ကလေးတွေကို Growth-mindset နဲ့ကြီးပြင်းစေဖို့ မိဘများ ဘာတွေသတိထားသင့်သလဲ။
ကလေးတွေကို Growth-mindset နဲ့ကြီးပြင်းစေဖို့ မိဘများ ဘာတွေသတိထားသင့်သလဲ။
ဒီအကြောင်းအရာလေးကလဲစိတ်ထဲ မှာ အမြဲရှိနေတဲ့ အရာလေးတစ်ခုပေါ့။ မဆုက ကလေးတွေ နဲ့ထိတွေ့ရသလိုမိဘတွေနဲ့လဲ ရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိ နေတော့ ကလေးနဲ့မိဘ ကြားထဲက နားလည်မှုလွဲတဲ့ ပြသနာနဲ့မိဘ တွေက fixed-mindset ရှိနေတော့ ကလေးတွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့Parenting မလုပ်နိုင်တာတွေတွေ့ရတယ်။ (ကိုယ့်မှာသားသမီးမရှိပါနော်။ မိဘလဲ တစ်ခါမှ မဖြစ်ဖူးပါ။ ဒါပင်မဲ့ မိဘတွေ နဲ့ကြီးပြင်းခဲ့ရတော့ ကိုယ်တွေရဲ့ယဉ်ကျေးမှုအကြောင်းကိုယ်တွေအသိဆုံးလေ။) ကယ်လိုရင်းပဲ ပြောမယ်နော် ဒီပိုစ့်ကတော့။ စလိုက်ကြရအောင်။
၁) Toxic stress vs Healthy encouragement
ပြသနာတစ်ခုဖြစ်ပြီဆို ကလေးကိုနောက်မလုပ်ရဲတော့အောင်၊ ကြောက်သွားအောင်၊ အမြဲ ခြိမ်းခြောက် တယ်။ ကဲ့ရဲ့တယ်။ အပြစ်တင်တယ်။ သူများကလေးတွေ နဲ့ တန်းလိုက်ညှိတကယ်။ ဒီလုပ်ရပ်ဟာ မိမိကလေးက အသုံးမကျတဲ့ လူသားတစ်ရောက်လို့ကိုယ်ကိုယ် ယုံကြည်သွားအောင်၊ မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းသွားအောင်၊ Imposter syndrome ရလာအောင် တဖြည်းဖြည်း သွပ်သွင်းတဲ့ အရမ်းကိုအဆိပ်အတောက် များတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ထိုအရာတွေကို လုပ်မည့်အစား မိမိကလေးကို အားပေးပါ။ ပြသနာ ကိုfocus မလုပ်ပဲ Solution ကို focus လုပ်ပြီး ကလေးကိုအာရုံပြောင်းပေးပါ။ ဒါမှ ကလေး ဟာ ပြသနာရှိရင် အဖြေရှိတယ် အဲ့ဒီအဖြေကို ရအောင်ရှာရမယ်ဆိုတဲ့ အတွေး ဝင်လာမှာဖြစ်ပါတယ်။ ဥပမာ ကလေးက စာမကျက်ဘူး အမှတ်မကောင်းဘူးဆိုရင် အသုံးမကျဘူး။ စာညံ့တယ် စတဲ့ Message ကိုဖော်ပြမဲ့အစား ဒီတခေါက်စာမေးပွဲကတော့ တစ်ခုခုလိုအပ်သွားတယ် ဒါပင်မဲ့ နောက်တခါ အတွက် ဒီထက်ပိုပြင်ဆင်ကြတာပေါ့ လို့ပြောတဲ့အခါ ကလေး မှာ toxic stress မရသွားပဲ healthy encouragement ရသွားမှာဖြစ်ပါတယ်။
