Life-long learners ဖြစ်အောင် ဘာတွေလုပ်ကြမလဲ။
Life-long learners ဖြစ်အောင် ဘာတွေလုပ်ကြမလဲ။
မနေ့တုံးက Life-long learning ကို ဘာကြောင့်လုပ်သင့်သလဲဆိုတာပြောပြသွားပါတယ်။ ဒီနေ့မှာတော့ Life-long learning အတွက် ဘာတွေ လုပ်ကြမလဲဆိုတာ ဆက်လက် ဆွေးနွေးကြမယ်။
စာဖတ်ပါ။
စာဖတ်တာနဲ့ပတ်သတ်ပြီး မဆုအရင်က အကျယ်တဝံ့တွေ ပြောထားခဲ့တဲ့ အတွက်ကြောင့် ပြန်မပြောတော့ဘူးနော်။ အဓိကပြောချင်တာက ဘယ်လိုစာပေဖြစ်စေကာမူ စာဖတ်ပါ။ စာဖတ်ခြင်းကြောင့် မိမိရဲ့ Thinking muscle ကတဖြည်းဖြည်း strong ဖြစ်လာမှာဖြစ်ပြီး စာထဲက အကြောင်းအရာတွေကြောင့် well-informed ဖြစ်လာမှာပါ။
စိတ်ကို တက်နိုင်သမျှ ဖွင့်ထားပါ။
မိမိ ဦးနှောက်ထဲကို သတင်းအချက်အလက်တွေ ဝင်နေတဲ့ အချိန် တိုင်း (ဥပမာ တဖက်သားက စကားပြောနေတဲ့အခါ၊ စာဖက်တဲ့အခါ၊ တီဗီကြည့်နေတဲ့အခါ) စိတ်ကိုဖွင့်ထားပါ။ ဒီအကြောင်းအရာတွေကို မိမိ ဦးနှောက်ထဲ ဝင်လာတဲ့အထိစိတ်ကိုဖွင့်ထားပါ။ နားလည်အောင်အရင်လုပ်ပါ။ အထူးသဖြင့် မိမိရရှိတဲ့ အကြောင်းအရာက မိမိသိပြီးသားအကြောင်းအရာနဲ့ဆန့်ကျင်နေတဲ့ အချိန်ဆို ထိုအကြောင်းအရာက မှားနေတယ်။ ငါ သိတာကမှအမှန်ဆိုပြီး တစ်ယူသန် နေမဲ့ အစား လွဲနေတဲ့ အချက် နဲ့ဆန့်ကျင်နေတဲ့ အကြောင်းတရားကို သိရှိအောင် စူးဆန်းပါ။ စဉ်းစားပါ။ အဖြေရှာပါ။ အလောတကြီး ဖျတ်မချလိုက်ပါနဲ့။ ဦးနှောက်ကိုအလုပ်ပေးမဲ့ အခွင့်အရေးကိုမပိတ်ပင်လိုက်ပါနဲ့။ အထူးသဖြင့် သိပ် လက်တွေ့မဆန်တော့တဲ့ ရိုးရာအစဉ်အလာတွေ ကိုမျက်စိပိတ်ပြီး ယုံကြည်လိုက်တာ၊ ဘာမှန်းညာမှန်းမသိ အဆင်အဆက်လုပ်လာခဲ့လို့မိမိလက်ထက်လဲဆက်လက်ထိန်းသိမ်းလိုက်တာမျိုး လုပ်မဲ့အစား ခဏ အချိန်ပေးပြီး စဉ်းစားလိုက်ပါ။ မိမိမှာ လုံလောက်တဲ့ အထောက်အထား အကြောင်းအရင်းမရှိသေးဘူးဆို လေ့လာပါ။ ပြီးမှ ဆက်လုပ်သင့်မလုပ်သင့်ဆုံးဖြတ်ပါ။ ထို့အတူပဲမိဘတွေအနေနဲ့မိမိကလေးတွေ တစ်ခုခု လာပြောတဲ့အခါ ဖြတ်မချပါနဲ့ သူ တို့ပေးချင်တဲ့ မက်စေ့ ကို နားလည်အောင်လုပ်ပါ။ သူ တို့ခံစားချက်ကို အထူးဂရုပြုပြီး သိအောင် သူတို့ နေရာကနေ တွေးကြည့်ပေးပါ။ ပြန်မေးပါ။ ဆွေးနွေးပါ။ (မဆုကတော့ ငယ်ဘဝကဒီအခွင့်အရေးမရခဲ့ဘူး။ ဒါပင်မဲ့ နောက် generation က ကလေးတွေ ကို ကိုယ့်လို မဖြစ်စေချင်ဘူး။ လွတ်လွတ်လပ်လပ် တွေးခေါ်ဖို့ လမ်းဖွင့်ပေးတဲ့ မိဘတွေရဲ့ အရိပ်အောက်က ကြီးပြင်းစေချင်တယ်။)
