စိတ်ကျခြင်း (Depression)
စိတ်ကျခြင်း (Depression)
ဒီအကြောင်းအရာကို ရေးရတဲ့ရည်ရွယ်ချက်ကတော့ မဆုရဲ့ပတ်ဝန်းကျင်က လူအတော်များများ တွေ့ကြုံ ခံစားနေကြရတာတွေ ကြားကြားနေရတဲ့အတွက် မဆုရဲ့အတွေ့ အကြုံ နဲ့ဗဟုသုတပေါ်အခြေခံပြီး ရေးသားပေးလိုက်ပါတယ်။ နောက်ပြီး စိတ်ကျတယ်ဆိုတဲ့ ခံစားချက်ကိုလူတော်တော်များများ ဟာလျစ်လျှူရှုတက်ကြသလို အရေးပါတဲ့ ကိစ္စတစ်ခုလို့သဘောမထားပဲ Depressed ဖြစ်နေတဲ့ အခြေအနေကြီး ကိုဒီတိုင်းကြီးနေသွားတက်ကြလို့ဆိုးကျိုးတွေ တဖြည်းဖြည်းနဲ့များလာတက်ကြပါတယ်။ ကျွန်မတို့ Depression ဝင်ပြီဆိုရင် ဘဝကြီးဟာနေရတာမပျော်တော့ဘူး။ နေ့တစ်ဒူဝကိစ္စတွေ ကိုတောင် အာရုံမစိုက်နိုင်တော့ဘူး။ ထိုင်းမှိုင်းပြီး လူတွေနဲ့ရှောင်လာတယ်။ တစ်ယောက်တည်း နေပြီး negative တွေ ထိုင်တွေးနေတက်တယ်။ အဆိုးမြင်လာတယ်။ စိတ်ဆက်လာတယ်။ စိတ်တိုလွယ်တယ်။ ဝမ်းနည်းလွယ်တယ်။ ပျော်ဖို့motivated ဖြစ်ဖို့ခဲယဉ်းသလို ပျော်ပြီးရင်လဲ ဒါကြီးဟာ reality မဟုတ်ဘူး ငါ့ဘဝကြီးဟာ အဓိပ္ပယ်မဲ့နေပြီး ဝမ်းနည်းဖို့ကောင်းတယ်ဆိုတဲ့ အတွေးသံသရာထဲ ပြန်ရောက်သွားတယ်။ ထွက်ပေါက်မရှိတော့သလိုခံစားရတယ်။ insecure ဖြစ်လာတယ်။ နောက်ဆုံးအရက်၊မူးယစ်ဆေးဝါး၊ စတဲ့ စွဲလမ်းစေတဲ့ အရာတွေကို အဖော်ပြုရင်း ဘဝကို ကုန်ဆုံးတက်ကြတယ်။ မိန်းကလေးတွေ ဆိုရင်လဲ ဘဝကြီးကို ရေစုန်မျှောပစ်ကြတက်တယ်။ အရမ်းကို စိုးရိမ်စရာကောင်းတဲ့ စိတ်အခြေအနေကြီးပါ။
ဒီလိုတွေ ဖြစ် နေပြီဆိုရင် စိတ်အခြေအနေကြီးကို ပြောင်းလဲဖြစ်ဖို့ နဲ့ မိမိပတ်ဝန်းကျင်ကို ပြောင်းလဲဖြစ်ဖို့မိမိကိုယ်တိုင်မှာ တာဝန်အရှိဆုံးဖြစ်ပါတယ်။ အထူးသဖြင့် အခုလိုနိုင်ငံရေး ကမောက်ကမ ဖြစ်နေတဲ့ အချိန် လူအတော်များများ အနည်းနဲ့အများစိတ်ဓါတ် အားလျော့နေချိန်မှာ မိမိ ကိုယ်တိုင် ဒီအထဲ မပါသွားပါစေနဲ့။ အဲ့ဒါမှ အားနည်းသူတွေကိုမိမိ က ပြန်လည်လက်ကမ်းနိုင်မှာဖြစ်ပါတယ်။ လူတိုင်းက depression တွေ ဝင်နေရင် အဆင်မပြေဘူး။ အရေး ကိစ္စတွေ ကြံ့ကြာနေလိမ့်မယ်။