၂) နားထောင်ပါ။ နားလည်အောင် ကြိုးစားပါ။
ကလေးမိဘတော်တော်များများ ဟာ ကလေး တွေကိုလူရာသိပ်မသွင်းကြဘူး။ ကလေးကစကားပြောလာရင် သေချာနားမထောင်တာ၊ စကား ဖြတ်ချလိုက်တာ၊ ငေါက်လွှတ်လိုက်တာတွေတွေ့ရတာတော်တော် စိတ်မကောင်းစရာပဲ။ မိမိကလေးရဲ့စကားကိုလက်ခံ ပြီးနားထောင် ပေးမှ ကလေးရဲ့Personality နဲ့ identity ကို သေချာနားလည်မှာပေါ့။ ဥပမာ ကလေး ကဒီဆရာမ နဲ့စာသင်ရတာ အဆင်မပြေဘူးပြောရင်။ မိဘက ဒါကို ဆရာမက စာတွအေများကြီးလုပ်ခိုင်း လို့ ဒီကလေး က စာမလုပ်ချင်လို့ဒီလိုပြောတာဆို
ပြီး အလျင်စလို ကောက်ချက်ချလိုက်ရော။ အဲ့ဒီလိုလုပ်မဲ့အစားကလေးနဲ့ သေချာထိုင်ပီးဆွေးနွေးပေးပါ။ ဘာကြောင့်အဆင်မပြေလဲ။ ဘယ်အရာတွေ မှာ အခက်အခဲရှိလဲ။ ဆရာမ ရဲ့စာသင်ပြပုံက ကလေးရဲ့ learning style နဲ့ကွဲလွဲနေသလားစသည်ဖြင့် ရသလောက်ဆွေးနွေးပါ။ ကလေး နဲ့ ဆရာမ ဆက်ဆံရေးကို အကဲခက်ပါ။
၃) စိတ်ရှည်ပါ။
ကလေးတိုင်း ဟာ သူ့ဦးနှောက်နဲ့ သူ အချိန်တိုင်းဖွင့် ဖြိုးနေပါတယ်။ အချိန်တိုင်း Progress ဖြစ်နေပါတယ်။ ဒါကို အမြဲသတိရပါ။ ကလေးက တစ်ခုခု မှာ အားနည်းနေရင် လောဘတကြီးနဲ့ စိတ်လိုက်မာန်ပါ တွန်းအားမပေးပါနဲ့။ သူ့ဘာသာ သူ့ပမာဏနဲ့သူ သူတက်နိုင်သလောက် သာလျှင် သင်ယူပါစေ။ ဘယ်ရလဒ်ကိုမှတစ်ထိုင်တည်း ရသွားဖို့မမျှော်လင့်ပါနဲ့။ သင့်တင့်တဲ့ မျှော်လင့်ချက်ပဲ ထားပါ။ ကလေးလိုအပ်ရင် လိုအပ်သလို support ပေးပါ။
၄) ခွင့်လွှတ်ပေးပါ။ ထောက်ပြပါ။
အစောပိုင်းမှာ ပြောခဲ့သလိုပါပဲ။ ကလေးအမှားလုပ်မိရင် စိတ်လိုက်မာန်ပါ တုန့်ပြန်တာထက် ကလေး အတွက် အကျိုးရှိပြီးအထောက်အကူဖြစ်မဲ့ တုန့်ပြန် မှုကိုသာပြုလုပ်ပါ။ ထို့ကြောင့် ခွင့်လွှတ်ပေးပါ။ ကြီးလေးတဲ့ အပြစ်မပေးပါနဲ့။ ကလေး ကိုအမှန် ပြင်ပေးပြီး ထပ်မံကြိုးစားဖို့တစ်ဖန်အားပေးပါ။
၅) ကလေးကို positive image တည်ဆောက်ပေးပါ။
ကျွန်မတို့လူကြီးတွေတောင် ကောင်းတဲ့ ဂုဏ်သတင်း နဲ့ ကိုယ့်ရဲ့ bright side ကိုပဲ လူတွေ မြင်စေချင်ကြပြီး လူတွေ ရဲ့ အသိအမှတ်ပြုတာကို မသိစိတ်က ရော သိစိတ်ကပါ လိုချင်ကြတယ်မဟုတ်လား။ အဲ့ ဒါဆို ကလေးတွေ ကရော???
