IELTS writing tips
IELTS writing tips
နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့IELTS prep လုပ်နေတဲ့ ကျောင်းသူကျောင်းသားများအတွက် IELTS writing ကို self-study လုပ်တဲ့ အခါ အသုံး ဝင်မည့်နည်းလမ်းလေးတွေနဲ့ သတိထားရမည့် အချက်လေးတွေ မျှဝေပေးပါမယ်။
Assessment criteria ကို ရင်းနှီးအောင် အရင်ပြုလုပ်ပါ။
အရင်ဆုံး Assessment criteria ကို သိမှ ဘယ်အချက်တွေကို အမှတ်ပေးတယ်။ ဘယ် area မှာ ပိုအားစိုက်ရမယ်ဆိုတာ သိမှာပါ။ Assessment criteria ၄ ခုကိုအသေးစိတ်လေ့ လာချင်ရင် အောက်ပါ link မှာ ဝင်ဖတ်ပေးပါ။
https://www.facebook.com/147651869214605/posts/983049565674827/?d=n
Sample essays တွေ ကနေ လေ့လာပါ။
Sample essays တွေဖတ်တဲ့ အခါ သမန်ကာလျှံကာဖတ်ခြင်းထက် အမှတ်ပေးတဲ့ area တွေ မှာ သူတို့ဘယ်လို ကြွယ်သွားတယ်။ ဘယ်လို ပါဝါတွေ ပြသွားတယ်ဆိုတာ မြင်အောင် ဖတ်ပါ။ ဥပမာ lexical resource အပိုင်းမှာ vocabulary တွေ collocations တွေကို အကြမ်းစားတွေသုံးထားတဲ့နေရာတွေကိုမြင်အောင်ကြည့်ပါ။ ဖြစ်နိုင်ရင် အဲ့စကားလုံးတွေကိုတခါတည်း ခေါင်းထဲရိုက်သွင်းလိုက်ပါ။ အလျင်းသင့်သလို ပြန်သုံးလို့ရအောင်။ အဲ့လို ပဲတခြား area တွေဖြစ်တဲ့ CC, TA, GRA တို့ မှာရော မှတ်သားစရာတွေ ကိုမြင်အောင်ကြည့်ပါ။ ပုံမှန် IELTS prep အတန်းတွေဆိုရင် မဆုက ကျောင်းသူကျောင်းသားတွေကို Sample essay တွေကို ဖတ်ပြီး analyse လုပ်ခိုင်းလေ့ရှိတယ်။ အရောင် ၄မျိုးနဲ့အဲ့ဒီ criteria ၄ ခု ကို highlight လုပ်ခိုင်းတယ်။ ထို area ၄ ခု ကို သူတို့ပြန် ရေးတဲ့ အခါ သတိထားမိအောင်လို့။ ဖြစ်နိုင်ရင် prep အတွက် စာမေးပွဲမဖြေခင် ခေါင်းစဉ်အမျိုးမျိုး က essay 100 လောက် analyse လုပ် သင့်ပါတယ်။ Examinar တွေ ထုတ်ထားတဲ့ Sample essays တွေဆိုရင် အပိုအလိုမရှိဘူး။
Essay မရေးခင် သေချာ brainstorm လုပ်ပြီး Plan လုပ်ပါ။
ဒီအချက်က အရမ်းအရေးကြီးပါတယ်။ ကျောင်းသားအများစု မှားလေ့ရှိတဲ့ အမှားက Essay တွေကို စိတ်ကူးတည့်ရာ လက်တမ်းချရေးတာပါပဲ။ အဲ့ဒီအခါ essay က ကျောရိုးမရှိတော့ မိမိရဲ့ argument က firm မဖြစ်တော့ တဲ့ အခါ TA မှာ score အရမ်းကျသွားလိမ့်မယ်။ Essay မေးခွန်းကို သေချာဖတ်ပြီး မေးခွန်းကတောင်းတဲ့ အဖြေကို သေချာ စဉ်းစားပြီး keywords လေးတွေ ပဲ အကြမ်းမှာ ချရေးလိုက်ပါ။ ပုံမှန် ဆို (မဆု အနေနဲ့ပြောတာ) ၂ မိနစ် ၃ မိနစ်လောက်ဆို planning ပြီးပါတယ်။ မဆု ကတော့ ခေါင်းစဉ်တွေပေးပြီး Planning အတွက်ကြီးသီးသန့်အချိန်ပေးပြီးလုပ်ခိုင်းဖြစ်တယ်။