လေ့လာစရာ အခွင့် အလမ်းတွေရှာဖွေပါ။
အခွင့်အရေးမှန်သမျှက ကိုယ့်လက်တစ်ကန်းမှာရှိပါတယ်။ မိမိကသာရှာဖွေတက်ပြီး အမိအရ စုပ်ကိုင်တက်ဖို့သာလျှင် လိုအပ်ပါတယ်။ အထူးသဖြင့် အခုခေတ်မှာ learning opportunities တွေ က အရင်ခေတ်ကထက် အဆမတန် များပါတယ်။ Internet ကြောင့် ဘယ်ပညာရပ်မဆို ကျွန်မတို့လက်ထဲ က လက်ကိုင် ဖုံးလးထဲမှာ အကုန်လေ့လာလို့ရ ပါတယ်။ Mobile applications တွေ online class တွေ book club တွေ ဆွေနွေးပွဲတွေ မိမိလက်လှမ်းမှီသမျှကိုအမိအရ ဆုပ်ကိုင်ပြီး ဆက်သွယ်ပါ။ လုပ်ရင်းနဲ့မှ မိမိ စိတ်ဝင်စားတဲ့ ပညာရပ် ၊ မိမိ နဲ့အံဝင်ဂွင်ကျဖြစ်မဲ့ learning mode၊ မိမိ learning ကို အထောက်အကူ ပေးတဲ့ သူတွေ နဲ့ရှာဖွေ တွေ့ ရှိလာမှာဖြစ်ပါတယ်။ အခွင့် အရေးမရှိဘူးလို့ထိုင်မငြီးပါနဲ့။ အခွင့် အရေးတွေ ရှာဖွေပါ။ အခွင့် အရေးရပြီဆိုရင် လဲအမိအရ လှုပ်ရှားပါနော်။ အဓိကက အကျိုးမရှိတဲ့ အရာတွေနဲ့အချိန် ကုန်မနေစေ ဖို့နဲ့လေ့လာသင်ယူမှုတွေ ရပ်တန့်မနေဖို့ပဲ။
Personal project လေးတွေ လုပ်ပါ။
Personal project ဆိုတာ ဘယ် အရာမဆိုဖြစ်နိုင်ပါတယ်။ ဥပမာ Tik tok ဗီဒီယိုရိုက်တာဟာလဲ project တစ်ခုပဲ လို့မြင်တယ်။ (မဆု တခါက ၁ မိနစ် စာ tik tok တစ်ပုဒ်ရိုက်လိုက်တာ ၃ နာရီလောက်ကြာတယ်။ ဒါပင်မဲ့ Tik Tok ရဲ့ သဘာဝကိုနည်းနည်းနားလည်သွားတယ်။) Personal project ဆိုတဲ့ အတိုင်း မိမိကျွမ်းကျင်တဲ့ အပိုင်းပါသလို မကျွမ်းကျင် တဲ့ အပိုင်းတွေလဲပါတယ်။ အဲ့ဒီအခါ မိမိ နားမလည်တဲ့ အပိုင်းတွေကို ပါ မိမိက တစ်ခါတည်းလေ့လာပြီးသား လုပ်ဖူးပြီးသားဖြစ်သွားတယ်။ idea ရပြီဆို Project တစ်ခု အဖြစ် ပြောင်းပြီး အပြီးသတ်အထိ ပြုလုပ် ဖို့တော့ လိုတာပေါ့။ လမ်းတစ်ဝက်မှာ ရပ်လိုက်တာမျိုး လက်လျှော့လိုက်တာမျိုးဆိုရင် အစထဲက မလုပ်တာနဲ့ဘာမှမထူးဘူး။ တစ်နေ ရာရာမှာ အခက်အခဲတွေ့ နေရင် မေးမြန်းစုံစမ်းလေ့လာလိုက်ပါ။ အင်တာနက်မှာ research လုပ်လိုက် ပါ။ နည်းတစ်မျိုး နဲ့အဆင်မပြေရင် နောက်တစ်မျိုးစမ်းသပ်ပါ။ စိတ်အေးအေးနဲ့ လုပ်ပါ။ နောက်ဆုံး project တစ်ခု အပြီးသတ်သွားတဲ့အခါ မိမိကိုယ်ကိုယ်ဂုဏ်ပြုလိုက်ပါ။ Cheers