လူတွေရဲ့ Energy (စွမ်းအား သို့မဟုတ် စိတ်အခြေအနေ) ဟာ မိမိပတ်ဝန်းကျင်ကို အမြဲရိုက်ခက်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရ ရင် မိမိ ဟာ Depression ဝင်နေတယ် ဆိုရင် မိမိပတ်ဝန်းကျင်ကိုအဆိတ်အတောက်ဖြစ်စေပါတယ်။ ထို့အတူပဲမိမိဟာ inspired ဖြစ်နေမယ် motivated ဖြစ်နေမယ်ဆိုရင် မိမိပတ်ဝန်းကျင်အတွက် အပြု သဘောဆောင်တဲ့ ရလဒ်တွေ ဖြန့်ကျက်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီတော့ မိမိဟာ မိမိကိုယ်ကိုဖျက်စီး မှုတွေ လုပ်နေပြီ ပတ်ဝန်းကျင် အတွက် အဆိတ်အတောက် ဖြစ်နေပြီဆိုရင် ဘာတွေ လုပ်ကြမလဲ။
၁) ANTs (Automatic negative thoughts) တွေကိုတက်နိုင်သမျှ အဝင်မခံပါနဲ့။အမြဲ စောင့်ကြည့်နေပါရှင်။
ကျွန်မတို့ဟာ လူသားတွေပါ။ အချိန် ပြည့် positive energy တွေ နဲ့ပြည့်လျှံနေဖို့လုံးဝမဖြစ်နိုင်ပါဘူး။ သို့ပင်မဲ့ Automatic negative thoughts (အလိုအလျောက်အပျက်သဘောဆောင်တဲ့ အတွေးတွေ)ကိုအမြဲ သတိထားပါ။ အထူးသဖြင့် ကျွန်မတို့နိုင်ငံမှာ လူတော်တော်များများ ဟာ အဆိုးမြင်စိတ် နဲ့အပျက်သဘောဆောင်တဲ့ attitude ရှိကြပါတယ်။ အဲ့ဒီ mindset ဟာမြန်မာနိုင်ငံမှာ ယဉ်ကျေးမှု ဓလေ့ထုံးစံ (tradition) လိုတောင် ဖြစ်နေတာစိတ်မကောင်းစရာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ဟာ ငယ်စဉ်ကလေးဘဝတည်းက လူကြီးတွေရဲ့အပြစ်တင် မှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ လက်ခံမပေးမှုတွေ၊ နိုင်ထက်စီးနင်းပြုမှုတွေ ကြားတည်းမှာ ကြီးပြင်းလာခဲ့ကြရတာကြောင့် ကျွန်မတို့ရဲ့အတွေးတွေတော်တော်များများဟာ အပြု သဘောထက်အပျက်သဘောကိုတွေးတက်ကြပါတယ်။