ကလေးတိုင်းမှာ အားသာတဲ့ အချက်လေးတွေရှိကြပါတယ်။ အဲ့ဒါလေးတွေကိုသိအောင်လုပ်ပြီး မကြာခဏ ထုတ်ပြောပေးပါ။ ဥပမာ ကလေးက သူများတွေ ကို ကူညီပေးတက်သလား။ စာဖတ်တာဝါသနာပါသလား။ အွန်လိုင်း အတန်းတွေ တက်ရင် စိတ်ပါဝင်စားစွာ ပါဝင်တက်ရောက်သလား။ ပန်းချီ ၊ ဂီတ၊ အားကစား ကို ကျောင်းစာထက်ပို ကျွမ်းကျင် သလား။ အိမ်ကလူကြီးတွေ က ကလေးကို ဝေယျာဝစ္စလုပ်ပေးတဲ့အခါ လက်မခံပဲ မိမိဘာသာလုပ်ဖို့ အရေးဆိုသလား။ လူကြီးမိဘတွေနဲ့စကားပြောတဲ့အခါ ယဉ်ကျေးသိမ်မွေ့ သလား။ အစရှိသည်ဖြင့် ကလေးရဲ့အားသာတဲ့အချက်လေးတွေကို မြင်အောင်ကြည့်ပေးပြီး အသိအမှတ်ပြုပေးပါ။ နောက် သတိထားရမှာက မိမိ ဖြစ်စေချင်တဲ့ပုံစံမဖြစ်တိုင်းကလေးကိုအဖျက်သဘောဆောင်တဲ့ တံဆိတ်တွေမတပ်မိပါစေနဲ့။ ဥပမာ နင် ကစာညံ့တယ်။ အသုံးမကျဘူး။ မိဘကိုဘယ်တော့မှမကူဘူး။ ဉာဏ်ရည်မမှီဘူး။ အပျင်းကြီးတယ်။ စသည်ဖြင့်။ စဉ်းစားကြည့်ပါ။ အချိန်တိုင်းစာပဲ လုပ်ချင်တဲ့ကလေးဆိုတာ အင်မတန်မှရှားပါတယ်။ ဒါကိုအပြစ်ကြီးတစ်ခုလိုအမြဲတစေ ရေရွတ်နေတာကလေးအတွက် လက်ရှိရော အနာဂတ်အတွက်ပါ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။
၆) သင်ယူခွင့်ပေးပါ။
တချို့မိဘတွေ မြင်ဖူးတယ် ကလေးကို သိပ်ချစ်တော့ ကိစ္စတော်တော်များများကို ပိတ်ပင်ထားတယ်။ အမှားတွေ့ ပြီးဒုက္ခ ရောက်မှာစိုးလို့ ဘေးဖြစ်မှာစိုးလို့ တဲ့။ ၃- ၄ နှစ်အရွယ် လမ်းကောင်းကောင်းလျှောက်တက်တဲ့ကလေးကိုလှေကားပေးမတက်ဘူး။ ချော်လဲပြီးပြုတ်ကျမှာစိုးလို့တဲ့။ ၁၄ နှစ် ၁၅ နှစ် အရွယ် အပေါင်းအသင်းမင်တဲ့အရွယ် ကိုသူငယ်ချင်းတွေ နဲ့သွားသွားလာလာ ပေးမလုပ်သေးဘူး။ အပေါင်းအသင်းမှားပြီး မဟုတ်တာတွေ လုပ်မှာစိုးလို့တဲ့။ (ဒါကတော့ ကိုယ်ငယ်ငယ်က မိ ခဲ့တဲ့ ဂျင်း။) အခု အသက် ၃၀ ကျော်ပြီ ကား မမောင်းဖူးသေးဘူး ငယ်ငယ်တည်းက အိမ်စီးကား တွေ အမြဲရှိပင်မဲ့ ကားတိုက်မှာစိုးလို့တဲ့။ ကျွန်မ IQ က ကားတစ်စင်းကို ကောင်းကောင်းမောင်းနိုင်ရလောက်အောင် မမှီလို့တဲ့
ကဲ ထားပါတော့။ စိုးရိမ်တာကိုအပြစ်မပြောပါဘူး။ ကလေး နဲ့ ပတ်သက်ဆက်နွယ်တဲ့ ပတ်ဝန်းကျင် ကိုSafe zone ဖြစ်မဖြစ် အမြဲ စောင့်ကြည့်လေ။ ပြီးရင် ကလေးကိုထိုက်သင့်တဲ့ လွတ်လပ်ခွင့် နဲ့သင်ယူခွင့် တော့ ပေးရမှာပေါ့။ မဟုတ်ရင် ကလေးက အရွယ်ရောက်ရင် အမှားလုပ်ရမှာကြောက် သူများအပြောအဆိုခံရမှာကြောက် ပြီး မလုပ်ရဲ မကိုင်ရဲ လူတော မတိုးဖြစ် မှာလေ။ အမှားလုပ်မှ အမှားထဲက သင်ခန်းစာယူရမှာ။ တစ်ခါမှားရုံနဲ့ သင်ခန်းစာမရရင် အခါခါ မှားပြီးသင်ခန်းစာရတဲ့အထိ ယူရမှာပဲ။ မှားပြီးမှ အမှန်ဆိုတာ ပြင်ရတာလေ။ ပြသနာ တွေ ရှိမှ problem solving skills ဆိုတာ ရလာမှာ။ မိဘက Guideline တော့ ပေးရမှာပေါ့။ မှန် ကန်တဲ့ guideline ပေးနိုင်ဖို့အတွက် လဲမိဘကိုယ်တိုင်က well-informed ဖြစ်နေဖို့ကအရေးကြီးတယ်နော်။
