ပစ္စုပ္ဗန် မှာ နေပျော်အောင်ကြိုးစားရမယ်။
ပစ္စုပ္ဗန် မှာ နေပျော်အောင်ကြိုးစားရမယ်။
ပစ္စုပ္ဗန် (သို့) မိမိရဲ့ လက်ရှိဘဝကိုနေပျော်နေတဲ့ အခါ၊ ကျေနပ်နေတဲ့ အခါ
အတိတ်ကိုပြန်တွေးပြီး နောင်တတွေ ရပြီးပူဆွေးမနေရတော့ဘူး။
ဟိုတုံးက ပျော်ရွှင်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ လူတွေ၊ နေရာတွေ၊ အရာဝထ္ထု တွေကို တသသ ပြန်တွေးပြီး အချိန်မကုန်စေတော့ဘူး။
အရင်က ပျော်ခဲ့ဖူးပင်မဲ့ လက်ရှိဘဝမှာလဲမတူတဲ့ နေထိုင်ပုံနဲ့ပျော်ရွှင်ကျေနပ်နေတဲ့ အခါ အတိတ်က အစွဲတွေ အနည်းအကျဉ်းကင်းပျောက်သွားလိမ့်မယ်။ စိတ်ထဲက အဆိုင်အခဲ တွေ လွှတ်ချနိုင်တဲ့ စွမ်းအားပိုမြင့်သွားမယ်။
ဘယ်အချိန် ဘယ်နေရာ မဆို ပြသနာ အခက်အခဲဆိုတာရှိပင်မဲ့ အကောင်းမြင်စိတ်ကြောင့် နေရ ထိုင်ရတာ ပေါ့ပါးတယ်။ သက်သောင့်သက်သာရှိတယ်။
အဆိပ်အတောက်ဖြစ် စေတဲ့လူတွေရဲ့ အဆိပ်တွေ မိမိအပေါ် မကျရောက်တော့ဘူး။ စိတ်ရော လူရော ပိုလွတ်လပ်လာမယ်။ မိမိဘဝရဲ့ အဓိပ္ဗယ်က ပိုပြီး ရှင်းလင်းပြက်သားလာမယ်။
လက်ရှိဘဝမှာ ကျေနပ်နေတာကြောင့် အနာ ဂါတ်ကိုပါ ပိုပြီးအကောင်းမြင်လာမယ်။ positivity တွေစိုးမိုးနေတာကြောင့် စိတ်ခွန် အားလဲမြင့်လာမယ်။ ပြသနာတွေ ဖြစ်ရင် စိတ်ရဲ့ ခံနိုင်ရည်စွမ်းအားက အောက်ဆုံးထိမရောက်တော့ပဲ သာသာယာယာကို ကျော်ဖြတ်နိုင်လာပါလိမ့်မယ်။
ဘဝဟာတိုတောင်းလှပါတယ်။ အဲ့ဒါကြောင့် လွတ်လပ်စွာ ရှင်သန်ကြဖို့တိုက်တွန်းပါတယ်။ စိတ်ထဲမှာ ဝေဒနာတွေ၊ အဆိုင်အခဲတွေ၊ ဒဏ်ရာတွေ၊ နာကျည်းမှုတွေ တက်နိုင်သမျှ ရင်ဆိုင်ပြီးတော့ ကျော်လွှားကြပါနော်။ စိတ်အသစ် လူအသစ် နဲ့အမှီအခိုကင်းနိုင်သမျှ ကင်းအောင်ကြိုးစားကြည့်ကြပါ။
မဆုအနေနဲ့ကတော့ သေရင် လဲတစ်ယောက်တည်းပဲ အားလုံးကို ထားခဲ့ရမယ်ဆို တဲ့ သဘာဝတရားကြီးကို လက်ခံထားတာကြောင့် အစွဲအလမ်းတွေတက်နိုင်သမျှ ကင်းအောင်၊ ဆုံးရှုံးနစ်နာမှုတွေ ရှိရင်လဲအလျှင်အမြန် လွှတ်ချနိုင်ပြီး အသစ် တဖန် ပြန်စနိုင်ဖို့ အမြဲကြိုးစားပါတယ်။
စေတနာဖြင့်
မဆု