Enemy-centered paradigm (ရန်သူဗဟိုပြု တွေးခေါ်နေထိုင်ခြင်း)
Enemy-centered paradigm (ရန်သူဗဟိုပြု တွေးခေါ်နေထိုင်ခြင်း)
ဒီ concept ကို ၂၀၁၉ တုံးက 7 habits of highly effective people ဆိုတဲ့ စာအုပ်ထဲမှာ ဖတ်ဖူးပါတယ်။ အခု ဒီ အကြောင်းအရာလေးနဲ့ပတ်သက်ပြီးဆွေးနွေးချင်စိတ်ပေါ်သွားရတဲ့ အကြောင်းအရင်းကတော့ ပတ်ဝန်းကျင်မှာ အဖျက်သဘောဆောင်ပြီးတစ်ယောက်ကိုတစ်ယောက် ဆွဲချင် တဲ့ energy ဆိုးတွေရှိတဲ့ လူ အချို့ကိုတွေ့လာရလို့ပဲဖြစ်တယ်။ ဒီစာနဲ့ ပတ်သက်ပြီးတော့ ပုဂ္ဂိုလ်ရေးအရ လုံးဝရည်ရွယ်ချက်မရှိသလိုမဆုကိုယ်တိုင်လဲခံစားချက်တွေ နဲ့ခွာပြီးမှ အချက်အလက် ကျကျ ပဲရေးမှာပါ။
Enemy-centered ဖြစ်နေတဲ့ လူတွေမှာ များသောအားဖြင့်တွေ့ ရတာ
သူတို့ရဲ့ ဘဝဟာ သူတို့မုန်းတဲ့ မနာလိုတဲ့ လူကိုပါဝါအပြည့်ပေးထားသလိုဖြစ်တယ်။
အကြောင်းအရင်းက ထိုလူက သူ့ဘဝမှာ အဆင်ပြေနေရင် enemy-centered သမားတွေက နေစရာမရှိဘူး။ လိုက်တိုက်ခိုက်တယ်။ ဆွဲချတက်တယ်။ ထိုလူက အဆင်မပြေတဲ့ အခါ e-c သမားတွေ က လက်ခုတ်လက်ဝါးတီးပြီးပျော်ကြတယ်။ သူတို့ရဲ့ self-worth (မိမိတန်ဖိုး) က တဖတ်သူရဲ့ အဆင်ပြေခြင်းမပြေခြင်းပေါ် အပြည့်အ၀ မူတည်ထားတယ်။ သူတို့ ဘဝကို တစ်ဖတ်သားပေါ်သူတို့ ကိုယ်တိုင်ပေးထားကြတာ။ တဖက်သား ကလိုက်ကစားလိုက်ရုံပဲ။
သူတို့မှာ negative energy တွေနဲ့ပြည့်နှက်နေတယ်။
သူတို့ဘဝရဲ့အဆင်မပြေမှုတွေဟာ တခြားသူတွေ ကြောင့်ဆိုပြီးအမြဲစွပ်စွဲ အပြစ်တင် ထိုးနှက်လျက်ရှိတယ်။
Self-awareness အားနည်းပါတယ်။ ဒါက လည်းတွေးကြည့်လိုက်ရင်ရိုးရှင်းပါတယ်။ သူတို့ဟာအတ္တအရမ်းကြီးတာကြောင့် ethically ကြည့်မယ်ဆိုရင် သူ တို့ဘယ်လောက် ချိုးဖောက်ဖောက် သူတို့ကိုယ်သူတို့မသိပင်မဲ့ တစ်ဖက်သား က တစ်ခါ တစ်လေ ချိုးဖောက်မိရင် အခွင့်အရေးရတိုင်း၊ စိတ်ထင်ရင်ထင်သလိုအမြဲ ထိုးနှက်ပြောဆိုလေ့ရှိတယ်။
အခုတလော စာဖတ်သူတို့လဲ Facebook မှာ တွေ့ ကြမှာပါ။ အခြေအမြစ်မရှိတဲ့ အရာတွေ နဲ့ပတ်သက်ပြီး လူတွေဟာ publicly တစ်ယောက်ကိုတစ်ယောက် shaming တွေ အပြန် အလှန် လုပ်နေကြတာတွေ အရမ်းကိုမှ အကျည်းတန်ပါတယ်။ ကျွန်မတို့လူသားတွေဟာ အနည်းနဲ့အများတော့ ခံစားချက်ပြင်းထန်မှုတွေကိုယ်စီရှိကြတာကြောင့် ဆုံးဖြတ်ချက်တွေချတဲ့ အခါ လူ့အသိုင်းအဝိုင်းမှာ ကျင်လည်တဲ့ အခါ တွေမှာ ဘက်လိုက်မှုတွေ favoritism တွေ ကတော့ရှိကြစမြဲမို့enemy-centered တခါတလေဖြစ်သွားတက်ပါတယ်။ အဲ့လိုအခါမျိုးမှာ မိမိကိုယ်ကိုယ်ပြန်လည်သုံးသပ်ပြီး Stephen Covey ဆုံးမခဲ့သလိုenermy-centered paradigm ရဲ့ ဆန့် ကျင်ဖက်ဖြစ်တဲ့ principle-centered paradigm ကိုပြန်လည် shift လုပ်နိုင်ဖို့ အကြံပြုပါရစေ။
(Principe-centered paradigm အကြောင်း သိတဲ့သူရှိရင် အောက်မှာ ရှဲ ပေးသွားကြအုံနော်… sharing is caring လေ… နောက် ကြုံရင် Principle-center အကြောင်းလေးထပ်ရေးပေးပါမယ်။)
စေတနာဖြင့်
မဆု