I have ADHD
I have ADHD
ဒီဘလော့လေးကိုမဖတ်ခင် တစ်ခု တောင်းပန်ချင်တာက မဆုဟာ Psychologist မဟုတ်တဲ့ အတွက် အမှားပါသွားတာရှိရင် ခွင့်လွှတ်ပါလို့။ ဒီ Blog ကိုရေးဖြစ်တဲ့ရည်ရွယ်ချက်ကို နောက်ပိုင်းမှာ ထည့်ပေးပါမယ်။
အရင်ဦးဆုံးက ADHD (Attention deficit hyperactivity disorder) ဆိုတာဘာလဲပေါ့နော်။ မြန်မာလို မဆု အနေနဲ့အလျင်းသင့်သလိုဘာသာပြန်ရမယ်ဆိုအာရုံစူးစိုက်မှုအားနည်းပြီး စိတ်ဂဏာမငြိမ်တဲ့ အခြေအနေ တစ်ခုပါ။ (ဒီထက်ပိုအဆင်ပြေတဲ့အသုံးအနှုန်း ရှိရင်လဲအောက်မှာရေးပေးသွားကြပါအုံး။ ကိုယ့်ဟာကိုယ်ဘာသာပြန်ပြီး အူတက်နေပြီ။) ADHD ရှိတဲ့ လူတွေရဲ့ ဦးနှောက် က ပုံမှန်လူတွေ နဲ့ နဲနဲကွာတယ်။ အာရုံစူးစိုက်မှုအားနည်းပြီး သူတို့ဦးနှောက် ကို တက်ကြွစေတဲ့ လှုံ့စာ်မှုတွေကို အမြဲ ရှာယူတက်တဲ့ သဘာဝရှိတယ်။ မဆုအနေနဲ့ အကောင်း မြင်တဲ့ရှုထောင်က ပြောရမယ်ဆို အာရုံစူးစိုက်မှုအားနည်းတာထက် မိမိ အတွက် ပျင်းစရာကောင်းတဲ့အလုပ် အကျိုးမရှိဘူးလို့ ယူဆတဲ့ အလုပ်မျိုးကို ဟန်ဆောင်ပြီးတော့ တောင် အာရုံစိုက်ပြီးတော့ မရ သော်လည်း မိမိ စိတ်ဝင်စားတဲ့အရာမျိုးကိုဆို hyperfocus လုပ်နိုင် ပါတယ်နော်....
ADHD ဟာမွေးရာပါ ဖြစ်ပြီး ပတ်ဝန်းကျင်ကြောင့်သူ့ရဲ့ လက္ခဏာတွေကိုကြီးထွားစေသလို လျော့ပါးစေတယ်။ ငယ်ငယ်ကတည်းက မိဘအုပ်ထိမ်းသူ တွေ အနေနဲ မိမိ ကလေးကို ဂရုတစိုက် ပြုစုပျိုးထောင် ဖို့အရေးကြီးပါတယ်။ (နောက်ပိုင်းမှာ ADHD ရှိတဲ့ ကလေးတွေရဲ့သဘာဝကိုထပ်မံ ဆွေးနွေးပေးသွားပါမယ်။) ADHD ရှိတဲ့ လူကြီးတွေမှာဆိုရင် တစ်ခု(သို့) တစ်ခုထပ်ပိုတဲ့ addition (စွဲလမ်းတက်မက်မှု) ရှိတယ်။ အရက်၊ လောင်းကစား၊ လိင်ပိုင်းဆိုင်ရာသောင်းပြောင်းမှု၊ မူးယစ်ဆေးဝါး၊ အစရှိသည်ဖြင့်။ ဒီ Addition တွေအစား healthy ဖြစ်စေတဲ့ အလေ့အကျင့်တွေကို ပြောင်းနိုင်ရင် တော့ လုံးဝမိုက်သွားပြီ…. ADHD ကို ကျိမ်စာအဖြစ်ကနေ ဆုလဒ်တစ်ခုအနေနဲ့ ပြောင်းလို့ရသွားပြီပေါ့။
နောက်စိတ်ဝင်စားစရာတစ်ခုက ADHD သမားတွေဟာ သူ တို့မိဘတွေက ADHD (သို့) တခြားစိတ်ရောဂါတစ်ခုခု ရှိတာများပါတယ်…. အဲ့ဒါကြောင့်လဲ မိမိကလေးရဲ့ ADHD လက္ခဏာတွေကို အပြုသဘောနဲ့ နားလည်ပေးပြီး ပျိုးထောင်တာမျိုးထက် ကလေးရဲ့ ကက္ခဏာတွေကို ပိုဆိုးစေတဲ့ နည်းလမ်းတွေနဲ့ ပြုစုပျိုးထောင် ကြတာများပါတယ်။ ADHD ရှိတဲ့ကလေးတွေဟာ ဉာဏ်ရည်မနိမ့်ပါဘူးနော်... သာမာန်ထက် ပိုပြီး စွမ်းဆောင်ရည်မြင့်ကြတယ်... စိတ်ခံစားမှုအရမ်း ပြင်းထန်တယ်... အဲ့ဒါကြောင့်မိဘတွေ အနေနဲ့ well-informed ဖြစ်ပြီး သေချာကိုင်တွယ် တက်ဖို့အရေးကြီးပါတယ်...