တဖက်လူက ရိုးရိုးသားသားနဲ့အသိအမှတ်ပြုရင်တောင် ဒါကို အပျက်သဘောနဲ့စဉ်းစားပြီးမကျေမနပ်ဖြစ်နေတက်တဲ့ သူမျိုးတွေပေါ့။ ဒီလို Negative thinking လုပ်တာဟာ အရိုး စွဲနေတဲ့ အလေ့အကျင့် တစ်ခု ဖြစ်နေပါပြီ။ ဒီအလေ့ အကျင့် ကို သတိလေးနဲ့စောင့်ကြည့်ပါ။ ANTs တွေ ဝင်လာပြီဆို ဒါဟာ တကယ်မဟုတ်ဘူး ဒီအတွေးကြီးဟာ အလေ့အကျင့် ကြောင့် ဒီလို ရှုထောင့်ကတွေး နေတာဖြစ်တာ။ အပြုသဘာဆောင်တဲ့ ရှုထောင့် ကနေ လှည့်တွေးကြည့်မယ်ဆိုပြီးကိုယ့်ကိုယ်ကိုယ်အမြဲသတိပေးပါ။ တဖြည်းဖြည်းနဲ့ ANTs တွေ နည်းလာလိမ့်မှာဖြစ်ပြီး ဘဝဟာနေပျော်လာပါလိမ့်မယ်။ (ကျွန်မတို့ဟာ ဒီစနစ်ကြီးရဲ့ သားကောင် ဖြစ်ခဲ့ပင်မဲ့ ရုန်းထွက်ဖို့ က မိမိ ကိုယ်တိုင်သာ လုပ်ဆောင်မှ ရမှာပါ)
၂) အဆိပ်အတောက်တွေ နဲ့ဝေးရာမှာနေပါ။ အဆက်အသွယ်ဖြတ်ပါ။ ထွက်ပြေးပါ။
ကျွန်မတို့ Depressed ဖြစ်နေတာရဲ့အကြောင်းအရင်းက အပေါ်က ပြောတဲ့ ANTs တွေပြီးရင် နောက်တစ်ခု က အဆိပ် အတောက် ဖြစ်စေတဲ့ လူတွေ ပါ။ (ANTs တွေပြည့်နေတဲ့ လူတွေပေါ့) အပွင့်လင်းဆုံး ပြောရရင် ကိုယ်နဲ့အနီးကပ်ဆုံးလူတွေ အချစ်ရဆုံးလူတွေ ကလဲကိုယ့်စိတ်ကိုညှိုးငယ်စေမဲ့ ပင်ပန်းအောင်လုပ်နေတဲ့ လူတွေဖြစ်နေတက်တာသတိထားပါ။ မိဘ၊ ဆွေးမျိုး၊ သူငယ်ချင်း၊ အလုပ်ခွင်၊ အစရှိသည်ဖြင့်။ ပတ်ဝန်းကျင်တစ်ခုလုံး က မိမိရဲ့ positive energy တွေအကုန်ဆုပ်ယူပြီးမိမိကိုပင်ပန်းအောင်လုပ်နေပြီ ဆိုရင် အန္တရယ် များတယ်နော်။ ဒီလိုပတ်ဝန်းကျင်မျိုးမှာ မိမိက strong ဖြစ်လို့ပြန်လည်ထူမပေးနိုင်တဲ့ အရည်အချင်းရှိလို့နေနေတယ်ဆိုတစ်မျိုးပေါ့။ အဲ့လိုမှမဟုတ်ရင် သတ္တိမွေးပြီး ကိုယ်လွတ်ရုန်းဖို့အကြံပြုချင်တယ်။ Comfort zone က ထွက်ရမှာမို့အခက်အခဲတွေအများကြီး ရင် ဆိုင်ရမယ်ဆိုတာ နားလည်ပင်မဲ့ ရဲရဲ ကြီးရင်ဆိုင် လိုက်စေချင်တယ်။ ဒါကမှ ဘဝအစစ်လေ။ အလုပ်ခွင်မှာဆိုရင် လုပ်ဖော်ကိုင်ဖက်တွေက မိမိကို လူရာမသွင်းတာတို့၊ မိမိအလုပ်ရှင်က အနိုင်ကျင့်တာတို့ဆိုရင် မိမိဘက်က ဒီအခြေအနေကိုရပ်တန့်အောင် လုပ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အဲ့လိုအခါမျိုးမှာဆိုရင် မိမိရဲ့စိတ်ပိုင်းဆိုင်ရာ ကျမ်းမာရေးအတွက် ဦးစားပေး ပြီး ရဲရဲကြီးအလုပ်ထွက် လိုက်ပါ။ မိမိဟာ mentally resilient အရမ်းဖြစ်ပြီး သည်းခံ နိုင်တယ် (သို့မဟုတ်) လစ်လျူရှုနိုင်တယ်ဆိုရင်တော့ ဆက်နေပါ။ ဘယ်အခြေအနေ မဆိုမတည်မြဲပါဘူး။
