မကြာသေးခင်က ပိုစ့်တခုတွေ့လိုက်တယ်။ အဲ့မှာပြောထားတာက ၁၀ တန်းကို ၆ ဘာသာနဲ့ အောင်တဲ့ ကလေးက သူ့ကို အထောက်အပံ့ ပေးမဲ့ ကျောထောက်နောက်ခံမရှိတော့ ရရာ စာရေးစာချီအလုပ်ဝင်လုပ်ရပြီး ရိုးရိုး အောင်တဲ့ ကလေးက အိမ် က အထောက် အပံ့ပေးနိုင်တော့ အနောက် နိုင်ငံမှာ ပညာ သွားသင်နိုင်တယ်တဲ့။ ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီး ထပ်မံမွန်းမံပြီး ရေးချင်လို့ပါ။ ဒီ အကြောင်းအရာ ကို အစထဲ က ရေးချင်နေတာ concept ကနည်း နည်း deep ဖြစ်လို့ပျင်းလို့ခဏရွှွေထားတာ။ ဒါပင်မဲ့ အခုတော့ ရေးဖို့အကြောင်းဖန်လာတယ်ပဲဆိုပါတေ့ာ။ မဆု ဟိုတလောကမှ ဖတ်ပြီးသွားတဲ့ စာအုပ်တစ်အုပ်ရှိတယ်။ The Unfair Advantage တဲ့။ တကယ်တော့ သူက Business and Entrepreneurship နယ်ပယ်ကိုအတွက် အထူးပြုထားတဲ့စာအုပ်ပါ။
သူ့အနှစ်ချုပ်ကတော့ Business သို့မဟုတ် မိမိ ရဲ့ Start-up company တစ်ခု အောင်မြင်ဖို့အတွက် ထောက်တိုင် ၅ခုရှိပါတယ်တဲ့။ (၅ခုစလုံး ရှိရမယ်လို့မဆိုလိုဘူးနော်။ မိမိ အားသာတဲ့ ဒေါက်တိုင်ကို အမှီပြုလို့ရတယ်။) သူ့ကိုအတိုချုပ် MILES framework လို့ခေါ်ပါတယ်။
(Money, Intelligence and Insight, Location and Luck, Education and Expertise, Status)
M – Money (ငွေကြေး)
မိမိ တည်ထောင်ထားတဲ့ လုပ်ငန်း အောင်မြင်ဖို့ က မိမိ မှာ ငွေကြေးကျောထောက်နောက်ခံ အနည်းဆုံတော့ အသင့်အတင့် ရှိသင့်ပါတယ်။ ပြောစရာရှိတာက ပိုက်ဆံလိုချင်လို့စီးပွားရေးလုပ်ပါတယ်ဆိုပိုက်ဆံက အရင်ရှိရမှာလားပေါ့။ လုပ်ငန်းဆို တာ funding and investment အပိုအလျှံရှိနေမှလည်ပတ်လို့ရမယ်။ Marketing (ဈေးကွက်ထိုးဖောက်ခြင်း) တို့ Distribution (ဖြန့်ချီရေး) တို့ Recruiting (ဝန်ထမ်းခန့်အပ်ခြင်း) တို့ က ပိုက်ဆံ မဝင်ခင်ဝယ်ယူသူတွေ မိမိပစ္စည်းကို မဝယ်ခင်ကတည်းက ကိုယ့်ဘက်က အရင်စိုက်ရတာ။ တကယ် လူ့ဘဝမှာ စီးပွားရေးနယ်ပယ်မဟုတ်တဲ့ တခြားနယ်ပယ်မှာ လဲ ပိုက်ဆံ ရှိရင် အောင်မြင်ဖို့လွယ်တယ်။ ကျဆုံးရင်တောင် ကိုယ့် မှာ financial cushion (ငွေထောက်ငွေခံ) လေးရှိထားတော့ အကျမနာဘူး။