မဆုနှင့် ADHD
ဒီစာကိုဘာကြောင့်ရေးဖြစ်သလဲဆိုရင် မဆုဟာ ငယ်ဘဝထဲက အခုအချိန်ထိ ကိုယ့်ကိုယ်ကို ပုံမှန်လူတွေနဲ့ နဲနဲ ခြားနားနေတယ်လို့အမြဲ မြင်တယ်... ငယ်ငယ်ကတော့ သိမ်ငယ်စိတ်ရှိခဲ့တယ်... ပုံမှန်လူတွေ နဲ့ တန်းတူ မဟုတ်လောက်ဘူး IQ နိမ့်နေတယ် အစရှိသည်ဖြင့်ပေါ့... နည်းနည်းအရွယ်ရောက်လာရော ဘဝမှာ achievement တွေ ငယ်ငယ်ရွယ်ရွယ်နဲ့စတင် ရရှိလာဖူးတဲ့အခါ လည်း ငါ့မှာ တစ်ခုခုတော့ ခြားနားနေတယ် ဘာလဲမသိဘူးဆိုတဲ့မေးခွန်းက မသိစိတ်ထဲ တခါတခါ စဉ်းစားမိတယ်.... အရမ်းကြီးတော့ အရေးမကြီးဖူးပေါ့လေ....
အခု အသက် ၃၁ နှစ်လဲပြည့်ပြီးပြီ။ ဘဝမှာ အတက်အကျ တွေ ရှိခဲ့သော်လည်း စိတ်ကျမ်းမာရေးဆရာဝန်နဲ့ ဆွေးနွေးတာမျိုး တခါမှ မလုပ်ဖူးဘူး။ (လုပ်ဖို့ဆိုတာလဲငွေကြေးမတက်နိုင်ခဲ့ဘူးလေ။) ဒါပင်မဲ့ ADHD ကို အသက် ၂၀ ကျော်ထဲက ကြားဖူးနားဝရှိခဲ့ ပြီး လေ့လာဖြစ်ခဲ့တယ်။ လောလောလပ်လပ် ကိုယ်နဲ့ အရမ်းရင်းခင် ဖူးတဲ့လူတစ်ယောက် က ADHD ရှိနေတာဖြစ်တာကြောင့် သူ့ရဲ့ စိတ်နဲ့ ဦးနှောက်အလုပ်လုပ်ပုံ သူ့ဘက်က လောကကြီးကို ကြည့်မြင်သုံးသပ်ပုံကို အရမ်းသိချင်တာကြောင့် ADHD ဆိုတဲ့ ခေါင်းစဉ်ကို အသည်းအသန် Research လုပ် ကြည့်လိုက်တဲ့အခါ…. Oh my frigging god! သူ့ ရဲ့ လက္ခဏာ တော်တော်များများ ဟာ ကိုယ်နဲ့ တော်တော်ကိုက်ညီနေတယ် လေ… အဲ့အခါမှာ ADHD assessment လုပ်ဖို့စဉ်းစားမိပြီး မနေ့က Human service center တစ်ခုမှာ ကျွမ်းကျင်သူနဲ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။ အဲ့တော့ ကိုယ်ထင်တဲ့ အတိုင်းပဲ လေ…. Hi ADHD world ပေါ့…. ဒါတောင် ကိုယ်က အခုနောက်ပိုင်း Personal development နဲ့ Spirituality ကိုတော်တော်လိုက်စားခဲ့တာတောင် behavior က ကျန်နေသေးတယ်…. Attention span ကတော့ သာမာန်လူနည်းပါး focus လုပ်လို့ရပါတယ် တချို့အရာတွေဆို ထမင်းမေ့ဟင်းမေ့ကို လုပ်နိုင်တာ... ကိုယ်စိတ်မပါဘူးဆိုလဲ ဘာကြီးဖြစ်နေနေ လှည့်ကိုမကြည့်ချင်ဘူး…. ဒါပင်မဲ့ မဆုရဲ့ ကလေးဘဝ၊ ဆယ်ကျော်သက်ဘဝ၊ နှစ်ဆယ်ကျော် အလုပ်ဝင်တဲ့ အချိန် အကုန်လုံးမှာ သူ့ Phase နဲ့ သူ ADHD ရဲ့ effect တွေကို မသိနားမလည်တာရော မကိုင်တွယ် မဖြေရှင်းတက်တာရောကြောင့် တော်တော် အခက်တွေ့ခဲ့ပါတယ်…. အစကတော့ childhood trauma လို့ပဲ စိတ်ထဲထင်ခဲ့တာလေ…. အခုကတော့ သဲသဲကွဲကွဲသိသွားပြီ…. Medication ပုံမှန် သောက်ဖို့ နဲ့ Psychiatric နဲ့ ပုံမှန် သွားပြဖို့တော့ အစီအစဉ်မရှိပါဘူး…. Budget မသုံးချင်တာကြောင့်ရယ် နဲ့ ဘာသာရေးပုံမှန်လုပ်နေတာကြောင့် အထိုက်အလျောက် ပုံမှန်လူလိုတည်တည်ငြိမ်ငြိမ် ရှိပြီး လုပ်စရာရှိတာကို အေးဆေး achieve လုပ်နိုင်နေတာရယ်ကြောင့်ပါ…. Assessment လုပ်တာလဲ ADHD ကြောင့် ဘဝကြီးက ခက်ခဲနေလို့ ကြောင့်မဟုတ်ပဲ self-awareness ကောင်းဖို့နဲ့ မိမိအတွေ့အကြုံနဲ့ ယှဉ်ပြီး စာပြန်ရေးလို့ရအောင် အဖြူအမဲ သည်းကွဲသွားအောင်သွားစစ်တဲ့သဘောပါပဲ။
မဆုငယ်ဘ၀ (အသက် ၁၀ နှစ် အထိ)
အသက် ၁၀ နှစ် အထိ မှာ မဆုဟာ ယောက်ျားလေး တွေ လိုကို hyperactive ဖြစ်တာ…. ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စွန့်စားရမဲ့ အရာတွေ ရှာကျန်ကိုလုပ်တာ…. သစ်ပင်တက်တာ၊ စက်ဘီးကို တစ်ရောက်တည်းမြို့တည်း ပတ်စီးတာ (အိမ်ကတောင်ခုထိမသိဘူး)၊ လူကြီးစီးတဲ့ စက်ဘီးတွေ တက်စီးပြီး အမြင့်တွေပေါ်ကနေ စီးချတာ အစရှိသည်ဖြင့်ပေါ့… မောင်းလာတဲ့ကားတွေရှေ့ကနေ အပျော်သဘောနဲ့ကို ရှေ့က ဖြတ်ပြေးတာ..... အိမ်ကလဲပါးစပ်နဲ့ တစ်ခါမှ ဆိုဆုံးမတယ်ဆိုတာမရှိဘူး…. အားနေ တုတ်နဲ့ ရိုက်တာ… ငြိမ်ငြိမ်ထိုင်ရမယ်ဆို ခန္ဓာကိုယ်အစိတ်အပိုင်းက တစ်ခုခု လှုပ်နေရမှ… စာထဲတော့ လုံးဝအာရုံစိုက်လို့ မရခဲ့သော်လည်း ပုံဆွဲတာ၊ အရုပ်မတွေကို အကျီၤချုပ်ပေးတာ၊ စက်ဘီးစီးတာ လုပ်ရမယ်ဆို လာထား ပဲ… သီးသန့်ကမ္ဘာထဲ ရောက်နေသလိုကိုဖြစ်နေတာ.... (အိမ်က ဒီလိုဝါသနာတွေကိုပိုပြီးအားပေးခဲ့ရင် ပိုပျော်စရာကောင်းတဲ့ ကလေးဘဝရရှိခဲ့မှာနော်)
