ဦးနှောက်
ဟိုတလော အဖက်ဆည်လို့မရသလောက်နည်းပါးဖြစ်နေ တဲ့ မြန်မာနိုင်ငံရဲ့ ပညာရေး နဲ့ တိုင်းရေးပြည်ရေးမတည်ငြိမ်မှုကြောင့် ပြည်သူတွေကို မိမိဘာသာ initiative ဖြစ်ဖြစ် နဲ့life-long learning အဆက်မပျက် ပြုလုပ်သွားဖို့ တိုက်တွန်းတဲ့ ပိုစ့်လေး ရေးခဲ့ပါတယ်။ အခုပိုစ့်ကတော့ life-long learner ဖြစ်ဖို့ဘာတွေ လုပ်ကြမလဲ ဘာကြောင့်လုပ်သင့်လဲဆိုတာ ထပ်မံပြောပြပေးချင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ မဆုလေ့ လာမိသလောက် သိပ္ဗံနည်းကျကျပြောပြကြည့်မယ်။ ကျွန်မတို့ ဦးနှောက်ထဲမှာ neuron cell လေးတွေ ဟာ တစ်ခုနဲ့တစ်ခု neural pathways လို့ခေါ်တဲ့ လမ်းကြောင်းမျှင် သေးသေးလေး တွေနဲ့ ဆက်သွယ်ထားပါတယ်။ ဒီလို ဆက်သွယ်ထားတဲ့ လမ်းကြောင်းလေးတွေ (neural pathways) လေးတွေဟာ ဦးနှောက်ရဲ့၆၀ % တောင် ရှိပါတယ်။ ကျွန်မတို့ ဟာ အပြင်လောကက အတွေ့ အကြုံတွေကိုမျက်စိ၊ နား၊ နှားခေါင်း၊ လျှာ နဲ့ခန္ဓာကိုယ် အထိအတွေ့ ကနေ ဦးနှောက်ဆီပို့ပေးပါတယ်။ အဲ့ဒီက မှ ဦးနှောက်က ဒီ အတွေ့ အကြုံတွေ၊ ခံစားချက်တွေ၊ သတင်းတွေ ကို ဆင်ခြင်သုံးသပ်ခြင်းတွေပြုလုပ်တယ်။ အဲ့လို စဉ်းစားမှုတွေပြုလုပ်တိုင်း Neural pathways လေးတွေဟာ အသုံးချခံရတဲ့ အတွက် သန်မာလာတယ်။ ကျယ်လာတယ်။ သူတို့ သွားရာလမ်းကြောင်းဟာ နောက်ဆုံးမှာ အလေ့အကျင့်ဖြစ်သွားပြီး နေ့စဉ်လုပ်နေ ကျ ကိစ္စတွေဆို ထွေထွေထူးထူး စဉ်းစားစရာမလို တော့ တဲ့ အထိ မြန်လာတယ်။ တစ်နည်းပြောရရင် ကျွန်မတို့ဟာ သမရိုးကျ မဟုတ်တဲ့အကြောင်းအရာတွေ၊ idea တွေ၊ အတွေ့ အကြုံတွေ လက်ခံရရှိပြီဆို ကျွန်မတို့ဦးနှောက်က ပုံမှန် သွားနေကျ neural pathways တွေ ကနေ မသွားတော့ပဲ pathways အသစ်တွေကနေ သွားတဲ့ အတွက် သူတို့ ဟာ တဖြည်းဖြည်း second nature ဖြစ်လာပါတယ်။ ကြာတဲ့အခါကြရင် pathways အဟောင်းတွေ ဟာ အားနည်းသွားကြပါတယ်။ (ဒီနည်းနဲ့ ကျွန်မတို့မှာရှိတဲ့ အကျင့်ဆိုးတွေကိုပါဖျောက်ဖျက်ပစ်လို့ရပါတယ်။) အဲ့ဒါကို Neuroplasticity လို့ခေါ်တယ်။ ဦးနှောက်ဟာ plastic လိုမျိုး ပြောင်းလဲလို့ရတယ်ဆိုတဲ့သဘောပေါ့။ အဲ့ဒါကြောင့် distressing emotions တွေ ဖြစ် ပြီဆိုရင်လဲ သာမာန် တုံ့ပြန်မှုထက် သေချာစဉ်းစားသုံးသပ်ပြီး ချုပ်ထိမ်းလိုက်နိုင်တာ (သို့) တခြားရှုထောင့် တစ်ခုကနေ ပြီး စဉ်းစားလိုက်နိုင်တဲ့အတွက် negative response မထုတ်တော့ပဲ ပါးပါးနပ်နပ် ပြန်လည်တုံ့ပြန်နိုင် ခြင်းကလဲ Neuroplasticity ပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် EQ muscle ကို သန်မာအောင် လေ့ကျင့်ပေးတာပေါ့။