လူငယ်တွေ သုံးနေကြ တဲ့ Snapchat application သိတယ်မှတ်လား။ ဒီ Snapchat ကို စတင်တည်ထောင်တဲ့ Evan Speigel အကြောင်းပြောပြမယ်။ သူ ဟာ ငယ်ငယ်တည်းက အရမ်းကြီးကြီးတက်ချမ်းသာတဲ့ မိသားစုကလာတယ်။ သူငယ်ငယ်ကဆို တစ်ပတ်ကို မုန့်ဖိုး ဒေါ်လာ ၂သိန်းခွဲတောင် ရတယ်။ High school ပြီးတေ့ာ တကယ့် အထက်တန်းကျပြီး စာတော်တဲ့ သူတွေမှ တက်ခွင့်ရှိတဲ့ Standford တက္ကသိုလ်ကိုတက်ခဲ့တယ်။ တက္ကသိုလ်မပြီးခင်မှာပဲ သူ ရှိတဲ့ အရည်အချင်းနဲ့ ငွေကြေးနဲ့ ရင်းနှီးပြီး Snapchat ကို တည်ထောင်ခဲ့တာ။ ကမ္ဘာပါ်မှာအသက်အငယ် ဆုံး ဘီလျံနာဖြစ်သွားတယ်။ (မဆုထက် ၁နှစ်ပဲကြီးတယ်။ ဟိဟိ)။ ပြောချင်တာက သူ သာ ပိုက်ဆံမရှိခဲ့ဘူးဆိုရင် ဘယ်လောက် smart ဖြစ်နေပစေ လွယ်လွယ်ကူကူ အချိန် တိုတိုအတွင်း ဒီ အနေအထားရောက်ဖို့မဖြစ်နိုင်ဖို့များပါတယ်။
ထို့အတူပဲ ဦးဘ နဲ့ ဦး မြရှိတယ်ဆိုပါတော့။ နှစ် ယောက်စလုံးက တက္တစီမောင်းရင်း အသက်မွေးဝမ်းကျောင်းရတယ်။ ဒါပင်မဲ့ မတူတာက ဦးဘ က ကိုယ်ပိုင် တက္ကစီမောင်းပြီး ဦးမြက သူများစီက အုံနာကြေးပေးပြီး ငှားမောင်းရတယ်။ အဲ့ဒီတော့ ဦး ဘက ကိုယ်ပိုင်တက္ကစီဆိုတော့ အုံနာကြေးအတွက် ထည့်တွက်စရာမလိုပဲ အေးအေးဆေးဆေးမောင်းပြီး အိမ်စောစောပြန် လဲသူ့အတွက် အမြဲ ပိုက်ဆံ လုံလုံလာက်လောက်ရတယ်။ ဒါပင်မဲ့ ဦး မြကတော့ တစ်နေကုန် အသေအကြေ မောင်းလဲ အုံနာကြေးတောင် မရပဲဆီဖိုးပါ ထပ်စိုက်ရတဲ့ နေ့တွေ ရှိတယ်။ အချိန်ကုန်လူပင်ပန်းပြီး ငွေကြေးအမြတ်အစွန်း မရလုနီးပါပဲ။ အဲ့ဒါကို Unfair advantage လို့ခေါ်တာပေါ့။ “ဦးဘက ကိုယ်ပိုင်ကားရှိတယ်။ သူ ဦးမြလိုအရမ်းပင်ပင်ပန်းပန်းနဲ့ ကားမောင်းစရာမလိုဘူး။ လုံးဝမတရားဘူး။” အများတကာက လို့ပြောလို့ရတဲ့ အားသာချက် တစ်ခုလေ။ အဲ့ဒီတော့ ငွေကြေး ပိုင်ဆိုင်မှု (သို့) ငွေကြေး အထောက်အပံ့ရှိလေလေ မိမိအတွက် အားသာချက်များလေလေ ပါပဲ။ ပိုက်ဆံများများရှာနိုင်အောင် လုပ်ပါ။
အားလုံးကိုချစ်ခင် လးစားလျှက်
မဆု
မမျှတတဲ့အားသာချက်တေ
(The Unfair Advantage)
(Part - 2)
I – Intelligence and insight (အသိဉာဏ်)
အသိဉာဏ်ဆိုတာ ကျောင်းပညာရေးကိုဆိုလိုတာမဟုတ်ဘူး။ Book smart, street smart, လူမှုဆက်ဆံရေးနဲ့ တီထွင် ဆန်းသစ်မှု လို့ပဲအကြမ်းဖျင်းသတ်မှတ်ပါမယ်။ ဒီ ကျွမ်းကျင်မှုတွေက ကျောင်းမှာ မဟုတ်ပဲအပြင်လောကမှာ ပတ်ဝန်းကျင်ကိုအမြဲ သတိထားအကဲဖြတ်ရင်း တိုးလာတဲ့ ကျွမ်းကျင်မှု တွေဖြစ်တယ်။
Book smart ဖြစ်ဖို့ဆိုရင် စာများများဖတ်ပြီး လေ့လာသုံးသပ် နေရပါတယ်။ မဆု အနေနဲ့ ပြောရရင် အခု ၂၀၂၀ နောက် ပိုင်းမှာ Self-help စာအုပ်တွေ အရမ်းဖတ် ပြီး အပြင်လောကနဲ့ ဆက်ဆက် တွေးတယ်။ လူတွေ ရဲ့ behavior တွေလိုက်လေ့လာပြီး သူတို့နဲ့ သတ်ဆိုင်တဲ့ Psychology ကို internet ကနေ လေ့လာပြီး နားလည်အောင်လုပ်တယ်။ ခုနောက်ပိုင်းဆို လူတစ်ယောက်ကို ၂ မိနစ်လောက် စကားပြောကြည့်တာနဲ့ တင် သူ့မှာ ဘယ်လို mental disorder ရှိတယ် ဆိုတာ ကအစခန့်မှန်းတက်နေပြီ။ အခုခတ်မှာ လုပ်တက်ရင် street smart ဖြစ်တာနဲ့ တင် အောင်မြင်တဲ့ Career (သို့) လုပ်ငန်း တစ်ခုတည်ဆောက်လို့ရနေပါပြီ။ high school တောင် မပြီးသေးတဲ့ လူ တစ်ယောက် က Book smart တကယ်ဖြစ်ရင် ဘွဲ့တွေ တသီတန်းကြီးယူထားတဲ့သူတွေထက် အများကြီး သာတယ်။ သူတို့ကို ဂျင်းသွားထည့်လို့မရဘူး။ မဆုသူငယ်ချင်းတစ်ယောက်ဆို high school ပြီးသွားတော့ တက္ကသိုလ်မတက်နိုင်တော့ သူ့ဟာ သူ အင်တာနက်က coding and programing လေ့ လာပြီး IT လောကထဲမှာ အလုပ်လုပ်နေတာ အခုဆို အသက်ငယ်ငယ်နဲ့ ရာထူးတော်တော် မြင့်တဲ့ နေရာတစ်ခုရောက်နေပြီ။
အားလုံးကို ချစ်ခင်လေးစားလျက်
မဆု
မမျှတတဲ့ အားသာချက်တွေ
(The Unfair Advantage)
(Part - 3)
L – Location and luck (နေရာဒေသ နှင့် ကံ)
ဒီ The Unfair Advantage စာအုပ်မဖတ်ခင် ကတည်းက မဆု ဦးနှောက်ထဲမှာ Environment can shape me ဆိုတဲ့ notion ကရှိပြီးသာပါ။ မှန်ကန် သင့်တင့်တဲ့ ပတ်ဝန်းကျင်မှာ မိမိကိုယ်ကိုယ်ထားရင် မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ၊ လေ့လာသင်ယူမှု၊ ခန္ဓာကိုယ်ကျမ်းမာရေးအစရှိသည်ဖြင့် အဖတ်ဖတ်က Growth ဖြစ်နေမယ်။ ထို့အတူပဲ အဆိပ်သင့်နေတဲ့ ပတ်ဝန်းကျင်မှာဆို deplete (ဆုတ်ယုတ်) ဖြစ်မယ်။ ဒီ concept