက်လိုက်တာ၊ အထုတ်ခံလိုက်ရတာ၊ Relationship တစ်ခုအကြောင်းအမျိုးမျိုးကြောင့် ပျက်တောက်သွားတာ၊ လမ်းခွဲလိုက်တာ၊ သူငယ်ချင်းတစ်ယောက်က ကိုယ်လက်မခံနိုင်တဲ့ အရာတစ်ခုကျူးလွန်မိတာ အစရှိတဲ့ ကြိုတင်တွက်ဆမထားတဲ့ အရာတွေကိုတွေ့ကြုံရတဲ့အခါ စိတ်လိုက်မာန်ပါတွေ ပြောဆိုပြီး တပါးသူကိုဖျက်စီးခဲ့တာမျိုး မလုပ်ခဲ့ပဲ ငြိမ်းငြိမ်းချမ်းချမ်းလေးပဲ စွန့်ခွာခဲ့လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘဝရဲ့ အချိုးအကွေ့ တွေ မှာ အကြောင်းအမျိုးမျိုးကြောင့် ဒီလူတွေနဲ့ထပ်မံဆုံတွေ့ တဲ့ အခါ မိမိဘက်က စိတ်ရှင်းတယ်။ မျက်နှာပူစရာမရှိဘူး။ အကူအညီလိုလဲလုပ်ပေးလိုက်ဖို့အသင့်ပဲ ဆိုတဲ့ စိတ်ကလေးရှိတာကြောင့် ကိုယ့်ကိုယ်ကိုလိပ်ပြာသန့်တယ်။ နောင်တကင်းတယ်။ တစ်နည်းပြောရရင် ဘယ်သူနဲ့ဖြစ်ဖြစ် အဆင်မပြေလို့လမ်းခွဲလိုက်တဲ့ အခါ ရန် သူဖြစ်မသွားပါစေနဲ့….
အကျိုးဆောင်ပါ။
ဘယ်သူနဲ့ဖြစ်ဖြစ်ဆက်ဆံရတဲ့အခါ မိမိအကျိုးကိုစတင် တွက်ချက်ပြီးတဖက်သူဘာဖြစ်ဖြစ်ဆိုပြီး တွေးနေတာထက် တဖက်သူ အဆင်ပြေသွားပါစေဆိုတဲ့ စေတနာသန့်သန့်နဲ့အကျိုးဆောင်ပေးတဲ့အကျင့်ကိုလုပ်ပေးပါ။ မိမိ ဘက်က ဘာမျှော်လင့်ချက်မှ ရှိမနေတဲ့ အတွက် အတွေးကွန် ယက်တွေနယ်ချဲ့ နေစရာမလိုလို့စိတ်ရှင်းနေသလို တဖက်သားအတွက်လဲအကူအညီအထောက်အပံ့တစ်ခု ဖြစ်သွားတဲ့အတွက် win-win လို့ပြောလို့ရတယ်။
စိတ်ပျံ့ လွှင့်မှုနည်းအောင်နေပါ။
မိမိစိတ်ကတည်ငြိမ်နေလေလေ မိမိ အကြောင်းမိမိ သိလာလေလေပါပဲ။ စိတ်ရှုပ်ထွေးနေတာ၊ စိတ် လေနေတာ၊ စိတ်မထိန်းနိုင်တာ တွေရဲ့ အကောင်းဆုံးအဖြေကတော့ Mindfulness ပါပဲ။ မြန်မာလိုဆို အသိ၊ သတိ ပေါ့။ စိတ်ကိုစုစည်းပြီးလုပ်ရတဲ့ အရာတွေကို အလေ့အကျင့် တစ်ခု (သို့) ဝါသနာတစ်ခု အနေနဲ့ ပုံမှန် လုပ်ဆောင်နေတာအကောင်းဆုံးပေါ့။ ဥပမာ တရားထိုင်ခြင်း၊ ဘုရားဝတ်ပြုခြင်း၊ စာဖတ်ခြင်း၊ အသစ် အသစ်တွေလေ့လာလိုက်စားခြင်း၊ အပင်စိုက်ခြင်း၊ အားကစားလုပ်ခြင်း။
အားလုံးပဲ ဒီကာလကြီးမှာ အလုပ်အကိုင် တွေ အရင်လောက် အဆင်မပြေတော့ ရင်တောင် EQ ကို Personal development တစ်ခုအနေနဲ့ သတ်မှတ်ပြီး ဖြည်းဖြည်းခြင်းမြှင့်တင်သွားကြပါတိုက်တွန်းပါတယ်။ သူ့အကျိုးကျေးဇူးကတော့ လူ့ပတ်ဝန်းကျင်မှာ ရော မိမိ ကိုယ်တိုင်ရဲ့ စိတ်ထဲမှာပါ နေရာတာ သက်သောင့် သက်သာရှိလာမယ်။ မိမိသွားချင်တဲ့ မည်သည့် ပန်းတိုင်မဆို ဖြောင့်ဖြောင့်တန်းတန်းသွားနိုင်ဖို့ အလားအလာပိုများတယ်။
အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ စားရေးတာ အမှား ပါရင် (သို့) စာလုံးပေါင်းမှားတာရှိရင် ပြင်ပေးသွားကြပါအုံး
မဆု (MST)