Narcissism အကြောင်းတစ်စေ့ တစ်စောင်း
Narcissism အကြောင်းတစ်စေ့ တစ်စောင်း
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးပေးနိုင်ဖို့အတွက် မဆုက psychologist တစ်ယောက် မဟုတ်ပင်မဲ့ psychology နဲ့ narcissism က မဆုစိတ်ဝင်စားတဲ့ နယ်ပယ်ဖြစ်တာကြောင့် မဆု လေ့လာလိုက်စားထားသလောက် ဝေမျှပေးပါမယ်။ ယနေ့ခတ်မှာတော့ လူတိုင်း ဟာ Narcissism ဆိုတဲ့ စကားလုံးနဲ့စိမ်းတဲ့ လူမရှိတာကြောင့် Narcissist တွေ ရဲ့ အကြောင်းတော့ အသေးစိတ် စာအရှည်ကြီးရေးပြစရာမလိုလောက်တော့ဘူးတောင်ထင်ပါတယ်။
Narcissist တွေ ရဲ့ ဓလေ့ စရိုက်များ
Self-importance/ Entitlement/ Superiority
သူတို့တွေဟာမိမိကိုယ်ကိုယ်ပုံမှန်ထက် အချစ်လွန်တာကြောင့် လူတွေနဲ့ တွေ့ ရင် သူတို့ကို ပဲအာရုံစိုက်ခံချင်တယ်။ spotlight အောက်မှာ အချိန်တိုင်း သူတို့ပဲနေရာယူချင်တယ်။ အရေးလုပ်စေချင်တယ်။ ချီးကျူးစေချင်တယ်။ သူတို့က လူတွေအားလုံးရဲ့ အပေါ်စီးကပဲနေချင်တယ်။ သူများထက်ပိုပြီးအခွင့်ထူးခံလိုတဲ့ သဘော သဘာဝရှိတယ်။ သူ တို့ထက်သာနေတယ်လို့ခံစားလာရရင် အဲ့လူကို နှိပ်ကွပ်တက်တယ်။ အနိုင်ကျင့်တယ်။ ခြိမ်းခြောက်တယ်။ စော်ကားတယ်။ သင့်တင့်တဲ့ Respect ပေးလေ့မရှိကြဘူး။ အဲ့လို လုပ်လိုက်မှ သူတို့ရဲ့ တန်ဖိုး သူတို့ရဲ့ ပါဝါ ကတက်လာတယ်လို့ခံစားရတယ်။ တကယ်တန်းတော့ ဒီလို ဖြစ်ရခြင်းရဲ့ အကြောင်းအရင်း ကတော့ မသိစိတ်ထဲမှာ သူတို့ကိုယ်သူတို့လုံခြုံမှုမရှိကြဘူး။ အားငယ်နေတက်ကြတယ်။ တစ်ခုခုကိုရှက်နေသလို ခံစားရတယ်။ အရှက်ကွဲမှာ အသေကြောက်ကြတယ်။ အုပ်စုဖွဲ့ပြီးတဖက်သားကို နှိပ်ကွပ် ထားမှ သူတို့ နိုင်နေတယ်လို့ခံစားရတယ်။ insecurity ရဲ့ သဘောတွေပေါ့။ အဲ့ဒါကြောင့် အပြင်လောကရဲ့ validation ကိုမရမကရှာဖွေ ကြပါတယ်။ (အခုနိုင်ငံရေးလောကမှာလဲအားလုံးသိကြတဲ့ အတိုင်း တစ်စုံတစ်ယောက်ရဲ့ Narcissistic personality disorder က တဖြည်းဖြည်းအစွန်းရောက်လာလို့တိုင်းပြည်လဲလုံးပါးပါးနေပါပြီ… ဆက်မပြောတော့ဘူးနော်)
Growing jealousy
သူတို့ဟာ သူတို့ယှဉ်လို့မရတဲ့ သူတွေဆိုရင် မနာလိုစိတ်ကြီးတယ်။ ဒါ့အပြင် လူတွေ က သူ တို့ကိုအားကျနေတာပါဆိုပြီး မိမိကိုယ်ကိုယ် လှည့်စားတက်သေးတာ။
Gaslighting