က အခု The Unfair advantage စာအုပ်ထဲမှာ ပြောထားတာနဲ့ အတူတူပါပဲ။ သူကတော့ လတ်တွေ့ပိုဆန်တာပေါ့။ မိမိရှိနေတဲ့ နေရာဒေသဟာ မိမိ လုပ်ငန်း တိုးတက်မှအတွက် မှန်ကန်တဲ့ နေရာဒေသဖြစ်ဖို့လိုအပ်တယ်။ နေရာဒေနဲ့ ကံ ဟာလဲ တိုက်ရိုက်ဆက်စပ်မှုရှိတယ်။ Tech လောကမှာဆိုရင် အောင်မြင်ဖို့ အလားအလာ အများဆုံး နေရာက Silicon Valley ဖြစ်ပါတယ်။ Silicon Valley မှာ ကမ္ဘာ့ ထိပ်တန်း Tech company တွေ အခြေစိုက်ပါတယ်။ Meta (Facebook), Apple, Google, Microsoft, eBay, အစရှိသည်ဖြင့်။ မိမိ လုပ်ငန်း မှာဆိုလည်းတည်နေရာဟာ အချက်အချာ ကျတဲ့ နေရာဆို Traffic (လူအလာ) များမယ်။ မိမိ ရောင်းတဲ့ service (သို့) ကုန်ပစ္စည်းက ဘယ်လောက် Quality အရမ်းကောင်းနေပါစေ မိမိ ဖွင့်ထားတဲ့ ဆိုင် က ခေါင်တဲ့ နေရာမှာဆို လူအလာနည်းတဲ့ အတွက်ကြောင့် ထင်သလောက် ပေါက်မှာ မဟုတ်ဘူး။ လိုရင်းပြောရရင်တော့ မိမိ ဘ၀ (သို့) လုပ်ငန်းတိုးတက်ဖို့အတွက် မှန်ကန်တဲ့ နေရာဒေသ ကိုရွေးချယ်ဖို့လိုပါတယ်။ ပြောင်းသင့်ရင် ပြောင်းဖို့ဝန်မလေးပါနဲ့။
အားလုံးကို ချစ်ခင်လေးစားလျက်
မဆု
E – Education and expertise (ကျောင်းပညာရေးနှင့် ကျွမ်းကျင်မှု)
ဒီ concept ကတော့ လူကာသိပြီးသားနဲ့တူပါတယ်။ မိမိရဲ့ ပညာအရည်အချင်း Background က မိမိ အောင်မြင်ဖို့အတွက် အဓိကကျတဲ့ ထောက်တိုင် တစ်ခုပဲ။ မြန်မာနိုင်ငံမှာဆို တချို့ တွေက ဘွဲ့ ကို အနာဂါတ်မှာ အလုပ်လုပ်ဖို့ယူတာမဟုတ်ဘူး အိမ်ထောင်ပြုရင် နောက်မှာ အမြှီးရှည်အောင်ယူကြတာ။ ဘေးစနက်မှာ လဲ ဒီသဘောပဲ။ မိမိ ရဲ့ ဘွဲ့ လက်မှတ် က Harvard တို့Cambridge တို့ Stanford တို့ဖြစ်နေရင်မိမိ လိပ်စာကဒ်ထဲ မှာ မိမိ နံမယ်ရဲ့ အနောက်မှာ ကွင်းစအပိတ်အဖွင့်နဲ့ သာထည့်ရေးလိုက်။ ဒီ လိပ်စာကဒ် ကို ကြည့်လိုက်တာ နဲ့ တင် တစ်ဖက်လူက တော်တော် အထင်ကြီးသွား ပြီ။ အဲ့ဒါကြောင့် Credibility (အများသူငါရဲ့ ယုံကြည်စိတ်ချရမှု) ကို အသည်းအသန် လုပ်ယူစရာမလိုပဲ လွယ်လွယ်ကူကူတည်ဆောက်နိုင်ပါတယ်။ အလုပ်ခွင်မှာလဲ ဒီသဘောပဲ။ နိုင်ငံခြားမှာကျောင်းတက်ပြီးပြန်လာတဲ့ Repat တွေဆို