ဆယ်ကျော်သက်ဘဝ
ဒါကတော့ အလည်တန်းနဲ့အထက်တန်းကျောင်းသူဘဝပေါ့…. မဆု ကကျောင်းမှာဆို စာအရမ်းညံ့ခဲ့တယ်… ကျောင်းရဲ့ ပညာရေးစနစ် ကြောင့်လဲပါတယ်လေ… သင်္ချာကတော့ မဆိုးဘူး…. ကျန်တဲ့ ဘာသာအကုန်လုံးဟာ နှုတ်တိုက် ကျက်ဖြေ (memorization) နည်းလမ်းနဲ့ သွားတာများတယ်…. ကျွန်မငယ်ငယ်က စာကျက် တာဟာ ငရဲပဲ… နာရီ ပေါင်းများစွာ စာတစ်ပိုဒ်ကို ထိုင်ကျက်နေသော်လည်း ခေါင်းထဲဝင်မလာဘူး…. အဲ့ဒီ information တွေကို ထပ်ခါထပ်ခါဖတ်ခြင်းဖြင့် ဦးနှာက်ထဲ ထည့်တဲ့ process ကို ကို လုပ်လို့မရတာလေ….. အာရုံကစာထဲမှာ ဘယ်လိုမှထားလို့မရခဲ့ဘူး…. အဲ့ဒါကြောင့် အဆင့်တွေကျ…. ဘာသာရပ်တွေ မှာ စာမေးပွဲတွေကျ နဲ့ အဆင်ပြေမနေခဲ့ဘူး….
နှစ်ဆယ်ကျော်ဘဝ
နှစ်ဆယ်ကျော်ဘဝမှာ ရှိတဲ့ပြသနာ တွေ က Impulsivity (စိတ်လိုက်မာန်ပါလုပ်တက်ခြင်း) , lack of anger management (ဒေါသမထိန်းနိုင်ခြင်း) and financial management (ငွေကြေးစီမံမှုအားနည်းခြင်း)၊ နဲ့ အာရုံစူးစိုက်မှုအားနည်းခြင်း အစရှိတာတွေကြောင့် ခက်ခဲမှုတွေရှိခဲ့သော်လည်း စွန့်စားမှုတွေ ပြုလုပ်ရတာနဲ့ အသစ်အဆန်းတွေ ရှာဖွေ ရတာ တွေ ခုံမင်တာကြောင့် အတန် အသင့်တော့ အကျိုးကျေးဇူးတွေရခဲ့ပါတယ်။
အသက် နှစ်ဆယ် နောက်ပိုင်းနှင့် သုံးဆယ်အစ
မဆု ဟာ ၂၀ ကျော် ဘဝမှာ အလုပ်ခွင်မှာ အဆင်မပြေမှုတွေကြည့်လိုက်ရင် အပေါ်ကပြောခဲ့သလိုပဲ anger managent အားနည်းတာရယ်၊ စိတ်လိုက်မာန်ပါ ပြုမူမှုတွေ လုပ်ခဲ့တာရယ် တွေ ဟာတူညီတဲ့ pattern တစ်ထေရာတည်းကြီးပဲ… အလုခွင်တိုင်းအဆုံးအသက်က ဘယ်တော့ မှမလှပခဲ့ဘူး.... အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို အချိန်ပေးဖို့ လိုလာတယ်ဆိုတာ နားလည်ခဲ့တယ်…. ၂၀၂၀ မှာ နောက်ဆုံးအလုပ်က ထွက် ပြီး ၂၀၂၁မှာ အားလုံးသိတဲ့ အတိုင်း ကလောကိုပြောင်းနေခဲ့တယ်…. အဓိက