10-day Vocabulary challenge for beginners
10-day Vocabulary challenge for beginners
ဒီတစ်ခေါက်တော့ အခြေခံ သမားတွေအတွက် ၁၀ ရက် တာ Challenge လေး စဉ်းစားပေးထားတယ်။ ဒီ Challenge ဟာ Schema လို့ခေါ်တဲ့ concept လေးကို အခြေခံထားတာပါ။ Schema ကို Language မှမဟုတ်ပါဘူး ဘယ်အရာမဆို Learning လုပ်တဲ့ အခါ ဦးနှောက်က အလိုလို သုံး နေတဲ့ အရာလေးပါ။ ကျွန်မတို့ဟာ မွေးခင်းစထဲက အခုထိ အရာအားလုံးကို Schema နဲ့လေ့လာခဲ့တယ်။ Schema ဆိုတာ အရာတစ်ခု ကို တွေ့လိုက်တာနဲ့သူနဲ့ပတ်သက်ဆက်နွယ်နေ တဲ့ အကြောင်းအရာ မှန်သမျှကို ဦးနှောက်က ခေါ်ပေးလိုက်တာပဲ။ ဥပမာ မြင်း ကိုမြင်လိုက်တာနဲ့ တောထဲမှာ နေတဲ့ တိရိစ္ဆာန်၊ မြန်ဆန်ခြင်း၊ ပြေးခြင်း၊ ရထားလုံး၊ လမ်းထိပ်က မြင်းတွေမွေးထားတဲ့ ဘဘ အစရှိတဲ့ အရာတွေ အားလုံး ခေါင်းထဲမှာ စဉ်းစားစရာမလိုပဲအလိုလို ပေါ်လာပါတယ်။ ဒါကို Schema လို့ခေါ်တယ်။ ရိုးရှင်းတဲ့ သီအိုရီပါပဲ။
အဲ့ဒီတော့ ဒီ Schema ကို အသုံးပြုပြီးတော့ အခြေခံသမားတွေအတွက် အပျင်းလဲပြေ Vocabulary နဲ့ Writing လဲတစ်ခါတည်း လေ့ကျင့်ဖြစ်အောင် ဒီ Challenge လေးကို ပါဝင်ကြဖို့တိုက်တွန်းပါတယ်။ တစ်ရက် မှ ၁၀ မိနစ် ၁၅ မိနစ်လောက်ပဲနော်။
ကဲစလိုက်ကြရအောင်။
ဒီ Challenge မှာရက်အလိုက် ခေါင်းစဉ်လေးတွေအောက်မှာရေးပေးထားတယ်။ ထိုခေါင်းစဉ်တွေကို mind-map ထဲ ထည့်ပြီး သူနဲ့ဆက်စပ်နေ တဲ့ စကားလုံးမှန်သမျှစဉ်းစားပြီးချရေးပါ။ အလုံး ၂၀ လောက် မရမက စဉ်းစားပြီးရေးပါနော်။ (Mind-map ဆိုတာ အလယ်ခေါင်က idea/ keyword ကို အခြေခံပြီး ပင့်ကူအိမ်လို ကွန်ယက်တွေ ခွဲထွက်ပြီး ဆက်စပ်မှုတွေကို ချရေးတာဖြစ်ပါတယ်။ အောက်က ပုံ မှာ Ma Su Training ကို ဥပမာ ပြထားပါတယ်။)
အဲ့လိုချရေးနေတုံး မသိတဲ့ စကားလုံးပေါ်လာရင် မြန်မာ- အင်္ဂလိပ် Dictionary ထဲ ကြည့်လိုက်ရေးလိုက်လုပ်ပါ။
စာလုံးပေါင်းတွေဂရုစိုက်ပါ။ (စာလုံးပေါင်းမသေချာရင်လဲ Dictionary မှာ ပြန်ကြည့်)
ဥပမာ Family ဆိုရင် သူနဲ့ဆက်စပ်တဲ့စကားလုံး တွက Parents, Father, Mother, Sibling, Baby, Brother, Sister, Love, Loyalty, Support, Warmth, Nurture, Sharing, အစရှိသည်တို့ဖြစ်ပါတယ်။
နောက်ဆုံးပြီးသွားရင် ခေါင်းစဉ်လေးအကြောင်းရိုးရိုးရှင်းရှင်းနဲ့စာတစ်ပိုဒ်လောက်ရေးလိုက်ပါ။ အော်ရေးပြီးရင် ပြန်စစ်အုံးနော်။
ဒီ လေ့ ကျင့်ခန်းလေးက ပြည့်စုံမှန်ကန် မှု (Perfectionism) ကို အသားပေးတာမဟုတ်တဲ့ အတွက် အမှား လုပ်ဖို့လုံး၀ တွန့်ဆုတ်စရာမလိုပါဘူး။ English learning မှာ Progress လေးတစ်ခု ဖြစ်အောင် လေ့ကျင့်မှုတစ်ခုဖြစ်ပါတယ်။
ဒီ လေ့ကျင့်ခန်းလေး ၁၀ ရက် သာပုံမှန် လုပ်ပြီးသွားရင်
ဦးနှောက်က အင်္ဂလိပဘာသာစကားနဲ့ပတ်သက်ရင် ပိုပြီး active ဖြစ်လာခြင်း၊
Writing အတွက် အရှိန်တစ်ခုရလာခြင်း၊
Vocabulary တိုးတက်မှု နှင့်
စာလုံးပေါင်း မှန်ကန် မှု၊ တို့ပြန်ရရှိမှာဖြစ်ပါတယ်။
Day 1 - Family
Day 2 - Kitchen
Day 3 - Furniture
Day 4 - School
Day 5 - Work
Day 6 - Friendship
Day 7 - Animal
Day 8 - Fish
Day 9 - Music
Day 10 – Hobby
ဒီ Challenge လေးလုပ်ပြီးရင် အတွေ့ အကြုံလေး တချက်လာပြောပြကြပါအုံး။
မဆု