သူတို့နဲ့အနီးကပ်နေနေရတဲ့ သူတွေ အပေါ်မှာ သူတို့အလိုမကျ တော့ဘူးဆိုရင် ဆိုရင် တော့ သူတို့ရဲ့ အဆက်မပြတ် gaslighting လုပ်မှုကြောင့် စိတ်ဒဏ်ရာတွေအပြည့်ရတက်ကြပါတယ်။ Gaslighting လုပ်တယ်ဆိုတာ တဖက်သားခံစားချက်တကိုအသိအမှတ်မပြုပေးတာ၊ တဖက်သားကို ပြန်ပြီး မသိမသာအပြစ်တင်လိုက်တာ။ အဲ့ဒါကြောင့် ခံရတဲ့ လူဟာ မိမိရဲ့ ရပ်တည်မှုပါ တဖြည်းဖြည်း ေ၀ဝါးလာတက်ပါတယ်။ ကိုယ့်ကိုယ်ကိုပျာက်ဆုံးတက်တယ်။ (ဝှောင်ဝှောင်ရွှေးရမယ်နော်။ အောက် မှာ ဘယ်လို ကိုယ်လွတ်ရုံးရမလဲ ဆိုတာ ထပ် ပြောပေးသွားမယ်။)
သူတို့ဟာ လူတွေကို သူတို့လိုသလိုအသုံးချရမဲ့ အရာ ဝထ္ထုတွေလို့ပဲမြင်ကြတယ်။
ဒီနေ ရာမှာသတိထားရမှာ က NPD ရှိတဲ့ လူတွေ ဟာ equal partnership ကို ရှာနေတာမဟုတ်ပါဘူးနော်။ သူတို့ထားရာနေစေရာသွား၊ သူတို့ကို အမြဲ မြှောက်ပင့်ပြောဆို ထောက်ပံ့ပေးနေတဲ့ အခြွေအယံအစေအပါး တွေဖြစ်စေချင်တာက နံပါတ် ၁ ပါပဲ။ အဲ့ဒါကြောင့် ဒီလို လက္ခဏာမျိုးရှိတဲ့ လူဆိုရင် အစောထဲ က မိမိ စက်ဝိုင်းထဲ မထည့်မိအောင် သတိထားရမယ်။
သူတို့ဟာ စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာပဲ နေကြတယ်။ တနည်းပြောရရင် ဝါးလုံးခေါင်းထဲ မှာ လသာချင်တဲ့ လူမျိုးတွေပေါ့။
အဲ့ဒါကြောင့်သူတို့ဟာ တခြားလူတွေက သူတို့ကို အမြဲဖြည့်စည်းဖို့၊သစ္စာရှိဖို့၊ ချစ်ခင်စုံမတ်နေဖို့ကိုအမြဲမျှော်လင့်တက်ကြပြီး သူတို့စိတ်ကူးထဲကလို လွဲချော်တဲ့ တစ်နေ့မှာ ထိုလူတွေ ဟာ NPD ရှိတဲ့ လူအတွက် ရန်သူဖြစ်သွားတက်ကြပါတယ်။ အဲ့ဒါကြောင့် NPD ရှိတဲ့ လူတွေနဲ့ဆက်ဆံတဲ့အခါ အထူးသဖြင့် ထဲထဲဝင်ဝင် ပေါင်းသင်းနေတဲ့ အခါ သတိပြုဖို့လိုပါတယ်။ သူတို့အလိုမဖြည့်စည်းနိုင်တဲ့တနေ့မှာ ယခင်ရှိခဲ့တဲ့ ရင်းနှီးမှုဟာ ချက်ချင်းပျက်ပြယ်သွားပြီး အငြိုးထားကာ ပြန်တိုက်ခိုက်တက်ဖို့အလားအလာရှိတက်ပါတယ်။ ဒါပင်မဲ့ စိတ်မပူပါနဲ့ အောက်ဆုံးမှာ သူတို့ ကကိုယ့်ကို လာကစားလို့မရအောင် ဘယ်လိုစိတ်ထားရမလဲဆိုတာ ဆက်ဖတ်သွားပေးပါ။
Narcissist တွေ လိုချင်တဲ့ သူတွေ ကဘယ်လိုမျိုးလဲ။
Doctor Ramani ရဲ့ video တစ်ခု မှာပြောခဲ့တာလေးကတော့ Narcissist (အတ္တသမား) တွေ ရဲ့ သားကောင်ဖြစ်လေ့ ရှိတဲ့ အမျိုးအစားက ၄ မျိုးရှိပါတယ်။
အလွန်အမင်း စာနာသနားတက်သူများ
