IH Bangkok က ဆရာဖြစ်သင်တန်းတွေ
IH Bangkok က ဆရာဖြစ်သင်တန်းတွေ
အရင်ကလဲ ရေးဖူး သလို အခုလဲထပ်မံအမေးများလာလို့မဆုသိသလောက် ESL teaching နဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရပြီး Valid ဖြစ်တဲ့ Program လေးတွေ ကိုမိတ်ဆက်ပေးပါမယ်။ International House ဆိုတာ က မဆုတို့ELT အသိုင်းအဝိုင်းထဲမှာ မသိ တဲ့သူ မရှိပါဘူး။ ESL teaching နဲ့ပတ်သက်တဲ့ program တွေ English ဘာသာစကားနဲ့ပတ်သတ်တဲ့ program တွေ ကို စနစ်တကျ ထိထိရောက်ရောက် run နေတဲ့ အဖွဲ့ အစည်းဆိုလဲ မမှားပါဘူး။ အခုဆို IH က ရန် ကုန်မှာ တောင်ရှိနေပြီနော်… IH ကလုပ်တဲ့ CELTA course ကို ရန်ကုန်မှာတက်လို့ရနေပြီ နော် ဘော်ဘော်တို့…သင်တန်းကြေးက ဘန်ကောက်ထက် နဲနဲ များပင်မဲ့ စိတ်ဝင်စားရင် တချက်စုံစမ်းကြည့်ကြအုံးလို့…. ငွေဈေးတွေကလဲသိတဲ့ အတိုင်းပဲမို့ မြန်မြန်လှုပ်ရှားရမဲ့အချိန် နော်… အချိန် ဆွဲ နေရင် ငွေ ကြေးဖောင်းပွမှုနဲ့ စုထားတာပဲအဖက်တင်မယ်. (မဆုတုံးက တော့ စာတွေပတ်သင်ပြီး အသေအကြေစု စောင်း… အိမ်က အဖေနဲ့အမေကိုလည်းလိုအပ်တဲ့ ပမာဏကိုအတင်း စိုက်ခိုင်းပြီး သွားတက်တာ အဖက်တင်သွားလို့တော်သေးတယ်)
CELTA ကိုဘာကြောင့်တက်သင့်တာတုန်း?
ESL teacher အဖြစ် ရပ်တည်ချင်တဲ့ သူတွေကို ဘာဖြစ်လို့ CELTA တက်ဖို့တိုက်တွန်းနေတာလဲ ဆိုတော့ နိုင်ငံတကာမှာ ESL teacher အဖြစ်ရပ်တည်ဖို့ လွယ်ကူတယ်… သူ့ဈေး ကွက် က တစ်နာရီ ကို 22USD က စတယ်။ မြန်မာနိုင်ငံမှာ အလုပ်လုပ်မယ်ဆိုလဲ INGO တွေ Multinational companies တွေ International schools တွေ အတွက် ဝင်ရ အရမ်းလွယ်တယ်။ ကိုယ့် မှာ လက်မှတ်ရှိပြီးသားဆိုတော့ တခြားအင်္ဂလိပ်စာဆရာတွေနဲ့ ယှဉ်ရင် အပေါ်ရောက် ရောက်သွားမှာပဲ။ အတွေ့ အကြုံတွေနှစ်ပေါက်အောင် ရှိလဲလက်မှတ်ရှိတဲ့ သူက သာတယ်နော်။ အဲ့ဒါလေးတစ်ချက် မှတ်ထားပါနော်။ Career development အတွက် လဲ အလားအလာကောင်းတယ်… ရိုးရိုး English teacher ဘဝနဲ့ပဲအရိုးထုတ်သွားစရာမလိုဘူး…. မိမိ Career လမ်းကြောင်းပေါ်မှာ ရာထူးအမြင့်တွေ မှန်းလို့ရတယ်… ဖြစ်နိုင်ခြေလဲရှိတယ်… (တခြား softskills တွေ တော့ လိုအပ်တာပေါ့နော်)
အင်္ဂလိပ်စာကျွမ်းကျင်မှု ကအခြေခံလိုအပ်ချက်ပါ။