ဘဝမှာ အတွေ့ အကြုံအသစ်တွေ၊ ခံစားချက်အသစ်တွေ၊ ပညာရပ်တွေ၊ လေ့လာမှုတွေ လုပ်လေလေ ဦးနှောက်ဟာ အမြဲ ဖွင့် ဖြိုးလေလေပါပဲ။ အဲ့ဒါကြောင့် အမြဲ လေ့လာသင်ယူမှုတွေ ပြုလုပ်နေတဲ့ လူတစ်ဦးရဲ့ ဦးနှောက် အလုပ်လုပ်ပုံ နဲ့ လေ့လာသင်ယူမှုတွေရပ်တန့်လိုက်တဲ့ လူတစ်ယောက်ရဲ့ဦးနှောက် အလုပ်လုပ်ပုံ ဟာတူနိုင်ပါအုံးမလား။
ဘာကြောင့် life-long learning လုပ် ဖို့လို အပ်လဲ။
ဥပမာဆိုကြပါစို့။ ကျွန်မဆိုရင် အခု အသက် ၃၀ ရှိပြီ။ ကျမ်းမာသန်စွမ်းတဲ့ ခန္ဓာကို ယ်ရှိတယ်။ ကြီးမားတဲ့ ရောဂါတွေ မရှိ ဘူး (အခုအချိန်ထိ)။ အဲ့ဒါကြောင့် ကျွန်မ ဟာ ကျမ်းမာရေးလိုက်စားဖို့ မလိုအပ်သလို ပုံမှန် လေ့ကျင့်ခန်း လုပ်ဖို့မလို အပ်ဘူး လို့ ယူဆလိုက်ရင် အကျိုးဆက်က မကြာခင်မှာ ကျွန်မ ဟာ ရောဂါဘယတွေ ဝင်မလာရင်တောင် လေးလံထိုင်းမှိုင်းလာမယ်။ တဖြည်းဖြည်းနဲ့ကျမ်းမာရေးပါထိခိုက်လာမယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အခုချက်ချင်း အကျိုး သက်ရောက်မှုအတွက် ရင်းနှီးမြှပ်နှံ ရတဲ့ အရာ မဟုတ်ပါဘူး။ ရေရှည်အတွက် စိတ်ရော ကိုယ်ပါ ကျမ်းမာစေဖို့၊ မိမိကိုယ်ကိုယုံကြည်မှု ရှိ ဖို့အတွက် နေ့စဉ် ပုံမှန် လုပ်ဆောင်ရမဲ့ အရာဖြစ်ပါတယ်။ ကျွန်မအခုပြောမဲ့ Life-long learning ဆိုတာလဲနေ့စဉ်လေ့ ကျင့်ခန်းလုပ်သလို ပါပဲ။ ရေရှည်အတွက် တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာဖို့၊ အသိဉာဏ်ကြွယ်ဝဖို့၊ စဉ်းစားဆုံးဖြတ်နိုင်ဖို့၊ မိမိ အသက်မွေး လုပ်ငန်းအတွက် တဖက်တလှမ်းက အကျိုးပြုဖို့ ၊ လူမှုရေး မှာ မတူကွဲပြားတဲ့ လူတွေ ကို နားလည်နိုင်ဖို့နဲ့ သူတို့ ကို ဆက်သွယ် နိုင်ဖို့ စတဲ့ အကျိုးကျေးဇူးတွေရရှိမှာဖြစ်ပါတယ်။ ဥပမာ မိမိက အပျော်တမ်း ဂစ်တာတီး သင်ထားပြီး တီးမိခေါက်မိ ဆိုတက်တယ်ဆိုပါတော့။ ဒီ ကျွမ်းကျင် မှုကြောင့်မိမိ အလုပ်မှာ ပွဲတွေရှိရင် ဝင်ရောက်ဖျော်ဖြေ အားဖြည့်နိုင် မှာဖြစ်ပြီး လူတွေ ရဲ့ ချစ်ခင်အားပေးမှု