အလွန်အမင်းစာနာသနားတက်တဲ့သူတွေ က များသောအားဖြင့် စိတ်ထားနုညံ့ကြတယ်။ ကိုယ်ကျိုးကို မငဲ့ ကွက်ပဲသူတပါး အတွက် အစွန်းဆုံထိကူညီပေးတက်ကြတယ်။ ဒီ အရာက အားသာချက်တစ်ခုလို့ထင်ရပင်မဲ့ မဆုက တော့ ပျော့ ညံ့တယ်လု့ိ ယူဆချင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲ့လိုလူတွေကို Narcissist တွေက အခွင့်ကောင်းယူပြီး ကြိုးကိုင်ချယ်လှယ်တက်ကြတယ်လေ။ Narcissist တွေ နဲ့ ပတ်သက်ရင် Logical thinking နဲ့ boundary ကောင်းကောင်းချနိုင်ဖို့အရမ်းအရေးကြီးပါတယ်။ အမြဲတန်းကြီး မာသာထရီဇာ လုပ်နေရင် အဆင်မပြေဘူးနော်။
ကယ်တင်ရှင် လုပ်လိုသူများ (Rescuers)
Narcissist တွေမှာ Grandiose နဲ့ Vulnerable ၂ မျိုးရှိပါတယ်။ အခြေခံအားဖြင့်က တူပင်မဲ့ Vulnerable narcissist တွေ က သူတို့ကိုယ်သူတို့victim တစ်ယောက်အဖြစ် သော်လည်းကောင်း၊ တစ်လောကလုံးက သူ့ကို ဝိုင်းပြီး မကောင်းကြတဲ့ ပုံစံသော်လည်းကောင်း ထင်မှတ်တက်ကြပြီးသူတို့အရာရာကို complain လုပ်နေတဲ့ လူမျိုးဖြစ်ပါတယ်။ သူတို့လို လူက passive aggressive လဲပို ဖြစ်ပါတယ်။ လူတစ်ဖက်သားကိုတည့်ထိုးကြီးပြသနာရှာတာထက် တဖက်သားကို အပြစ်ရှိသလို ခံစားရအောင် စကားနာထိုးတက်ကြတာပေါ့။ ဒီလို လူတွေ ဟာ Rescuers တွေနဲ့တွေ့ ရင် အကြိုက်ပေါ့။ Rescuers တွေက လဲ ကယ်တင်ရှင် လုပ်ချင်ကြတဲ့ ဓါတ်ခံရှိပြီးသားဆိုတော့ ထောက်ချောက်မိတက်ကြတာ မစမ်းပါဘူး။ သတိလေးချပ်ပေးကြပါနော်။
အလွန်အမင်း အကောင်းမြင်တက်သူများ
ဒီထောင်ချောက်က မဆု မသိလိုက်တဲ့ အရာတစ်ခုပါ။ Narcissistic ဖြစ်တဲ့ သူတစ်ယောက်နဲ့ သူငယ်ချင်းလုပ်ခဲ့မိတာ။ သူမရဲ့ လွှမ်းမိုးချုပ်ကိုင်ခြင်း ၊ နောက်လိုက်လုပ်ခြင်း၊ အဆိပ်အတောက်ဖြစ်စေတဲ့ အတင်းအဖျင်းတွေမှာ လိုတာထက်ပိုပြီး ထောက်ခံခြင်း တွေတော့ မလုပ်ခဲ့ပင်မဲ့ positive energy အရမ်းများနေခဲ့တော့တဖက်သက်တွေကျေနပ်နေခဲ့တာပေါ့။ နောက်ကျမှ အလွန်အမင်းအဆိပ်အတောက်များတဲ့ သူ့ရဲ့ NPD ရဲ့ စရိုက်လက္ခဏာတွေ သိရတာ။ အခုအချိန် ထိလဲ အတိုက်အခိုက်တွေလုပ်တုံးပဲ။ အတွေ့ အကြုံက သင်ပေးနေတဲ့ သင်ခန်းစာတစ်ခုပေါ့လေ။ အဲ့တစ်ယောက်ကိုလဲ တက်နိုင်သမျှ Healing လေးလုပ်ပြီး ဘဝကို ကိုယ်ပိုင် အလင်းရောင်လေးနဲ့ ရှေ့ဆက် စေချင်တာ ရင်ထဲကစေတနာပါ။
ခွင့်လွှတ်တတ်သူများ