Paraphrasing
Paraphrasing က တော့ Task 1 ရော Task 2 ပါ Introduction ရေးတဲ့ အခါနဲ့ essay ရေးတဲ့ အခါ စကားလုံးတွေ မထပ်အောင် အစားထိုးသုံးခြင်းဖြစ်ပါတယ်။ အဲ့လို တလှည့် ဆီ ကျယ်ကျယ်ပြန့်ပြန့်သုံးတဲ့ အခါ LR အတွက် အမှတ်တက်ပါတယ်။ ဥပမာ teacher ဆိုတဲ့ စကားလုံးကိုထပ်ခါထပ်ခါ ပြန် ရေးနေမဲ့ အစား educator, trainer, tutor, mentor, professor အစရှိသည်ဖြင့် ပြောင်းလဲအသုံးပြုနိုင်ဖို့သတိချပ်ပါ။
Time management
Time management ဟာ စာမေးပွဲတိုင်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ Essay က ဘယ်လောက်ပျံလန် ကွန့်မြူးနေပါစေ အချိန် မလောက်လို့ပြီးအောင် မရေးဖြစ်ခဲ့ ရင် TA မှာ score အရမ်းကျသွားတဲ့ အတွက် overall မှာ အမှတ်နည်းသွားပါတယ်။ Writing task 1 မှာ စာလုံးရေ ၁၅၀ နှင့် အထက် မဖြစ်မနေရေးရပါတယ်။ Task 1 ကို အချိန် မိနစ် ၂၀ ခန့်မှာ ပထမ ၅မိနစ်ကို Planning လုပ်၊ ဒုတိယ ၁၀ မိနစ် ကို ချရေးပြီး နောက်ဆုံး ၅ မိနစ်ကို Self-correction လုပ်တာသင့်တော်ပါတယ်။ အလားတူပဲ Task 2 (minimum 250 words) ကို အသုံးပြုမဲ့ မိနစ် ၄၀ မှာ ပထမ ၅ မိနစ်ကို brainstorm ကောင်းကောင်းလုပ်ပြီး planning လုပ်၊ ဒုတိယ မိနစ် ၃၀ ကို စာရေး ပြီးနောက်ဆုံး ၅ မိနစ်ကို self-correction လုပ်ရပါတယ်။ Task 2 က Task 1 ထက် အမှတ်ပိုပြီး carry လုပ်တဲ့ အတွက် ပိုပြီးဂရုစိုက်ပေးပါ။ ဒီလို အချိန်ကိုက် ရေးနိုင်ဖို အတွက် prep လုပ်နေ စဉ်မှာ အချိန်သတ်မှတ်ပြီး လေ့ကျင့်ပါ။
Self-checking
ဟေ့… ရေးချင်တာရေးပြီး ပြန်စစ်တဲ့ အကျင့်မရှိဘူးမဟုတ်လား။ self-checking က IELTS exam မှ မဟုတ်ဘူးနော် ဘယ်စာကိုရေးရေး ရေးပြီး တာနဲ့ ပြန်စစ် ပြီး ပိုကောင်းတဲ့ ပြုပြင်ပြောင်းလဲ ရေးတွေ လုပ်တဲ့ အကျင့်လေးလုပ်ထားပါ နော်။ ထပ်နေတဲ့ အသုံးအနှုန်းတွေအဓိပ္ဗယ် ထပ်ဆောင်း မှုမရှိတဲ့ စကားလုံးတွေအကုန်ဖြုတ်ပြီး အရည်အသွေးမြင့်တဲ့ အသုံးအနှုန်းတွေ အံ့ဝင်ဂွင်ကျ သုံးဖို့၊ Grammar slips တွေ ပြန်ပြင်ဖို့ prounctuation ကျန် ခဲ့တာတွေ သေချာလေးပြန်ထည့်ဖို့၊ Cohesive device တွေ ကိုအပိုအလိုမ ရှိကျယ်ကျယ်ပြန့်ပြန့်သုံးထားမသုံးထား၊ စာလုံးပါင်း မှန်ကန်မှုရှိမရှိ အစရှိသည်ဖြင့် အသေးစိတ်ပြန်ဖတ်ပြီး လိုအပ်ရင် edit လုပ်ပါ။ ၂ ခါလောက် ဖတ်သင့်ပါတယ်။
ဒီ tips လေးတွေ ကနေ မိမိ self-study လုပ်တဲ့အခါ အဆင်ပြေပြေနဲ့အမှတ်ကောင်းကောင်းရကြပါစေနော်။