အခြေခံ ထိုင်းဘာသာစကားကို Online က နေ self-paced လေ့လာနိုင်မည့် website များ။
အခြေခံ ထိုင်းဘာသာစကားကို Online က နေ self-paced လေ့လာနိုင်မည့် website များ။
မဆုဟာ လောလောဆယ် ထိုင်းနိုင်ငံမှာ အခြေချလိုက်တာမို့ထိုင်းဘာသာစကားကို တတိယ ဘာသာစကားအနေနဲ့ (ဖြစ်ဖြစ်မြောက်မြောက်) လေ့လာဖြစ်ဖို့အတွက် resources တွေ ရှာဖွေခဲ့ရာကနေ သိထားထလောက် ပြန်ဝေမျှပေးပါမယ်။ တကယ်တော့ မဆုဟာ သင်တန်းကောင်းကောင်းတစ်ခုမှာ ကိုယ်တိုင် face-to-face သွားတက်ချင်ပင်မဲ့ တက်ချင်တဲ့ သင် တန်း က လူပြည့်နေတာကြောင့် လောလောဆယ် self-study ပဲ လုပ်မယ်လို့စဉ်းစားထားပါတယ်။ (အခုတော့ မဆုအရမ်းတက်ချင်တဲ့ ထိုင်းဘာသာစကားကျောင်းတစ်ခုမှာ student visa လုပ်လိုက်တာကြောင့် အဲ့ကျောင်းမှာ သင်တန်း ၂ခု တက်ခွင့်ရပါတော့မယ်။ face-to-face ကလူပြည့်နေတာကြောင့် Zoom class ပဲ join ခွင့့်ရပါတယ်။ ဒီ ကျောင်းအကြောင်းကို နောက် ပိုစ့်တစ်ခု ထပ်ရေးပေးအုံးမယ်။)
အောက်ဖော်ပြပါ website ၅ ခုက တော့ ပေးရတဲ့ ဈေးနှုန်းနဲ့ ရရှိတဲ့ တန်ဖိုးကတန်တယ်လို့ဆိုလို့ရပါတယ်။ (တချို့သင်တန်းကျောင်းတွေက video course တိုတိုလးတွေကိုသင်တန်းကြေးမဟားတရားတွေ တင်ထားတာတွေ တွေ့ရတယ်။ အဲ့လို ဈေးကြီးတဲ့ Online courseတွေတော့ enroll မလုပ်ဖြစ်ဘူး။) အောက်ပါ ၅ ခုကတော့ မဆု ရှာဖွေမွှေနှေက်ပြီး enroll လုပ်ထားတယ်။ တချို့ကတော့ တက်ပြီးသွားပြီ။ တချို့ကတော့ မတက်ဖြစ်သေးဘူး။ ဒါပင်မဲ့ အားလုံးကို ခြုံငုံပြီး သိသလောက် ရှင်းပြပေးသွားမယ်။
1) Udemy
ပထမဦးဆုံး တက်ခဲ့တာကတော့ Udemy က Bo Siripa ရဲ့ Basic အတန်း ၂ ခုပါ။ သူက Basic ဆိုတာထက် tourist တွေအတွက် ထိုင်းမှာ survive လုပ်နိုင်ဖို့အတွက် အလွယ်ကူဆုံး ဒီဇိုင်းလုပ်ပေးထားတာပါ။ Price ကတော့ သိပ်မများဘူး။ Promotion နဲ့ ဆိုရင် သင်တန်းတစ်ခုကို ၁၃ ဒေါ်လာလောက်ပဲ။
https://www.udemy.com/user/siripa-aruenpong/
2) Banana Thai
ဘနားနားထိုင်းကတော့ ထိုင်းဘာသာကို ထဲထဲဝင်ဝင် ထန်ကရိုင်းကျကျ လေ့လာချင်သူတွေအတွက် အသင့်တော်ဆုံးပါ။ သူ့ဆီမှာ Level အကုန် လုံးအတွက် package တွေရှိတယ်။ မဆုကတော့ Intensive Thai course ကို ဘတ် 2100 နဲ့ ၁လ စာတက်ခဲ့ပါတယ်။ (lifetime အတွက်ဆို ဘတ် ၇၀၀၀ နဲ့ ယူလို့ရတယ်။) ဒီ course မှာ ခေါင်းစဉ် ၁၀ခုအတွက် video များနဲ့ အခြေခံသဒ္ဒါ၊ ဝေါဟာရ နှင့် collocation တွေကို အသေးစိပ်ရှင်းပြထားပြီး ခေါင်းစဉ်တစ်ခုပြီးတိုင်း audio bonus ပေးထားပါတယ်။ အခု ကတော့ Listening အတန်းကို ဘတ် ၁၉၀၀ နဲ့ lifetime access ဝယ်ထားပါတယ်။ ရထားစီးရင်း၊ အိမ်မှာ မီးပူတိုက်ရင်း နားထောင်တယ်။ မဆုအတွေ့အကြုံအရတော့ စကားပြော အတွက် အရမ်းကြီးအထောက်အကူမဖြစ်ပင်မဲ့ passive vocabulary ၊ သဒ္ဒါ နဲ့ နားထောင်မှုစွမ်းရည် ကတော့ တိုးတက်လာပါတယ်။ ကိုယ်က ရေရှည်နေမှာဆိုတော့ ဖြေးဖြေးချင်းပဲ သွားမယ်။