ဒေါ်လာထောင်နဲ့ ချီပြီး ရပင်မဲ့ မြန်မာနိုင်ငံမှာ ဘွဲ့ ရတဲ့ ရိုးရိုးသာမာန် ဝန်ထန်းတွေက ဒေါ်လာ ၂၀၀ ဝန်းကျင်လောက်ပဲ ရကြတယ်။ အဲ့သဘောကို နားမလည်ပဲ ဂျေဒိုးနပ်စားတဲ့ မြန်မာ ဝန်ထမ်းတွေ ကလဲဒုနဲ့ ဒေးပေါ့။ သူ တို့ကျတော့ သေအောင် လုပ်ရပြီး နိုင်ငံခြားပြန်တွေကျတော့ ဖောရှောလေးနဲ့ ဒေါ်လာတွေသဲ့ ပြီးယူနေတယ်ပေါ့။ မည်သို့ပင်ဆိုစေကာမူ ဒါအမှန်တရားပဲ။ လက်ခံလိုက်လေ။ မကျေနပ် ရင် ပိုက်ဆံစုပြီး နိုင်ငံခြား က Institution တစ်ခုခု မှာ Diploma တစ်ခုလောက် သွားယူပြီးပြန်လာလိုက်။
နောက်ဥပမာတစ်ခု ပြောရရင် မဆုဟာ ပညာရေးနယ်ပယ်မှာ ပိုမိုနှံ့စပ်တယ်။ online course တွေ လည်း ဖန်တီးတက်တယ်။ အဲ့ဒါကြောင့် မဆု လုပ်ငန်းစလုပ်တော့မယ်ဆိုရင် မဆုကျွမ်းကျင်တဲ့ ပညာရေးနယ်ပယ်ထဲက ဖြစ် သင့်တယ်။ မော်တော်ကားစက်ပစ္စည်း ရောင်းဝယ် ပြီး servising လုပ်တဲ့ ဝေါ့ရှော့ သွားဖွင့်လို့မရဘူး။ မဆု တစ်ခု မှမသိဘူး။ နားလဲ မလည်သလို စိတ်လည်းမဝင်စားဘူး။ ဒီ ကားစက်ပြင် လုပ်ငန်းထက် စာသင်တဲ့ လုပ်ငန်းလုပ်မှ ပိုခရီးရောက်ဖို့ အလားအလာရှိမယ်။
မမျှတတဲ့ အားသာချက်တွေ
(The Unfair Advantage)
(Part - 5)
S – Status (လူ့အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု သို့မဟုတ် အဆင့်အတန်း၊ ဂုဏ်)
Status ကတော့ အပေါ်က ပြောခဲ့တဲ့ ထောက်တိုင်အားလုံးနဲ့ ဆက်စပ်နေတယ်။ ပိုက်ဆံအများကြီးရုတ်တရက်ရှိလာရင် ပိုက်ဆံရှိတဲ့ သူတွေ ရဲ့ အသိုင်းအဝိုင်းထဲ ပစ်ဝင်လို့ရတယ်။ ထို့အတူပဲအခြားနယ်ပယ်တွေမှာ မိမိ score မြင့်နေရင် လဲ လူ တွေရဲ့ အသိအမှတ်ပြုမှုနဲ့ လူမှု အဆင့်အတန်း က ယေဘုယျအားဖြင့် မြင့်သွားမှာပါပဲ။ အဆင့်အတန်း မြင့်တဲ့ လူ့အသိုင်းအဝိုင်းထဲမှာ နေရာတစ်နေရာ စာရပြီးသားပဲ။ မယုံမရှိနဲ့ ကြိုးစားကြည့်။
Look (or) Physical appearance