၃) မိမိရဲ့စိတ်ကျမ်းမာရေးကို ဦးစားပေးအလုပ်တစ်ခု အနေနဲ့သတ်မှတ်ပါ။
အပေါ်မှာရေးခဲ့သလိုပဲ Mental well-being ဟာ အကောင်အထည် နဲ့မဟုတ် မြင်ရတဲ့ အရာမဟုတ်တဲ့ အတွက် လူတွေကအနေနဲ့အရေးတစ်ယူလုပ်ပြီး ကုစားမှုတွေ မလုပ်တက်ကြပါဘူး။ မိမိရဲ့စိတ်ကိုပြန်လည်ကျမ်းမားလာအောင်၊ ပိုမို ကြံ့ခိုင်လာအောင် ၊ အချိန်နဲ့ အမျှထက်မြတ်လာအောင် လုပ်ဖို့ရာ နည်းလမ်းတွေ အများကြီးရှိပါတယ်။ စိတ်ကိုပြန်လည် ကျမ်းမာအောင် လေ့ကျင့်ဖို့ ရာက လဲ နေ့စဉ် အလုပ်တစ်ခုအနေနဲ့effort ထည့် ရမှာဖြစ်ပြီး အချိန်ကာလတစ်ခု အထိ စိတ်ရှည်ရှည်နဲ့ပြန်လည်မွေးမြူဖို့လို အပ်ပါတယ်။ ချက်ချင်း ပြန်လည်ကျမ်းမာဖို့ ဆိုတာမဖြစ်နိုင်ပါ။ တချို့ကတော့ ကျွမ်းကျင်သူတွေနဲ့ Counselling လုပ်ကြသလို တချို့ကလဲ ဘာသာရေး၊ အားကစား၊ ဝါသနာ၊ lifestyle အပြောင်းအလဲ လုပ်ခြင်းဖြင့် လုပ်ကြပါတယ်။
မဆုကတော့ ဗုဒ္ဓဘာသာ ယုံကြည်သူဖြစ်တာကြောင့် နေ့စဉ် (သို့) ရက်ခြား အဓိဋ္ဌာန် တစ်ခုဝင်ပါတယ်။ (မဆုဝင်ဖြစ်တဲ့ အဓိဋ္ဌာန်က မဟာသမယသုတ်တော် (၉) ခေါက်ပူဇော်ပြီးတရားထိုင်တာ ဖြစ်ပါတယ်။ ဒီ လုပ်ငန်းစဉ်ကိုတောထဲမှာ နေ့တစ်ပိုင်းလောက်သွားလုပ်ဖြစ်တယ်။) ဒီလို အဓိဋ္ဌာန် အောင်မြင်သွားပြီဆိုရင် ကျန်ရှိတဲ့ တစ်နေ့သာရဲ့အချိန် တွေဟာ အေးချမ်းစွာဖြတ်သန်းနိုင်ပြီး အလုပ်တွေကို ပိုမို focus ကောင်းကောင်းနဲ့ လုပ်နိုင်လာတယ်။
တခြားဘာသဝင်တွေ ကလဲမိမိတို့ယုံကြည်ရာ ဘာသာအလိုက် ဘုရားဝတ်ပြု၊ တရားထိုင် ပုတီးစိတ်တာတွေ ပြု လုပ်ပြီး အငြိမ်းဓါတ်ယူသင့်ပါတယ်။ ဒီလိုစိတ်ကိုပြန်လည်ကျမ်းမာအောင် လုပ်တဲ့ လုပ်ငန်းစဉ် တစ်ခုခုကိုနေ့တစ်နေ့မှာ အချိန် များများပေးပြီး လုပ်သင့်ပါတယ်။