Boundary ချဖို့မကျွမ်းကျင်တဲ့ သူတွေ အားနာတတ်တဲ့သူတွေ စိတ်ပျော့တဲ့ သူတွေ အတွက် Narcissist တွေ ကအခါခါအလီလီ လာရောက်ညင်းပန်းနေအုံးမှာပဲ။ ခွင့်လွှတ်ပြီးရင်းခွင့်လွှတ်နေမှတော့ ဟိုဘက်က အလိုရှိတိုင်း ချယ်လှယ်နေအုံးမှာပဲ။ Boundary setting လေးကို discipline လေး နည်းနည်းထားပြီး လေ့ကျင့်ထားပါလို့။
Narcissist တွေကို ဘယ်လို ကိုင်တွယ်မလဲ။
No-contact rule
ဒါကတော့ ရှင်းပါတယ်။ ဒီလိုတဖက်ပိတ် အတ္တသမားတွေ နဲ့ အာရုံမနောက် ချင်ဘူးဆိုရင်တော့ လုံး၀ အဆက်အသွယ်ဖြတ်လိုက်တာအကောင်းဆုံးနဲ့အရိုးရှင်းဆုံးပဲ။ ဘယ်တော့မှလဲတွေ့ စရာ ဆက်ဆံစရာ မလိုတော့ သူတို့နဲ့ပတ်သက်ပြီး ခံစားစရာလဲမရှိတော့ဘူးလေ။
Gray Rocking
Gray Rocking ဆိုတာက အပေါ်က ပြောခဲ့သလိုလုံးဝအဆက်အသွယ်ဖြတ်လိုက်ဖို့ဆိုတဲ့အခြေအနေ၊ အပြုအမူတစ်ခုကိုလုပ်ဖို့ အဆင်မပြေဘူး မတက်နိုင်ဘူးဆိုရင် သုံးလို့ရမဲ့ နောက်ထပ် နည်းလမ်းတစ်မျိုးပါ။ သူ က တော့ NPD ရှိတဲ့ လူတွေ နဲ့ဆက်ဆံတဲ့ အခါ စကားပြောတဲ့ အခါ လိုရင်းတိုရှင်းလုပ်လိုက်တာ၊ ဟတ်ဟတ်ပတ်ပတ် မရောတော့တာ၊ သူတို့ပေးတဲ့ အဆိပ်အတောက်တွေ Drama တွေကို စိတ်မဝင်စားသလိုနေ လိုက်တာ။ ခပ် တန်းတန်းနေလိုက်တာပါပဲ။ အဲ့ဒီအခါကျရင် NPD သမားတွေ ဟာ အစပိုင်းတော့သူတို့ရဲ့ expectation ကို မရတဲ့ အတွက် ကသိကအောက်ဖြစ်မယ် ဒေါပွမယ်။ ဒါပင်မဲ့ နောက်ပိုင်း သူတို့လိုချင်တဲ့ Valadation မရတဲ့အခါ သူတို့ကိုယ်တိုင်လဲ နောက်ဆုတ်သွားလိမ့်မယ်။
Don’t take anything personally
တစ်ကိုယ်ကောင်းသမားတွေ ဟာ သူတို့လိုဘ ပြည့်ဖို့အတွက် မရိုးသားမှုတွေ အတွင်တွင်လုပ်မယ်။ လှည့်စားမယ်။ အနိုင်ကျင့်မယ် အပေါ်ကပြောခဲ့သလို စရိုက်လက္ခဏာတွေပြပါလိမ့်မယ်။ အဲ့ဒီအပေါ်မှာ သွားရောက်မခံစားပါနဲ့နော်။ NPD သမားတွေဟာ ဒီလိုပုံမှန်ထက်ပိုတဲ့ self-importance ရှိတယ်ဆိုတာလက်ခံလိုက်ပြီး စိတ်ထဲမထည့်ပါနဲ့တော့။ သူတို့အပေါ်မှာ စိတ်ပေါင်းကိုယ်ခွာလုပ်ပြီးသံယောဇဉ်ကြိုးကိုဖြတ်ထားပါ။ သူတို့နဲ့ပတ်သက်ပြီး စိတ်လျှော့ထားလိုက်ပါ။ သူတိုကိုစိတ်ထဲက ထုတ်ထားတဲ့ အတွက် သူတို့ရဲ့ ကောင်းခြင်းဆိုး ခြင်းတွေ ဟာ သင့်အပေါ်မှာ ရိုက်ခက်မှု ရှိမှာ မဟုတ်တော့ဘူး။
Walk away and move on