၇) ရုပ်ဝတ္တုပစ္စည်းတွေနဲ့အရမ်းအလိုမလိုက်ပါနဲ့။
ကလေးတွေ ကိုရုပ်ဝတ္တုပစ္စည်းတွေ နဲ့လိုတာထက်ကို ပိုပြီး ဖြည့်စည်းပေးတာဟာ ကလးရဲ့ Morality ကို ဖြည်းဖြည်းချင်းရိုက်ချိုးတယ်လို့မြင်ပါတယ်။ ကလေးဟာ ရုပ်ဝတ္တု ပစ္စည်းတွေ ရှိမှ လူ့တန် ဖိုးဆိုတာရှိမယ် အဆောင်အယောင်တွေရှိမှ လူဝင်ဆန့်မယ်ဆိုတဲ့ လွဲမှားတဲ့ အယူအဆ တွေ တဖြည်းဖြည်း ကြီးထွားလာတက်ပါတယ်။ ဒါ့အပြင် instant gratification လို့ခေါ်တဲ့ တဒင်က ဆန္ဒတွေကို ထိမ်းနိုင်တဲ့ will power လဲ ကျလာပါတယ်။ အခု လိုချင်ရင် အခု ရမှ ဆို တဲ့ ဆန္ဒတွေ များလာရင် ပိုမို ကြီးမားတဲ့ ပန်းတိုင်တွေ ကို အာရုံ မစိုက်နိုင်တော့ပါဘူး။
မိမိ ကလေးလိုအပ်တဲ့ resource ကို ကောင်းကောင်းထောက်ပံ့ပေးပြီး ကလေးရဲ့ကြိုးစားအားထုတ်မှုအပေါ်လိုက်ပြီး reward လုပ်ပေးခြင်း အားဖြင့် effort ရဲ့တန်ဖိုးကို နားလည်ပြီး တာဝန်ယူတက်တဲ့ လူသားတစ်ယောက် ဖြစ်လာစေမှာဖြစ်ပါတယ်။
၈) မိမိ မှားရင် ပြန်တောင်းပန် ပါ။
လူကြီးတွေ အမှားဆုံးအမှားဟာ သူတို့ကိုသူ တို့အမြဲ မှန်တယ်လို့ထင်နေတာပါပဲ။ အထူးသဖြင့် ကလေးကိုမှားပြီး ဆူမိသွားပြီ စွပ်စွဲ မိသွားပြီဆိုရင် သိတာ နဲ့ ချက်ချင်း ပြန် တောင်းပန် ပါ။ ဒီလိုပြန် တောင်းပန်တဲ့ အကျင့် မရှိရင် ဘယ်သူမှ မသိလိုက် ပဲ ကလေး စိတ်ဒဏ်ရာတွေတဖြည်းဖြည်း များသွားပြီး အရွယ်ရောက်တဲ့ အခါ social နဲ့relationship မှာ ပြသနာတွေရှိတက်ပါတယ်။ လူတွေကိုမယုံတော့တာမျိုး။ စိတ်အားငယ်တာမျိုး။ စိတ်မလုခြုံ ဖြစ်တာမျိုး ဖြစ်နိုင်ပါတယ်။
အတိုချုပ်ပြောရရင် ကလေးတွေ ရဲ့အနာဂတ် ဟာ မိဘတွေ နဲ့ပတ်ဝန်းကျင်ရဲ့ပုံဖော်မှုနဲ့အများကြီး သက်ဆိုင်ပါတယ်။ ငယ်ငယ်က toxic environment မှာ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေ အရွယ်ရောက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ မှာ အများကြီး ချို့ယွင်းမှုတွေ ရှိတက်တာဖြစ်ပြီး ဒါကိုပြန် လည် ကုသဖို့ဆိုတာက ခက်ခဲပြီး ရှည်ကြာတဲ့ ခရီးတစ်ခု ဖြစ်ပါတယ်။ လူတိုင်းအတွက် မဖြစ်နိုင်တဲ့အရာတစ်ခုပါ။ ကလေးတွေကိုလုံခြုံမှု၊ အေးချမ်းမှု၊ လွတ်လပ်မှုနဲ့အထောက်အပံ့ ကောင်း တဲ့ Healthy ဖြစ်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းပါစေ။ သူတို့လေးတွေ လူလားမြောက်တဲ့အခါ မိဘတွေကိုစိတ်နာ နေမှာ မဟုတ်ပဲ အမြဲ အမှတ်ရပြီး ကျေးဇူးတင်နေမှာပါ။
မဆု