၄) ပြင်ပကအရာတွေကိုလိုက်ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။ မိမိရဲ့တုန့်ပြန်မှုကိုပဲ ထိန်းချုပ်ပါ။
ပြသနာတွေဖြစ်တဲ့ အခါ ကျွန်မတို့တော်တော်များများဟာ အခြေအနေကြီးတစ်ခုလုံးကို မိမိ အလို ရှိသလို ထိန်းချုပ်ချင်ကြတယ်။ တစ်ဖက်လူကို လည်းမိမိ အလိုအတိုင်းဖြစ်အောင် အနုနည်းအကြမ်းနည်းသုံးပြီး ထိန်းချုပ် ချင်ကြတယ်။ ဒီလိုအတ္တကိုအခြေခံတဲ့ ပြသနာ ဖြေရှင်းနည်း ဟာ ခဏတာ ပဲ အသုံးဝင်ကောင်းဝင်ပါလိမ့်မယ်။
နောက်တဖက်ကကြည့်ရင် ပြသနာဖြစ်တဲ့အခါ ဒီပြသနာအပေါ်ကိုအပျက်သဘောဆောင်တဲ့ တုန့်ပြန် မှုနဲ့ တုန့်ပြန် မလား အပြုသဘောဆောင်ပြီး နှစ်ဦးနှစ်ဖက် စလုံးအပျက်နည်းတဲ့ တုန့်ပြန် မှနဲ့တုန့်ပြန်မလား။ မိမိမှာ အမြဲ တမ်းရွေးချယ်မှုရှိပါတယ်။ ဒီရွေးချယ်မှု တွေကို မြင်တက်ရင်၊ အသိဉာဏ်ကိုအခြေခံပြီး ကောင်းကောင်း ရွေးချယ်တက်ရင် ရေရှည်မှာ ပန်းဝင်မှာပါ။
Depression ဝင်နေပြီဆိုရင် ပတ်ဝန်းကျင် အသိုင်းအဝိုင်း ကအရမ်းအရေးကြီးပါတယ်။ နောက်ပြီး လူတိုင်းနီးပါးက Counselor နဲ့တွေ့ ပြီး ရင် ဖွင့် ဖို့ ကိုမတက်နိုင် ကြပါဘူး။ ဒါပင်မဲ့ ဘဝမှာ အမှီအခိုကင်းကင်းနဲ့ရဲရဲဝင့်ဝင့် ရပ်တည်နိုင် ဖို့ဆိုတာ စိတ်ဓါတ်ကြံ့ခိုင်မှုသည်သာ ပဒါန ဖြစ်ပါတယ်။ မိမိ ရဲ့ စိတ်ကျမ်းမာရေး အတွက် လူတွေ ဆီက စာနမှု၊ ထောက် ပံ့မှုတွေ ကိုမျှော်လင့် နေတာထက် Proactive ဖြစ်ဖြစ် နဲ့ မိမိကိုယ်တိုင် action ကို မြန်မြန် လုပ်ဆောင်ပါ။ အခြေအနေမဆိုး ခင် သတိဝင်ပြီး အခြေအနေကို ပြောင်းလဲ ဖို့မိမိကိုယ်ကိုယ် ပြောင်းလဲဖို့စလုပ်ပါ။ နောက်ပြီး စိတ်ချမ်းသာစရာသေးသေးလေးတစ်ခုကြုံတွေ့ ရတိုင်း
“ဘဝကြီးက နေပျော်စရာကောင်းလိုက်တာ” ဆိုပြီး တွေးပေးပါ။ မိမိ ဘဝမှာ ကျေနပ်စရာကောင်းတဲ့အရာတွေကိုအမြဲ စဉ်းစားပြီး အသိအမှတ်ပြုပေးပါ။
ဘဝကြီးဟာတိုတောင်းလှပါတယ်။ ဘာကြောင့် ညှိုးငယ်စွာနဲ့ အချိန်ကုန်စေမလဲ။
မဆု