10-day reading challenge
10-day reading challenge
ယနေ့မှာတော့ MST က အသည်းကျော် Learners တွေအတွက် Mini project လေးတစ်ခု စီစဉ်ပေးချင်ပါတယ်။ ဒီ အစီစဉ် က တော့ ၁၀ ရက် ကြာမြင့်မှာဖြစ်ပြီး higher and independent learners တွေအတွက် သင့်လျော်ပါတယ်။ (Intermediate to advanced အဆင့် ရှိပြီးတဲ့ သူတိုင်းပါဝင်ကြဖို့ တိုက်တွန်းပါတယ်။ Lower learners တွေအတွက် လဲအစီအစဉ်လေးတွေရှိပါတယ်။ ထပ်မံကြေညာပေးသွားပါ့မယ်။ စိတ်မဆိုးနဲ့နော်။)
အစီအစဉ်လေးကတော့
တစ်ရက်ကို article တစ်ပုဒ်နှုန်းဖတ်ပြီး journal ရေးရပါမယ်။
journal ကို စာအုပ်ထဲမှာ ရေးနိုင်သလို computer, mobile handset, ipad အစရှိတဲ့ electronic device ထဲမှာ Microsoft word (သို့) Excel မိမိ ကြိုက်နှစ်သက်ရာ အသုံးပြုပါနော်။
Journal ထဲ မှာ Category ၄ ခုခွဲပါမယ်ရှင့်။ (Main message, Summary, Vocabulary, Remark)
Article တစ်ပုဒ်ကို Skimming နဲ့ တစ်ခါ scanning နဲ့တစ်ခါ ၂ ခေါက်ဖတ်ရပါမယ်။ (ဒီထက်အခေါက် ရေပိုပြီးဖတ်နိုင်ရင် ပိုကောင်းပါတယ်။)
ပထမဦးဆုံး တစ်ခေါက်ကို Skimming method နဲ့ဖတ်ပါမယ်။ Skimming လုပ်တယ်ဆိုတာ ဝထ္ထုဖတ်သလိုခပ်မြန်မြန် ခပ်သွပ်သွပ် နဲ့ အဓိကဆိုလိုရင်းရရုံသာဖတ်ပါမယ်။ မသိတဲ့ စကားလုံး (သို့) စကားစုတွေ ရှိကောင်းရှိပါမယ်။ သို့ပင်မဲ့ Dictionary မလှန် ပါဘူးနော်။ ကျော်ဖတ်သွားပါ။
Skimming လုပ်ပြီးရင် journal ထဲ မှာ Main message (article ရဲ့ ပေးချင်တဲ့ မက်စေ့) နဲ့ Summary (အနှစ်ချုပ်) ကိုရေးပါမယ်။ Main message မှာ တော့ article တစ်ခုလုံးကို ခြုံငုံထားပြီးရလိုက်တဲ့ idea တစ်ခုကိုစာတစ်ကြောင်းနဲ့ရေးပါ။ Complex sentence တွေနဲ့မရေးပါနဲ့အုံးနာ်။ Main idea ကလဲ တစ်ခုပဲရှိသင့်ပါတယ်။ ဒီစာကြောင်းက ယေဘုရဆန်မယ်။ အသေးမစိပ်ဘူး။
Summary ထဲမှာတော့ article ထဲ က အကြောင်းအရာ ကို စာပိုဒ်တစ်ပိုဒ်နဲ့အနှစ်ချုပ်ရေးပါ။ Complex sentence တွေသုံးလို့ရပါပြီ။ Summary ရေးပြီးတဲ့ အခါ မိမိ အရေးအသားကို ပြန်စစ်ပေးပါ။ ပြင်စရာရှိရင် ပြင်ပါ။ ကျစ်ကျစ်လစ်လစ် ဖြစ်သည်အထိ ပြင်ပါ။
ပြီးတဲ့ အခါ Scanning method နှင့် နောက်တစ်ခါ ပြန်ဖတ်ပါမယ်။ Scanning လုပ်ခြင်း ရဲ့ ရည်ရွယ်ချက်က article ထဲမှာ မသိတဲ့ Vocabulary (words, phrases, collocations, idioms, slangs) တွေ ကို ရှာမှာဖြစ်ပါတယ်။ highlight လုပ်လို့ရရင် highlight လုပ်ထားနိုင်ပါတယ်။ Vocbulary ၅ လုံးမှ ၁၀ လုံးအထိသာပဲရှာပါ။ ဒီထက်များရင် ရေရှည်မှာ ဦးနှောက်က မှတ်မိဖို့အလားအလာနည်းလို့ပါနော်။ ပြီးရင် Journal ထဲ က vocabulary section ထဲ သွားထည့်ပါ။ ထို vocabulary တွေရဲ့ အသံထွက်၊ အဓိပ္ဗယ်၊ Form (eg, verb, noun phrase, adj, etc) နှင့် အသုံး ပြုပုံကို အဘိဓာန် ထဲမှာ ရှာပါ။ အဘိဓာန် ထဲမှာ မတွေ့ရင် Google မှာရှာပြီး မှတ်စုချရေးပါ။