ဒီအချက်က MILES framework ထဲမှာ မပါသလို စာအုပ်ထဲကလဲမဟုတ်ဘူး။ မဆုဘာသာအပြင်လောကမှာ သူများအားသာချက်တွေ ကိုယ့်အားသာချက်တွေ လိုက်ကြည့်ရင်း ဖော်ထုတ်ထားတာ။ မိမိ ရဲ့ ရုပ်ရည် အသွင်အပြင် ဟာ Business, career, social and relationships တွေ မှာ အရမ်းအရေးကြီးတယ်နော်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မတို့လူသားတွေ မှာအမြင်အာရုံက ကျွန်မတို့ရဲ့ ဆုံးဖြတ်ချက်တော်တော် များများ မှာ အဓိဇာတ်ကောင်ဖြစ်နေလို့ပဲ။ ကျွန်မတို့မျက်စိထဲမှာကြည့်ကောင်းနေရင် ထိုအရာကို unconsciously bias ဖြစ်သွားတက်တယ်။ သိပ်မစဉ်းစားပဲ ရွေးလိုက်တယ်။ အမြင်နဲ့ ဆုံး ဖြတ် တာများကြတယ်။ ဒါကြောင့် မိမိ ရဲ့ ရုပ်ရည် ဟာ အများမျက်စိထဲမှာ ပြေပစ် နေရင် မိမိလုပ်ငန်းမှာ ရောအလုပ်ခွင် မှာပါ အသုံးတည့်တယ်နော်။ ဥပမာမပြောရရင် ကျော့ရှင်းလှပနေတဲ့ မဆုကိုပဲ ကြည့် လေ။ (ဟိဟိ နောက်တာ)
မဆုအပေါ်က ရေးထားတာတွေကြည့်ပြီး ကျွန်တော်၊ ကျွန်မ မှာ တော့ ဒီ အားသာချက်တွေတစ်ခု မှ မရှိ ဘူး။ ရှိတဲ့ သူတွေ က တော့ အေးအေးဆေးဆေးလေး နဲ့ ဘဝကို ဖြတ်သန်းနေကြတာ လုံးဝမတရားဘူးလို့ ထိုင်ပြောနေဖို့မဟုတ်ပေါ နာ်။ သင်တို့ကံကောင်းသွားတာက ဒီအချက်တွေ အကုန်လုံးအခုသိသွားပြီ။ ဒါ့ အပြင် ဒီ အချက်တွေအကုန်လုံး က မွေးရာပါမဟုတ်လဲ ကိုယ်စွမ်းကိုယ်စနဲ့ မြှင့်တင်လို့ရတယ်ဆိုတာပဲ။ ဒီလိုကြိုးစားပြီးလုပ်ယူလေလေ သင့်အားသာချက်က များလေလေဖြစ်မှာ။ အဲ့လို မဟုတ်ပဲ ဒီအားသာချက်တွေကိုပို အားသာလာအောင် လေ့လာကြံစလုပ်ဆောင်မှုတွေ လုပ်မနေပဲ အချိန်ဖြုန်းနေမယ်ဆို ဘဝမှာ နောက်ကောက်ကျကျန်ခဲ့မှာပါပဲရှင်….
အပေါ်ဆုံးမှာပြောခဲ့တဲ့ ၁၀ တန်း ၆ဘာသာဂုဏ်ထူးရှင် အကြောင်းနဲ့ ဆက်ဆက်ပြီးပြောရရင် ဒီကလေးက အခုလောလောဆယ် မှာ စာရေးစာချီဝင်လုပ်လည်း ဘာဖြစ်လဲ။ သူ့မှာ Intelligence, Education နဲ့ ၆ဘာသာဂုဏ်ထူးရှင် ဆိုတဲ့ ဂုဏ်ပုတ် (Stauts) တွေ Unfair advantages တွေ ရှိနေ တော့ သာမာန်စာရေးစာချီတွေ ကိုအချိန်တိုတိုနဲ့ ကျော်တက်ပြီး နေရာတစ်နေရာကို လွယ်လွယ်နဲ့ မြန်မြန်ဆန်ဆန်ရောက်နိုင်တာပဲ။ အခုရောက်နေတဲ့ နေရာဟာဘဝကြီးတစ်ခုလုံးရဲ့ အစက်လေးတစ်စက်ပဲ။ ဘဝကြီးတစ်ခုလုံးကိုကိုယ်စားမပြုဘူး။ ဒါ့ကြောင့် မိမိရောက်တဲ့ နေရကနေ မိမိမှာ လက်ရှိ ရှိနေတဲ့ resources တွေ Unfair advantages တွေ နဲ့ ဆက်ကြိုးစားသွားရုံပဲ။
အားလုံးကို ချစ်ခင်လေးစားလျက်
မဆု