အဲ့ဒီတော့ အခုမှစလုံးရစရမဲ့ ဆရာ ဆရာမ တို့အတွက် ESL teaching နဲ့ပတ်သက်ပြီး IH က လုပ်တဲ့ program လေး ၃ ခုနဲ့မိတ်ဆက်ပေးပါမယ်။ မဆုက အကျဉ်းချုပ်ပဲ ပြောမှာဖြစ်လို့အသေးစိတ်ထပ်မံ သိ လိုရင် တော့ သူ တို့official website မှာ သွားဖတ်ပေးပါ။ သူတို့ကိုလဲ တိုက်ရိုက် email နဲ့လှမ်းမေးလို့ရပါတယ်။ (ကြော်ငြာနေတာမဟုတ်ပါနော်။ ကြော်ငြာခလဲမရပါဘူး... အားလုံးကို well-informed ဖြစ်စေချင်လို့စေတနာနဲ့ပါ။) ဒီ Course ၃ ခုစလုံး အတွက် အဓိက မရှိမဖြစ်လိုအပ်တဲ့ Background ကတော့ English language skill ဖြစ်ပါတယ်။ C1 level (Advanced) ကတော့ မဖြစ်မနေ ရှိရပါမယ်။ (ဒါကတော့ သူတို့ website မှာ ဖော်ပြထားတာ။) မိမိ English က မကောင်းသေးရင် class တွေ တက်၊ self-study တွေပုံမှန်လုပ်ခြင်းဖြင့် တဖြည်းဖြည်းမြှင့်တင်သွားပါနော်။ (Upper-intermediate) လောက်ဆိုရင် ကို သူတို့လက်ခံပါတယ်။ Class တွေ တက်တဲ့ အခါလဲ CELTA qualified ဖြစ်တဲ့ ဆရာတွေ (သို့) Qualified teacher တွေ ကိုသင်စေတဲ့ သင်တန်းကြောင်းတွေမှာ တက်ဖို့တိုက်တွန်းပါတယ်နော်။
Application process
English က အဆင့်မှီသွားပြီး course တွေ တက်ဖို့အဆင်သင့်ဖြစ်ပြီလို့ယူဆရရင် သူတို့ website မှာ Apply လုပ်လို့ရပါပြီ။ Application form က ၈ မျက်နှာလောက်ရှိပြီး essay လို စာပိုဒ်လိုက်ရေးရမည့် task တွေလဲပါပါတယ်။ တချို့မေးခွန်းတွေကို အဖြေမသိရင် အင်တာနက်မှာ ရှာဖတ်ပြီးမှ သေချာပြန်ရေးပါနော်။ ထင်သလိုတွေ မဖြီးပါနဲ့။
Application form ဖြည့်ပြီးရင် Grammar, choice of words, spelling, punctuation သေချာစီစစ်ပြီးမှ သူ တို့ကို email ပို့ပါ။ email ပို့ပြီး ၁ ပတ် အတွင်း Application ကို သူတို့ဘက်က လက်ခံကြောင်း၊ မခံကြောင်း အကြောင်းပြန် ပါတယ်။ လက်ခံ တယ်ဆိုရင် တော့ oral interview ကို ဖုံးနဲ့ဖြေကြားရပါမယ်။ အဲ့မှာ teaching နဲ့ပတ်သက် တာ အနည်းငယ်မေးပါတယ်။ ၃၀ မိနစ်ခန့် ကြာပါတယ်။ Interview အောင်မြင်ပြီးပြီဆိုရင်တော့ ကျောင်းကို ကျောင်းလခ အပြည့်သွင်းပြီးအပ်ရပါတယ်။ ဒီ Application process က တော့ Course အားလုံး အတူတူပါပဲနော်။
CELTA Course
အပေါ်မှာလဲ ထိုက်သင့်သလောက်ရှင်းပြပြီးတဲ့ အတိုင်း ဒါကတော့ အင်္ဂလိပ်စာ အဆင့်မှီတယ်၊ အတွေ့ အကြုံအနည်းငယ်ရှိတယ်၊ နိုင်ငံတကာမှာ တန်းဝင်တဲ့ ဆရာတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် တက်ဖို့သင့်တော်တဲ့ သင်တန်းဖြစ်ပါတယ်။ သင်တန်းက အချိန်ပြည့်တက်ရတယ် လက်တွေ့ ရော စာတွေ့ ရော Assignments တွေရော ပါတာကြောင့် တခြား အလုပ်တွေ မလုပ်ပါနဲ့နော်။ ကျောင်းကပြန်လာရင် နောက်ရက် အတွက် Lesson plan လုပ်ရမယ်။ Weekends မှာ assignment ရေးရမယ်။ ၄ ပတ်အတွင်းမှာ တခြားထွေလီကာလီလုပ်ဖို့အချိန်ပေးဖို့မလွယ်လှဘူး။