အတင်းအဖျင်းပြောမဲ့ အစား အဓိပ္ဗယ်ရှိတဲ့ conversation တွေပြုလုပ်ပါ။
မိမိပတ်ဝန်းကျင်က အချိန် တိုင်း အတင်းအဖျင်းပြောပြီး ဘယ်အရာ မဆို ညီးညူ နေတက်တဲ့ fixed-mindset ရှိတဲ့ သူတွေ နဲ့ကြာကြာ အချိန် မကုန်ပါစေနဲ့။ မိမိနဲ့တန်းတူ (သို့) မိမိထက် သာလွန်စွာ life-long learning လုပ်တဲ့ သူ၊ idea တွေ စူးစမ်း ရှာဖွေတဲ့ သူ၊ တကယ်အလုပ်လုပ်တဲ့ သူတွေ နဲ့ သာများများ အချိန် ကုန်ပါ။ အဲ့လိုလူတွေ ကိုယ့်နက်ဝေါ့ထဲများများထားပါ။ နက်ဝေါ့ကို အမြဲ ချဲ့ပါ။ အဓိပ္ဗယ်ရှိ တဲ့ ဆွေးနွေးမှု တွေပြုလုပ်ပါ။ serious ကြီးမဟုတ်ရင်တောင် ideas တွေconcept တွေ အကြောင်း ဆွေးနွေးပါ။ သူတို့ ဆီက မတူညီတဲ့ အယူအဆတွေ၊ idea အသစ်တွေ ကို ယူပါ။
ခရီးသွားပါ။ စူးစမ်းပါ။ အခက်အခဲရှိရင် ကြော်လွှားပါ။
ခရီးသွားခြင်းဟာ လူကို အတွေ့ အကြုံ အသစ်၊ ခံစားမှုအသစ်၊ သူငယ်ချင်းအသစ်၊ idea အသစ်တွေ ကို ယူဆောင်ပေးယုံမျှမက အခက်အခဲအတားအဆီးတွေ ကိုပါ ဘယ်လိုနည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ problem solving skills ပါ တိုးတက်စေပါတယ်။ ဥပမာ လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်မဟာ ကလောကနေ ပြီးတော့ ထိုင်းနိုင်ငံ က ချင်းမိုင်ကို ကားလမ်းကြောင်းကနေပြီးသွားကြည့်ဖို့ စဉ်းစားခဲ့တယ်။ အဲ့ဒီမှာတင် ကျွန်မ research တွေလုပ်တယ်။ လမ်းကြောင်းတွေဆွဲတယ်။ ဟော်တယ်တွေ စုံစမ်းတယ်။ Facebook group တွေ လိုက် join တယ်။ အဲ့ဒီကနေပြီးတော့ ကျွန်မ ခရီးစဉ်အတွက် အဖြေတွေ ထွက်လာတယ်။ (ခရီးကတော့ မသွားဖြစ်သေးပါဘူး။ ကိုယ့်ဘာကိုပျင်းလို့ စိတ်ကူးယဉ်ကြည့်ထားတာ။တချိန်ချိန် သွားဖြစ်ရင် တော့ အဆင်သင့်ဖြစ်နေမှာပါ။) တကယ်ခရီးရောက်သွားပြီဆိုလဲ ပြသနာအသေးအမွှားလေးတွေကအစ အကြီးအမားတွေဆိုတာ မလွဲမသွေ ကြုံတွေ့ရမှာပါ။ အဲ့အခါကျရင် ကျွန်မတို့ဟာ ခရီးသွားနေတယ်ဆိုတဲ့ motivation အခံရှိပြီးသားဖြစ်တာကြောင့် စိတ်ဓါတ်ကျ တာမျိုးမဖြစ်ပဲ ကြုံတေ့ွရတဲ့အခက်အခဲကို ရအောင် ကျော်ဖြတ်မယ်ဆိုတဲ့ဆုံးဖြတ်ရှိတက်ကြတာကြောင့် ခရီးသွားရင်း ပြသနာတွေကိုအဖြေရှာနိုင်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။
မဆု