သူတို့ ကိုမိမိဘက်က မှန် ကြောင်းသူတို့မှားနေကြောင်းသက်သေပြဖို့မစဉ်းစားပါနဲ့။ ဘာကြောင့်လဲ ဆိုတော့ သူတို့ကိုယ်သူတို့တောင် လှည့်စားနေတဲ့ ကိစ္စမှာ သင့်ရဲ့ ဖြေရှင်းချက် ကြည်ကြည်ဖြူဖြူ လက်ခံရလောက်တဲ့ အထိ မစဉ်းစားတက်သေးဘူး။ ဉာဏ်မမှီဘူးပဲ ဆိုပါတော့ ခပ်ရှင်းရှင်းပြောရရင်။ ဖြစ်နိုင်ရင် အစောထဲ က NPD လက္ခဏာတွေ ပြနေပြီဆိုရင် စောစောစီးစီး ရှောင်ထွက်ပြီး သူတို့မပါပဲရှေ့ဆက်လိုက်ပါတော့နော်။
Be authentic and confident
နောက်ဆုံး NPD တွေ ကို လုံး၀ immune ဖြစ်သွားချင်တယ်ဆိုရင် မိမိကိုယ်ကိုယ်ယုံကြည်မှု၊ စိတ်လုံခြုံမှု နဲ့စစ်မှန် မှု ရှိနေရင် Narcissist တွေရဲ့ bullshit တွေ ကို အလိုလိုကို မယူဖြစ်တော့ဘူး။ Attention ပေးစရာ ကိစ္စ လို့ကိုမယူစတော့တဲ့ အတွက် အေးဆေးပဲ။ ကိုယ့်ဘဝနဲ့ကိုယ်ကျေနပ်နေတာလေ။ ကိုယ့်ကိုယ်ကို အပြည့်အဝယုံကြည်နေပြီးသားလေ သူတို့ရဲ့ ကိုယ့်အပေါ် ထားရှိတဲ့ အဖျက်သဘောဆောင်တဲ့ အမြင်ရှုထောင့်ကိုကိုယ့် ဘက်ကိုသယ်မလာတော့ဘူး။ ကိုယ့်ကိုယ်ကို လက်ခံထားတဲ့ ပုံရိပ်ကို မထိခိုက်စေတော့ဘူး။
NPD အကြောင်း စိတ်ဝင်စားရင် Youtube မှာ Doctor Ramani နဲ့ MedCircle ဆိုတဲ့ Channel ကို subscribe လုပ်ထားပါနော်။ မဆုကိုယ်တိုင်လည်း အရင်က စိတ်မထားတက်တာ၊ ခံစားချက်ပြင်းထန်တာ၊ impulsive ဖြစ်တာ တွေကြောင့် လူမှု ဆက်ဆံရေးတွေမှာ ခလုပ်ကသင်းတွေ ရှိခဲ့တယ်။ အခုကတော့ ကိုယ်တိုင်လဲ NPD မရှိရင်တောင် Narcissistic အပြုအမူတွေမရှိအောင် နဲ့Narcissist တွေ နဲ့ တွေ့ တဲ့ အခါ ရုန်းရင်းဆန်ခ မဖြစ်ပဲ ရင့် ကျပ်စွာ ကိုင်တွယ် နိုင်ဖို့နဲ့စိတ်ထားတက်ဖို့ ကြိုးစားနေတုံးပါပဲ။ ဘဝရဲ့တစ်ကွေ့ မဟုတ်တစ်ကွေ့ မှာ ဒီလိုလူတွေနဲ့အနီးကပ် ကြုံရဆုံရအုံးမှာပဲ။ ကြုံခဲ့ဖူးတဲ့သူလဲကြုံခဲ့ဖူးမှာပါပဲ။ နောက်တခါ အလားတူ လူတွေ နဲ့ကြုံရရင် ပိုမိုတည်ငြိမ်စွာ ရှောင်ထွက်နိုင်ဖို့ ကတော့ စိတ်ကိုအခုတည်းက ပြင်ဆင်ထားဖို့အရေးကြီးတယ်။
အားလုံးလဲ Narcissist တွေရဲ့ ထောင်ချောက် နဲ့ သူတို့လှည့်ကွက်တွေထဲက နေအမြန်ဆုံးရုန်းထွက်နိုင်ကြပါစေ။ မိမိကိုယ်ကိုယ် grounded ဖြစ်အောင်နေနိုင်ကြပြီး အတိုက်အခိုက်တွေ ကနေ မတုန်မလှုပ် ဖြတ်ကျော်နိုင်ကြပါစေလို့နှစ်သစ်ဆုမွန် ကောင်းတောင်းရင်း…
မဆု
Narcissist တွေ ရဲ့ အစေအပါး လက်ကိုင်တုတ်လို့ခေါ်တဲ့ Flying Monkeys တွေ အကြောင်း
https://www.facebook.com/147651869214605/posts/977138362932614/