Five-minute rule ( ၅ မိနစ်စည်းကမ်း)
Five-minute rule ( ၅ မိနစ်စည်းကမ်း)
Five-minute rule
ဟိုနေ့ကမဆု Account ထဲက တစ်ယောက်ရေးထားတာလေးတွေ့လို့… သူက ပြောတယ် ကျောင်းတုန်းက ဆို ကျောင်းစာလုပ်ဖို့motivation မနဲယူရတယ်။ အလုပ်ခွင်ရောက်တော့လဲအလုပ်လုပ်ဖို့motivation ယူဖို့ကြိုးစားရပြန်တယ်တဲ့…. Productive ဖြစ်ဖို့(အလုပ်ပြီးဖို့) motivation ကိုဘယ်လို ယူရမလဲဆိုတဲ့ ပိုစ့်လေးတစ်ခု တွေ့မိလို့ ဒီအကြောင်းဟာ လူငယ်တွေ တော်တော်များများ လဲ ကြုံတေ့ွကြရမဲ့ issue ဖြစ်မယ်လို့တွေးမိ တာကြောင့် မဆု စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတဲ့ five-minute rule ဆိုတဲ့ နည်းလမ်းလေးဝေမျှပေးပါမယ်။ Five-minute rule ဟာ Procrastinators (အချိန်ဆွဲ သမားတွေ) အတွက် ပေါ့ပေါ့ပါးပါး စမ်းကြည့်လို့ရပြီး အကျိုးရလဒ်လဲသိသာတာမို့ပါ။ ဆိုကြပါစို့... မိမိမှာ လုပ်စရာတွေရှိတယ်… ဒါပင်မဲ့ စလုပ်ရမှာ ပျင်းနေတယ်… တခြားဟာတွေကိုပဲ လုပ်ဖြစ်နေတယ်… မုသွင်းလို့မရဘူး... အချိန် ဆွဲနေတယ် ဆိုရင်….
မိမိကိုယ်မိမိ အချိန် ၅ မိနစ်ပဲပေးလိုက်ပါ…. ဒီ ၅မိနစ်အတွင်း အချိန် မဆွဲပဲပြီးသလောက်လုပ်မယ်။ ၅ မိနစ် ပြည့်ရင် ရပ်လိုက်မယ် ကိုယ်လုပ်ချင်တာဆက်လုပ်မယ်ဆိုပြီး သတ်မှတ်လိုက်ပါ….
အံ့သြစရာကောင်းတာက ဒီလို သတ်မှတ်ပြီးတဲ့နောက်မှာ ၈၀% မှာ လူတွေက မိမိ လုပ်ရမဲ့ အလုပ်ကို ၅မိနစ်ပြည့်သွားလဲပြီးအောင်ဆက်လုပ်ကြပါတယ်တဲ့ (Originals, Adam Grant) ။ အဲ့ဒီတော့ အပျင်းကြောထူတဲ့ mood ဝင်လာတိုင်း ၅မိနစ် နည်းလမ်းလေးသုံးပြီးအလုပ်တွေ ဖြို ကြည့်ကြစို့....
(နောက် မုဝင်ရင် အချိန် ဆွဲခြင်းရဲ့ ကောင်းကျိုးနဲ့နည်းဗျူဟာကျကျ အချိန် ဆွဲ နည်းကိုထပ်ရေးအုံးမယ်... အိုင်လဲမုဝင်မှ စာရေးတာမို့...)
မဆု