နောက်ဆုံးမှာ Remark ဆိုတဲ့ section ထဲ မှာ ဒီ ဆောင်းပါးနဲ့ ပတ်သက်ပြီးမိမိရဲ့ အမြင်ရှုထောင့် ကို စိတ်ထဲရှိတဲ့ အတိုင်းလွတ်လပ်စွာချရေးပါ။ မိမိ ရေးချင်တဲ့ ပမာဏရေးပါ။
၁၀ ရက် မှာ အင်္ဂလိပ်ဆောင်းပါး ၁၀ ပုဒ် လုံးကို အထက်ပါနည်းလမ်းကိုအသုံးပြုပြီး လေ့လာပါ။
၁၀ ရက် ပြီးမြောက်သွားတဲ့ အခါ ရရှိလာမဲ့ အကျိုးကျေးဇူးတွေက တော့
Vocabulary တွေသိသိသာသာ ကြွယ်ဝလာမယ်။
Critical thinking တိုးတက်လာမယ်။
Global topic တွေ အစုံဖတ်ရတဲ့ အတွက် General knowledge အားကောင်းလာမယ်။ Essay တွေ assignment တွေရေးတဲ့ အခါ အထောက်အကူဖြစ်မယ်။
Reading skills တွေတိုးတက်လာမယ်။ စာဖတ်ရတာ မြန်လာပြီး ဖတ်ရင်းနဲ့ ဆိုလိုရင်းအဓိပ္ဗယ်ကို အလိုလို သဘောက်လာမယ်။
Writing မှာ ကျစ်ကျစ်လစ်လစ် နဲ့ထိထိမိမိ ရေးတက်လာမယ်။
အာရုံစူးစိုက်မှုပိုမိုအားကောင်းလာမယ်။
အထူးသဖြင့် IELTS Prep လုပ်နေတဲ့ သူတွေနဲ့နိုင်ငံခြားမှာ ပညာသင်ဖို့အစီအစဉ်ရှိသူတွေ အတွက် ဒီ challenge ဟာ အချိန် တိုတိုနဲ့ Academic English skills ကို မြှင့် တင်ပေးပါလိမ့်မယ်။
Day 1
Co-living apartments offer a sense of community for on-the-go millennials
https://www.cbc.ca/.../co-living-apartments-offer-a-sense...
Day 2
Here’s why Richard Branson’s flight matters—and, yes, it really matters
Here’s why Richard Branson’s flight matters—and, yes, it really matters
https://arstechnica.com/.../heres-why-richard-bransons.../
Day 3
Loneliness: coping with the gap where friends used to be
https://www.theguardian.com/.../loneliness-coping-with...
Day 4
‘OK not to be OK’: Mental health takes top role at Olympics
https://apnews.com/.../2020-tokyo-olympics-swimming...
Day 5
The Surprising Psychology of Innovation
https://www.psychologytoday.com/.../the-surprising...
Day 6
Is it actually false, or do you just disagree? Why Twitter’s user-driven experiment to tackle misinformation is complicated
https://theconversation.com/is-it-actually-false-or-do...
Day 7
U.S. generates more plastic trash than any other nation, report finds
https://www.nationalgeographic.com/.../us-plastic-pollution
Day 8
Medal of dishonour: why do so many people cheat in online video games?
https://www.theguardian.com/.../medal-of-dishonour...
Day 9
Why are some people more curious than others?
https://bigthink.com/neuropsych/curiosity-in-humans/
Day 10
Scientists Settled a Century-Old Family Drama Using DNA From Postcards
https://www.wired.co.uk/article/dna-artifact-testing
Challenge လေးအောင်မြင်ပြီးဆုံးသွားရင် မဆုကို အတွေ့ အကြုံလေးတွေ CBက နေ လာပြောပြအုံးနာ်။ ပီတိလေးတော့ နဲနဲ ပြန်လိုချင်တယ်။
မဆု