ရရှိနိုင်ပါတယ်။ ဒါ့အပြင် မိမိပတ်ဝန်းကျင်က ဂစ်တာတီးတက်တဲ့ သူတွေနဲ့လဲ အရမ်းအားစိုက်ထုတ်စရာမလိုပဲ ချိတ်ဆက်နိုင်မယ် ဗဟုသုတ နဲ့အတွေ့ အကြုံတွေ ဖလှယ်နိုင်မယ်။ Network အသစ်တစ်ခုဖန်တီးနိုင်မယ်။ မဆု ဆို ရင် Tarot reading ကို အရင် ကတည်းက စိတ်ဝင်တစားရှိခဲ့ပြီး လေ့လာခဲ့ဖူးတယ်။ ခင်တဲ့သူတွေကို ဟောပေးတယ်။ ကိုယ်ကသာ အမှုမဲ့ အမှတ်မဲ့ ဟောပေးလိုက်တာ သူတို့ကတော့ တသသအမြဲ သတိတရရှိတယ်။ တကူးတက အိမ်လာပြီး Tarot လာမေးတဲ့သူတွေလဲ ရှိခဲ့ဖူးတယ်။ အဲ့ဒါကြောင့် ဘယ်အတက်ပညာမဆို မိမိစိတ်ဝင်စားရင် (အကျိုးအမြတတ်ကို တွက်ချက် မနေပဲ) အချိန် တစ်ခုပေးပြီး နှိုက်နှိုက်ချွတ်ချွတ်လေ့ လာထားတာမမှားဘူး။ မိမိမှာ motivation အခံတစ်ခုကလဲရှိပြီးသားဆိုတော့ လေ့လာရတာခရီးရောက်မြန်တယ်။ တစ်ခုပြီးသွားရင် နောက်တစ်ခုစတင်လေ့ လာပါ။ ဘာသာစကားတွေ သင်ယူပါ။ အဲ့လို လေ့လာထားတဲ့ အကျိုးဟာ တချိန် ချိန်မှာ မမျှော်လင့် ပဲ မိမိဆီပြန်လာပါတယ်။ ဒါကတော့ အပြင်လက်တွေ့ ဘဝမှာ ခံစားရမဲ့ life-long learning ရဲ့အကျိုးကျေးဇူးဖြစ်ပါတယ်။
Life-long learning နဲ့ဝန်ထမ်းဘဝ
အခုခေတ်မှာ ဆိုရင် ကုမ္ဗဏီတွေ နဲ့ အဖွဲ့ အစည်းတွေ မှာဆိုရင် သူတို့ဝန်ထမ်းတွေအတွက် Professional development အတွက်အချိန်ရော၊ ငွေပါ ရင်းနှီးမြှပ်နှံလာကြပါပြီ။ ဒါဟာ အဓိကရည်ရွယ်ချက်က ဝန်ထမ်းတွေကိုLife-long learning ဆက်လုပ်ဖြစ်ဖို့ပါ။ ဝန်ထမ်းတွေ လေ့လာသင်ယူမှုတွေ ပြုလုပ်ပြီးအမြဲတိုးတက်ပြောင်းလဲ နေမှ အဖွဲ့အစည်းတစ်ခုလုံးဟာလဲစည်းချက်ညီညီ ခတ်နဲ့အလိုက် ရှေ့ဆက်သွားနိုင်မှာဖြစ်ပါတယ်။ ဒါကို တချိုဝန်ထမ်းတွေက Training session တွေ workshop တွေကို လူကြီးလွှတ်လို့မငြင်းသာလို့၊ attendance ရအောင်ယူပြီး promotion မျှော်လင့် လို့ ရအောင် စသည်ဖြင့် တကယ့် learning ကို အဓိကမထားတော့ပဲ external motivation (သို့) fear ကိုအခြေခံကြသူတွေများ လာတာ တွေ့ ရပါတယ်။ Trainers တွေအနေနဲ့လည်း ဝန်ထမ်းတွေ ဘက်က (ဘယ်လိုရည်ရွယ်ချက်နဲ့လာတက်ပါစေ) အလုပ်တွေကို ဘေးဖယ်ပြီး လာရောက်လေ့ လာတဲ့ တန်ဖိုး ရှိတဲ့ သူ တို့ အချိန် တွေ ကို အကျိုးရှိအောင် effective ဖြစ်ဖြစ် လေ့ကျင့်သင်ကြားပေးဖို့အရေးကြီးပါတယ်။ နောက်တစ်ခုက ဈေးကြီးတဲ့ သင်တန်းအကောင်းစားတွေ တက်မှ၊ မာစတာဒီဂရီ တွေတစ်ခုပြီးတစ်ခု ယူပြီးမှ ရလာတဲ့ လက်မှတ်ရှိမှ life-long learning လုပ်နေတယ်လို့ပြောလို့မရပါဘူး။ ဒီလို သင်တန်းတွေ၊ ကျောင်းတွေ တက်ဖို့အဖက်ဖက် က အခွင့် အရေးမရှိတဲ့ သူတွေ အတွက်လဲမိမိမှာ learning လုပ်ချင်တဲ့ ပြင်းပြတဲ့ ဆန္ဒသာရှိပါစေ အလုပ်ဖြစ်ပါတယ်။ အောက်မှာ life-long learning ကိုဘယ်လိုလုပ်လို့ရလဲ။ ဦးနှောက်ကို ပိုမိုသန်မာအောင်ဘာတွေလုပ်ကြမလဲ ဆိုတာထပ်မံအသေးစိပ်ပြောပြပါမယ်။
Life-long learning နှင့် ခေါင်းဆောင်မှု
မိမိဟာ ခေါင်းဆောင်တစ်ယောက်ဆိုရင် အားလုံးရဲ့ စံပြ ဖြစ်နေသင့်တယ်။ လူတွေဟာ မိမိကို အမြဲ ကြည့်နေတာပါ။ (ဒါဟာဝေဖန် မလို့ ကဲ့ရဲ့မလို့မဟုတ်ဘူး။ ကိုယ့်ဆီက ခေါင်းဆောင် တစ်ယောက်အနေနဲ့လေ့လာနေတာ။ အတုယူနေတာ။) Life-long learners တွေ ဟာအမြဲ မိမိကိုယ်ကိုယ် သာမက မိမိ နောက်လိုက်တွေကိုပါ တိုးတက်အောင် အခွင့်အရေးတွေရှာဖွေနေတက်တာကြောင့် ခေါင်းဆောင်ကောင်းတွေ လို့ဆိုလဲ မမှားပါဘူး။ မိမိ ဟာ ကြီးကြီးမားမားတွေဦးဆောင်နေရသူ မဟုတ်သေးဘူးဆိုလဲ life-long learning လုပ်နေခြင်းကြောင့် မိမိရဲ့ mindset ဟာ တဖြည်းဖြည်း grow ဖြစ်လာတဲ့အတွက် ခေါင်းဆောင် ဖြစ်လာဖို့တချိန်ချိန် မှာ အခွင့် အရေးရလာတဲ့အခါ မိမိဘက်က ယုံကြည်မှုရှိစွာ အဆင်သင့်ဖြစ်နေမှာပါ။
ကျွန်မတို့ဟာ နေ့စဉ်အလုပ်မှာ စိတ်ပင်ပန်းစရာတွေ၊ စိတ်ဖိစီးစရာတွေ အနည်းနဲ့ အများကြုံတွေ့ရတက်တာကြောင့်မိမိကိုယ်ကိုတက်နိုင်မျှ comfortable ဖြစ်အောင် နေဖို့ self-love လုပ်ဖို့ အရေးကြီးသလို comfort-zone ထဲက ထွက်ပြီး စွန့်စားမှုတွေ၊ အသစ်တွေ စမ်းသပ်ကြည့်ဖို့လဲ လိုအပ်ပါတယ်။ အပေါ်က ပြောခဲ့သလိုပဲ ကျွန်မတို့ဦးနှောက်ဟာ လုပ်နေကျ အလေ့အကျင့်တွေထက် အသစ်အဆန်းတွေ ကြုံတွေ့ ခံစားရပြီဆိုရင် neural pathways အသစ်တွေကနေ သွားရတဲ့အတွက် ဦးနှောက်ဖွင့်ဖြိုးမှုကို ဖြစ်စေပါတယ်။ အဲ့ဒါကြောင့် အမြဲတန်း ရိုရှင်းလွယ်ကူတဲ့ အလုပ်တွေ ထက် ရံဖန်ရံခါ စိန်ခေါ်မှုရှိတဲ့ အလုပ်တွေ လုပ်ဖို့၊ ပညာရပ်အသစ်တွေ လေ့လာဖို့၊ ကိုယ့်ကိုယ်ကို အရမ်း မညှာဖို့၊ အမြဲတမ်း စိုးရိမ်ကြောက်ရွံ့ပြီးမိမိ ဘောင်သေးသေးလေးထဲမှာပဲ တစ်သတ်လုံး ဘဝကို ကုန်ဆုံးမသွားဖို့ တိုက်တွန်းအပ်ပါတယ်။
မဆု