IELTS writing အတွက် အမှတ်ပေးစည်းမျဉ်းလေးတွေ
IELTS writing အတွက် အမှတ်ပေးစည်းမျဉ်းလေးတွေ
IELTS writing လေ့ကျင့်တဲ့ အခါ assessment criteria ကို အရင် သိအောင်လုပ်ပြီးရင်းနှီးကျွမ်းဝင်နေဖို့ကအရေးကြီးပါတယ်။ IELTS writing မှာ Essay task ၂ ခု ပါဝင်ပြီး အချိန် ၁နာရီပေးပါတယ်။ ထို Essay ၂ခုလုံးကို criteria ၄မျိုး နဲ့အကဲဖြတ်ပါတယ်။ ဒီ ၄မျိုး မှာ တစ်မျိုးကို ၂၅% စီနဲ့ အမှတ်ခွဲတာဖြစ်ပြီး နောက်ဆုံး overall writing score ကိုအားလုံးပါင်းပြီး ၄ နဲ့ပြန် စားကာ အနည်းစပ်ဆုံး ရလဒ်ကို ပြန်ယူတာဖြစ်ပါတယ်။ ဒီ ၄မျိုးကို အသေးစိပ်ထပ်မံ လေ့လာလိုက်ကြရအောင်။
1) Task achievement (TA)/ Task Response (TR)
TA မှာ အမှတ်ကောင်းကောင်းရဖို့ဆိုရင် မေးခွန်းမှာ မေးထားတဲ့ မေးခွန်း အကုန်လုံးကို Essay ထဲမှာ ပြန်ဖြေရပါတယ်။ ဥပမာ မေးခွန်းက ၂ ခု ဆို၂ခုစလုံး ပြည့်ပြည့်စုံစုံဖြေပါ။ နောက်တချက်က မိမိရဲ့ပြောချင်တဲ့ idea ကို ရှင်းရှင်းလင်းလင်း ဖော်ပြပြီး မိမိ idea ကို ပိုမိုခိုင်မာစေအောင် supporting sentences တွေ နဲ့ ထပ်မံရှင်းလင်းဖြည့်စွက် ပါ။ စာပိုဒ်တစ်ပိုဒ်မှာ ရှင်းလင်းခိုင်မာတဲ့ အကြောင်းအရာတစ်ခုနှင့် သူ့ကို ထောက်ပံ့ထားတဲ့ ရှင်းလင်းမှုတွေ ပါရပါမယ်။
2) Coherence and Cohesion (CC)
သူကတော့ စာပိုဒ်ခွဲတဲ့ အခါ logic ကျကျ ခွဲရပါမယ်။ Essay တစ်ပုဒ်လုံး ကိုခြုံ ကြည့်လိုက်တာနဲ့ တန်းသိပါတယ်။ ဥပမာ Task 2 မှာ Introduction (စာကြောင်း ၁ကြောင်းမှ ၂ ကြောင်း)အတွက် စာတစ်ပိုဒ်၊ Body paragraph အတွက်စာ၂ပိုဒ်၊ Conclusion အတွက် စာပိုဒ် တစ်ပိုဒ်ဆိုရင် သင့်တင့် တဲ့ပမာဏဖြစ်ပါတယ်။ ထို့ အပြင် Linking words နဲ့cohesive device တွေ ကို အံဝင်ခွင်ကျ သုံးရပါမယ်။ စကားလုံးတွေ ထပ်မနေအောင် paraphrase လုပ်ခြင်း၊ synonym (သို့) substitution တွေအသုံးပြုခြင်း၊ reference သုံးခြင်းတို့ပြုလုပ်ရပါမယ်။ စာတစ်ပိုဒ်ထဲ မှာ စကားလုံး တစ်လုံးတည်းကိုထပ်ခါထပ်ခါ အသုံးပြုခြင်းမှရှောင်ကျဉ်ပေးပါ။
3) Lexical Resource (LR)
သူ က တော့ အဆင့်မြင့် Vocabulary (collocation, phrasal verbs, advanced usage) တွေ ကို တွင်တွင်ကျယ်ကျယ် အသုံးပြုတက်ရင်ရပါပြီ။ ဥပမာ Get သုံးမဲ့ အစား obtain အသုံးပြုခြင်း။ စာလုံးပေါင်းတော့ ဂရုစိုက်ပေးပါ။
4) Grammatical Range and Accuracy (GRA)
GRA အတွက် အမှတ်များဖို့က Grammatical structures တွေကို မထပ် စေပဲ သဘာဝကျကျ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတက်ရပါမယ်။ အမှတ်များဖို့အတွက် မှန်ကန်တဲ့ Complex sentence တွေ အသုံးပြုပေးပါ။ Grammatical error တွေနည်းနိုင်သမျှ နည်းပါစေ။
MST က Learners တွေ အားလုံး self-study လုပ်တဲ့ အခါ motivation အပြည့်၊ နည်းစနစ်မှန်မှန်ကန် ကန်၊ အဆင်ချောချော၊ စိတ်ရှည်ရှည်နဲ့ အမှတ်ကောင်းကောင်းရယူနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်း......