ဒီမိုခရေဇီ ဆိုတာ
ဒီမိုခရေဇီ ဆိုတာ
- ကိုယ်နဲ့ မတူတဲ့ အမြင်ရှိ နေတဲ့ သူတွေရဲ့ရှုထောင့် ကနေ ဝင်ကြည့်ပေးပြီး နားလည်ပေးတာ။ လက်ခံပေးတာ။ ကိုယ့်မှာ အဲ့လိုဝင်ကြည့်ပေးနိုင်လောက်တဲ့ အတွေ့အကြုံ ဗဟုသုတ အရည်အချင်းမရှိသေးရင်လဲကိုယ်နားမလည်တဲ့ အရာတစ်ခု ကိုကိုယ့် ရဲ့အမြင်လေးတစ်ခုတည်း အပေါ်မူတည်ပြီး မျက်စိစုံမှိတ်ပြီး ပုတ်ခတ် တိုက်ခိုက်တာမျိုးမလုပ်ပဲ အေးအေးလူလူ လျစ်လျူရှုလိုက်တာ ဒါမှမဟုတ်ပြေပြေလည်လည် ဆွေးနွေးငြင်းခုံတာမျိုး လိုလားတာ။
- မိမိက အထက်လူဖြစ်နေရင်လဲမိမိရဲ့နောက်လိုက်တွေကိုငါ ခိုင်းတာလုပ်။ ပြန်မပြောနဲ့ဆိုတာမျိုးမဟုတ်ပဲ သူတို့လေးတွေ ဆန္ဒရှိသလိုဆောင်ရွက်ခွင့်ပေးပြီး Progress အပေါ်မှာ လိုအပ်တာ support ပေးပြီး မိမိလိုချင်တဲ့ result ရဖို့ကိုmotivation ပေးနေတာ။
- ကိုယ်က မိဘဖြစ်ရင် သားသမီးကိုကိုယ်ပိုင်လွတ်လပ်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်၊ သုံးသပ်ပိုင်ခွင့်ပေးထားတာ။ အဲ့လိုလုပ်နိုင်ဖို့ကိုလဲ resource တွေထောက်ပံ့ ပေးတာ။
- တစ်ဦးကိုတစ်ဦးပြိုင်ဆိုင် တာထက် တစ်ဦးနဲ့တစ်ဦးပူးပေါင်းပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမဲ့ နည်းလမ်းကိုသုံးပြီးစည်းစည်းလုံးလုံးလုပ်ဆောင်ကြတာ။
- အနှစ်ချုပ်ပြောရရင် လူတစ်ဦးချင်းစီ ရဲ့အသိဉာဏ်၊ လူသားချင်းစာနာမှုု၊ ကြိုးစားအားထုတ်မှုလုံ့လဝိရိယနဲ့ နည်းပညာ အသုံးချတက်မှု ပေါ်မှာ အခြေခံပြီး ခေတ်မှီဖွံ့ ဖြိုး တိုးတက်တဲ့ လူ့ အသိုင်းအဝိုင်း၊ နိုင်ငံတော် တစ်ခုကို ဝိုင်းဝန်းပြီးတည်ဆောက်တာ။ ဖျက်လိုဖျက်စီးတွေ တက်နိုင်သမျှရှောင်တာ။
(မဆုကိုယ်တိုင်က Democracy ကိုအရမ်းလိုလားတဲ့ Democrat တစ်ရောက်မို့လို့အတွေးအခေါ်ကိုချဲ့ထားတယ် mindset ကို grow ဖြစ်အောင် အမြဲကြိုးစားနေပါတယ်။ မဆုရဲ့ပိုစ့်တွေ အားလုံးကို ဖတ်တဲ့သူတွေ ကြည့်ရှုတဲ့သူတွေ မိမိ တို့ဆန္ဒရှိသလိုလွတ်လပ်စွာ အယူအဆ ကွဲလွဲ တာကိုလက်ခံနိုင်အောင် ကြိုးစားပါ့မယ်။)
ဒီမိုကရေစီအတွက် အသက်ပေးသွားတဲ့သူရဲ ကောင်းများ၊ လက်ရှိ တိုက်ပွဲဝင်နေတဲ့ PDF များ၊ နယ်ပယ်အသီးသီးက အာဏာရှင်ကိုဆန့်ကျင်ပြီး CDM ဝင်ကြတဲ့ ဝန်ထမ်းများ နဲ့ မိမိ တစ်နိုင်တစ်ပိုင် ကူညီ ပေးနေကြတဲ့ ပြည်သူအသီးသီး ကိုလေးစားအပ်ပါတယ်။
မဆု