သင်တန်းကာလ - ၄ ပတ် (full-time)
သင်တန်းကြေး - 1,750USD
ဒီ သင်တန်းပြီးရင် တော့ IH ကပေးတဲ့ CELTA certificate နဲ့ Cambridge က ပေးတဲ့ CELTA certificate ၂ ခုရပါမယ်။
Course date ကိုအာက်ပါ link မှာကြည့်ပါ။ သူ့မှာ online၊ face-to-face နဲ့ part-time အစုံရှိပါတယ်။ ဖြစ်နိုင်ရင် တော့ Face-to-face (full-time) ကိုရွေးပါ။ အထိရောက်ဆုံးပဲ။
https://ihbangkok.com/teacher-training/celta/course-dates/
IH CYLT course
သူကတော့ များသောအားဖြင့် CELTA ပြီးတဲ့ သူတွေ က Young Learners teaching ပိုင်းကိုထပ်မံဝမ်းစာဖြည့်ဖို့အတွက် တက်ကြပါတယ်။
သင်တန်း ကာ လ - 2 weeks (full-time)
သင်တန်းကြေး - 900USD
Course date
https://ihbangkok.com/.../ih-certificate-in.../course-dates/
IH CAM
သူ က တော့ CELTA ရပြီး၊ စာသင်တဲ့အတွေ့ အကြုံအနည်းဆုံး ၁ နှစ်လောက်ရှိပြီးတဲ့ အခါ တက် သင့်တဲ့ အတန်းဖြစ်ပါတယ်။ မိမိ teaching skills ကို update လုပ်ချင်တဲ့ အတွေ့အကြုံရှိပြီးသားဆရာ၊ ဆရာမတွေ၊ ပိုမို နည်းစနစ်ကျပြီး မှန်ကန် တဲ့ approach တွေ နဲ့မိမိ အတန်းတွေမှာချက်ချင်း ပြန် လည်အသုံးချ ချင်တဲ့ သူတွေ အတွက် သင့်တော်တဲ့သင်တန်းဖြစ်ပါတယ်။
IH Certificate in Advanced Methodology ဆိုတဲ့ အတိုင်း သူ့မှာ CELTA လို hands-on TPs တွေ ထက်ကို ပိုပြီး သီအိုရီ ဆန် တဲ့ သင်တန်းဖြစ်ပါတယ်။ မဆုကတော့ လာမဲ့ အောက်တို ဘာမှာ တက်မလားစိတ်ကူးနေတယ်။)
သင်တန်းကြေး - 900USD
သင်တန်းကာလ - 5 days (full-time)
Course date
https://ihbangkok.com/.../ih-certificate-in.../course-dates/
နေစရာ
ကျောင်းတည်နေရာက Sukhumvit Line ပေါ်မှာရှိတဲ့ Nana bts station မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် သင်တန်းတက်တဲ့အခါ အနီးနားတစ်ဝိုက်မှာ အဆင်ပြေတဲ့နေရာမှာ တည်းခိုဖို့လိုအပ်ပါတယ်။ သူတို့ကျောင်းကနေပြီး နေစားငြိမ်း Package တွေလည်းရှိသလို မိမိ အစီအစဉ်နဲ့ လဲ နေလို့ရပါတယ်။ အပေါ်က ပေးထားတဲ့ ဈေးနှုန်းက Course fees တစ်ခုတည်းနော် (နေစရာမပါဘူး)
On-nut bts station တစ်ဝိုက်မှာတော့ ဈေးနှုန်းသင့်တင့်ပြီး သွားလာရအဆင်ပြေတဲ့ ကွန်ဒိုတွေ ရှိပါတယ်။ များသောအားဖြင့် ကွန်ဒိုတွေကို ဘန်ကောက်မှာ ၆ လ ၁ နှစ် တွေ ပဲငှားကြတာဖြစ်တယ်။ အခုမဆု ငှားထားတဲ့ KV Mansion ဆိုတဲ့ ကွန်ဒို က တော့ ၁လချင်း လဲနေလို့ရပါတယ်။ တစ်လချင်းဆိုရင် တော့ ဘတ် ၁၂ ၀၀၀ ဖြစ်ပါတယ်။ (ပရိဘောဂအပြည့်စုံ၊ သန့် ရှင်းရေး၊ gym ပါပြီး။ kitchen မပါ) On Nut bts နဲ့ဆိုရင် ၃မိနစ်လောက်ပဲလမ်းလျှောက်ရပါတယ်။ IH Bangkok ကို bts နဲ့ ၁၀ မိနစ်လောက်ပဲစီးရပါတယ်။