https://www.bananathaischool.com/course/
3) Thai pod 101
သူကတော့ ဈေးအသက်သာဆုံးပါ။ သူ့မှာ Basic plan ကိုအခမဲ့ ဝင်လို့ရပြီး Premium (10$ permonth) နဲ့ Premium plus (23$ per month) ဆိုပြီးထပ်ရှိပါတယ်။ Plan အလိုက် Materials တွေ access ရနိုင်မှုကကွာပါမယ်။ လောလောဆယ် Basic plan နဲ့ အရင် ဝင်ပြီး မိမိ နဲ့ ကိုက်ညီမှုရှိမရှိ စမ်းသပ်သင့်ပါတယ်။ သူ့မှာ အထူးသဖြင့် audio နှင့် video files တွေရှိပါမယ်။ English လို ရှင်းပြထားပြီး Rominization script လဲပါပါတယ်။ မဆု အနေနဲ့ကတော့ website တစ်ခု လုံးက Resources တွေ အကုန် လုံးဟာ လူအစစ်ကရှင်းပြထားတာမဟုတ်ပဲ software တစ်ခုခုကိုသုံးပြီး တည်ဆောက်ထားတာဖြစ်တာကြောင့် သူ့စကားပြောတွေ အားလုံးဟာ တစ်သက်မှတ်တည်းရှိပြီး စက်ရုပ် နဲနဲ ဆန်သလိုခံစားရတာကြောင့် ၃ မိနစ်လောက် နားထောင်ပြီးရင် ထပ်နားမထောင်ချင်တော့ဘူး။ ပျင်းစရာကြီးမို့။ Materials တွေကတော့ အရမ်းစုံပါတယ်။ ဒါပင်မဲ့ 2-3 minutes သင်ခန်းစာ လေးနားထောင်ဖို့ အရေး Navigative လုပ်နေရတာ ကအလုပ်တစ်ခုလို ဖြစ်နေတာကလဲ barrier တစ်ခုလိုပါပဲ။ တခြား website တွေ နဲ့ မတူတဲ့ အချက်ကတော့ သူ့materials တွေ ကို မိုဘိုင်းဖုံးက Innovative language learning ဆိုတဲ့ app ကနေလဲ လေ့လာလို့ရပါတယ်။
https://www.thaipod101.com/dashboard
4) Sandee Thai Language school
သူကတော့ ထိုင်းဘာသာစကား အခြေခံ သဒ္ဒါ နဲ့ ဗျည်းတွေကို ရှင်းပြထားတဲ့ self-study Package တစ်ခု ရှိပါတယ်။ ခေါင်းစဉ် ၁၄ ခု မှာ ၆ မိနစ်စာ video တစ်ခုစီ နှင့် ဖတ်စာအုပ် pdf file တစ်ခု ပါပါတယ်။ ဈေးနှုန်းကတော့ ၁၉ ၀၀ ဖြစ်ပါတယ်။ Lifetime access ဖြစ်ပါတယ်။
https://www.sandee.ac.th/
5) Pro Language school
သူ ကတော့ Ezy Thai survival course လို့ခေါ်ပါတယ်။ သင်တန်းကြေးက ဘတ် ၅၀၀ ပါ။ သူ့package မှာ video အခု ၂၀ ပါဝင်ပြီး တစ်ခုကိုပျမ်းမျှ ၃- ၁၀ မိနစ်လောက် ရှိတာကြောင့် ပေါ့ပေါ့ပါးပါး လေ့လာလို့ရတယ်။
https://prolanguage.co.th/course/ezy-thai-for-daily-life/
အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ အထက်ပါ သင်တန်းတွေက အတွက် အနည်းဆုံးတော့ အင်္ဂလိပ်စာအခြေခံရှိဖို့တော့ လိုပါတယ်။ English to Thai ရှင်းပြထားတာကြောင့်ပါ။ ဒီပိုစ့်ကနေပြီးတော့ information စုံစုံလင်လင် ရရှိသွားမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ် ဈေးသက်သက်သာသာနဲ့ ပေါ့ပေါ့ ပါးပါး လေ့လာလို့ရမည့် Thai video-based online course လေးတွေ သိတဲ့သူတွေ အောက်မှာ ရှဲ ပေးသွားကြပါအုံးလို့။
မဆု