ရည်ရွယ်ချက်က တောတောင် ထဲမှာ စာအုပ်တွေဖက်မယ်…. ပုတီးစိပ် တရားထိုင်မယ်… စိတ်ညစ်စရာရှိရင်တောင် ကလောမြို့ရောက်နေတယ် Mindful activities တွ လုပ်နေရတယ်ဆိုတဲ့ အသိနဲ့ တင် စိတ်အေးချမ်းမှု ၈၀% လောက်ကရနေပြီလေ….. ကလောမှာ ၁ နှစ်ကျော်နေပြီး တဲ့ Self development နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ၃၀ ကျော်လောက်ဖတ်ပြီးတဲ့အခါ ဘာသာရေးကို နေ့တိုင်း အချိန်ပေးပြီး လုပ်ခဲ့တဲ့ အခါ ဘဝဟာတော်တော် လွတ်လပ်သွားတယ်…. ဒေါသ နဲ့ စိတ်မရှည်မှု ဆိုတာ တော်ရုံ ပေါ်မလာတော့ဘူး…. impulsivity က အရင် လောက် မမြင့်မားတော့ဘူး…. ပိုပြီး optimistic ဖြစ်လာပြီး risk ယူရမယ်ဆိုလဲ အကောင်းဘက်ပဲ တွက်ချက်ပြီးယူတက်လာတယ်… အခက်အခဲ တွေကို သိပ်ပြီး မငြီးတွားတက်တော့ဘူး… traumatic event တွေ နဲ့ ရင်ဆိုင်ရတာတောင် recovery မြန်တယ်....
အနှစ်ချုပ်ပြောရမယ်ဆို မဆုတောင် ကိုယ့ိကိုယ်ကို ADHD မှန်း အသက် ၃၁ နှစ် မှ စ diagnose ဖြစ်တယ်ဆိုရင် မြန်မာနိုင်ငံမှာရော ဘယ်လောက် ရာခိုင်နှုန်းက ADHD ဖြစ်နေမှန်း ကိုယ့်ကိုယ် မသိပဲ ဒီလက္ခဏာတွေကို နေ့စဉ် ဘဝမှာ struggle ဖြစ်နေကြလဲ… ADHD assessment ရော မြန်မာနိုင်ငံမှာ ဘယ်လိုနေရာမှာ ဈေးသက်သက်သာသာ နဲ့ ကျွမ်းကျင်သူ တွေ နဲ့ စစ်ဆေးလို့ရလဲ သိရင် ကွန်းမန့်မှာ ရှယ်ပေးကြပါ…. မိမိ ပတ်ဝန်းကျင်မှာရော မိမိ နဲ့ အနီးကပ်ဆက်ဆံနေရတဲ့ သူတွေမှာရော ADHD symptoms တွေကို ခက်ခက်ခဲခဲ ရင်ဆိုင်နေကြရသလား…. ဒါဆို ADHD အကြောင်း တီးမိခေါက်မိသလောကတော့ လေ့လာရမယ်…. မိမိမှာ မရှိရင် တောင် မိမိပတ်ဝန်းကျင်မှာ ADHD ရှိတဲ့ လူနဲ့ ဆက်ဆံတဲ့အခါ အဆင်ပြေအောင်…. စာကတော့ နည်းနည်းရှည်သွားပါတယ်…. ဒါကတော့ မဆုရဲ့ ADHD နဲ့ ပတ်သက်တဲ့ Personal experience ကို ဝေမျှပေးတာပါ… အပိုင်း ၂ မှာ ADHD ရဲ့ လက္ခဏာတွေကို အသေးစိပ် ထပ်ရေးပေးသွားမယ်ရှင့်….
မဆု