သွားရေးလာရေး
သွားရေးလာရေးကတော့ မဆုအနေနဲ့ Taxi လုံးဝမစီးဘူး။ ဈေးကြီးလို့မဟုတ်ဘူး။ Taxi driver တွေ က English လို နားမလည်တာများပြီး GPS လဲမကြည့်တက် တာကြောင့် အမြဲ တိုင်ပတ်နေတာကြောင့်ရယ်၊ ရက်ရက်စက်စက် ကားပိတ်မှုကြောင့်ရယ် ကြောင့်မစီးဘူး။ BTS sky train စီးတယ်။ တခါတလေ နီးရင် ဆိုင်ကယ်ငှားစီးတယ်။ လမ်းလျှောက်တယ်။
အစားအသောက်
မဆု ၂၀၁၆ တုန်းက ဘန်ကောက်မှာ လာတက်တုံးက ဆိုရင် Budget သိပ်မသုံးနိုင်လို့ street food နဲ့ 7/11 က instant food တွေ နွှေးပြီးစားခဲ့တယ်။ အရသာလဲရှိတယ် ဈေးလဲပေါတယ်။ ဆိုင်ကြီးတွေ မှာ ထိုင် မစားရဲဘူး။ ပိုက်ဆံမရှိလို့။ ကိုယ်နဲ့အဆင်ပြေတဲ့ street food ဆိုင်လေးတွေ ရှာထားပေါ့။ street food က ဘန်ကောက်မှာ အရမ်းပေါ။
တခြားCourse တွေကရော
ဟုတ်.... မေးကြတယ်... TESOL ကရောတို့ TEFL online course တွေ ရော မရဘူးလားလို့... တက်ချင်ရင် တက်ပါနော်။ တားနေတာမဟုတ်ဘူး။ TESOL က ပေးအပ်တဲ့ awarding bodies တွေ က ကျောင်းတွေ အများကြီး တချို့ကျောင်းတွေ က ကောင်းတယ်၊ များသောအားဖြင့် မြန်မာနိုင်ငံမှာ ဂျင်းတွေရှိတယ်။ Assignment ရေးတင်ပြီး certificate ပေးတဲ့ နေရာတွေ၊ Attandance ရှိရင် certificate ရတဲ့ သင်တန်းတွေ ရှိတယ်။ TESOL ထက်စာရင် CELTA က အများကြီး ပိုခိုင်မာတယ်။ CELTA ဆိုတာ Cambridge တစ်ခု တည်းက ပဲပေးတာဖြစ်ပါတယ်။ တချို့ကလဲCELTA ကို မတက်နိုင်သေးလို့ Online course လေးတွေ တက်ကြတယ်။ တက်မယ်ဆိုလဲ တကယ် ထိရောက်တဲ့ platform တွေက အတန်းတွေ တက်ကြပါနော်။ မြန်မာနိုင်ငံက ဘာtraining ညာ training တွေ က ဘယ်သူတွေ သင်တာမှန်းမသိသူတို့ ကျောင်းက ဘာမှန်းမသိနဲ့ တက်ကြတာအချိန်ကုန်ပြီး မထိရောက်မှာစိုးလို့ပါ။ Coursera နဲ့Linkedin learning မှာ ESL teaching နဲ့ပတ်သက်တဲ့ course တွေမှ အများကြီး။ ပိုက်ဆံ မတက်နိုင်လဲaudit mode နဲ့ video တွေ တော့ ကြည့်လို့ရတယ်။ အနည်းဆုံးတော့ exposure ရတယ်။ concept လေးတွေနားလည် မယ်။ ဒီလောက်ပါပဲ။
အခုကတော့ ဒီလောက်ပါပဲနော်။ နောက်နေ့အားရင် ESL teachers တွေအတွက် part-time job တွေ ဘယ်လို hunt လုပ်ကြမလဲ တခြား လူငယ်တွေ ရော အပိုဝင်ငွေရအောင် ဘာတွေလုပ်သင့်လဲဆိုတာလေးထပ်ရေးပေးပါမယ်ရှင်…. အဆုံးထိ မငြီးမငွေ့ ဖတ်ပေးတဲ့ အတွက် ခေါ်ပွန်းခါးးး
မဆု